The Sharing Circle
“Life, Lessons & Growth 🌱
"ပိုကောင်းလာဖို့ အတူကြိုးစားကြမယ်”
ဒီည 9ခွဲ live မှာ ဆုံကြမယ်ဗျာ
ဒီသမိုင်းဖြစ်ရပ်ကနေ ကျွန်တော်တို့ သင်ခန်းစာယူစရာ အချက်အချို့ ရှိနေပါတယ်
၁။ အရင်းအမြစ် ရှားပါးမှုရဲ့ အကျိုးဆက်- နိုင်ငံတစ်နိုင်ငံရဲ့ စက်မှုကဏ္ဍကို ထိန်းသိမ်းဖို့ သယံဇာတ လိုအပ်ချက်ကနေတစ်ဆင့် ကျူးကျော်စစ်တွေ ဖြစ်ပေါ်လာတတ်တဲ့ သဘောကို တွေ့ရပါတယ်။
၂။ တွက်ချက်မှု မှားယွင်းခြင်း- ဂျပန်ဟာ အမေရိကန်ရဲ့ စစ်အင်အားကို ခဏတာ ဟန့်တားနိုင်ရင် သူတို့ရဲ့ နယ်ချဲ့စီမံကိန်း အောင်မြင်မယ်လို့ ယူဆခဲ့ပေမယ့် တကယ်တမ်းမှာတော့ ဒါဟာ အိပ်ပျော်နေတဲ့ ကျားကြီးကို သွားနှိုးလိုက်သလို ဖြစ်သွားပြီး အမေရိကန်ကို စစ်ထဲ အပြည့်အဝ ဆွဲသွင်းလိုက်သလို ဖြစ်သွားတာပါ။
၃။ စီးပွားရေး ပိတ်ဆို့မှုရဲ့ အာနိသင်- စီးပွားရေးအရ အကျပ်ကိုင် ပိတ်ဆို့မှုတွေဟာ တခါတရံမှာ ကြီးမားတဲ့ စစ်ပွဲကြီးတွေ ဖြစ်ပွားစေဖို့ တွန်းအားပေး သလို ဖြစ်သွားနိုင်ကြောင်း သင်ခန်းစာ ရလိုက်ရပါတယ်။
#𝗧𝗵𝗲𝗦𝗵𝗮𝗿𝗶𝗻𝗴𝗖𝗶𝗿𝗰𝗹𝗲
#𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲𝗦𝗵𝗮𝗿𝗶𝗻𝗴
#𝗟𝗶𝗳𝗲𝗜𝗻𝗧𝗵𝗮𝗶𝗹𝗮𝗻𝗱
05/02/2026
ကျွန်တော့် page မှာ ရှိတဲ့ follower တွေကို အသိပေးစရာလေး ရှိလို့ပါ။
ဒီ page ကို စပြီး ကြိုးစားထဲက Content creator တစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့ လိုအပ်တဲ့ Skill တွေ ဖြည့်နေတာ 6 လ ဝန်းကျင်လောက်ရှိပါပြီ။
စပြီး စိတ်ကူးပုံဖော်ခဲ့တာနဲ့ဆိုရင် 8 လ ဝန်းကျင်လောက်ရှိပါပြီ။
တဖက်မှာ လိုအပ်တဲ့ Skill ကို ဖြည့်နေတာနဲ့ တင် Creator အပိုင်းကို မရောက်တော့ဘူး ဖြစ်နေပါတယ်။
ဒါကြောင့်မို့ ကျွန်တော့်ရဲ့ Tutorial Video တွေကိုလည်း အလျင်းသင့်ရင် သင့်သလို တင်ပါမယ်နော်။
Tutorial တွေဆိုပေမဲ့ အကောင်းဆုံး ကြိုးစားပြီး တင်မှာဖြစ်ပါတယ်။
1နှစ် ကျော်ဝန်းကျင်လောက်ဆိုရင် ပိုမိုကောင်းမွန်တဲ့ အခြေနေတခုကို ရောက်မယ်လို့ ယုံကြည်ပါတယ်။
အားပေးဝန်းရံကြတဲ့ မိတ်ဆွေ တဦး တယောက်ချင်းဆီတိုင်းကို အထူးကျေးဇူးတင်ပါတယ်။
ပုံကတော့ ဒီဘက်ဖုန်းထဲမှာ တင်စရာမရှိလို့ ရှိတဲ့ ပုံလေးတင်လိုက်ပါတယ်။
#𝗧𝗵𝗲𝗦𝗵𝗮𝗿𝗶𝗻𝗴𝗖𝗶𝗿𝗰𝗹𝗲
#𝗦𝗲𝗹𝗳𝗗𝗲𝘃𝗲𝗹𝗼𝗽𝗺𝗲𝗻𝘁
#𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲𝗦𝗵𝗮𝗿𝗶𝗻𝗴
မြန်မာနိုင်ငံရဲ့ အကြောင်းကို လေ့လာကြည့်တဲ့အခါ အဓိက တွေ့မြင်နိုင်တဲ့ အချက်တွေကတော့ ပထမဆုံးအနေနဲ့ မဟာဗျူဟာကျတဲ့ ပထဝီဝင် အနေအထားပါပဲ။
အင်အားကြီးနိုင်ငံတွေကြားမှာ တည်ရှိနေပြီး သယံဇာတ အဆမတန် ပေါကြွယ်ဝတာဟာ နိုင်ငံအတွက် ကြီးမားတဲ့ အလားအလာတွေ ရှိနေတာကို ပြသနေပါတယ်။
ဒုတိယအချက်ကတော့ သဘာဝဘေးအန္တရာယ် စိန်ခေါ်မှုပါ၊ ကျောက်ချပ်လွှာတွေ တိုက်မိတဲ့နေရာမှာ ရှိနေတာကြောင့် ငလျင်အန္တရာယ်ကို အမြဲသတိပြုနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။
တတိယအချက်ကတော့ ယဉ်ကျေးမှုနဲ့ လူမျိုးစုပေါင်းစုံ စုစည်းနေထိုင်မှုပါ၊ ဒါဟာ နိုင်ငံရဲ့ အလှတရားဖြစ်သလို တစ်ဖက်မှာလည်း စည်းလုံးညီညွတ်မှု တည်ဆောက်ဖို့ လိုအပ်နေတဲ့ အချက်လည်း ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ကတော့ ပေါကြွယ်ဝတဲ့ သယံဇာတတွေ ရှိနေပေမဲ့ အခြေခံအဆောက်အအုံနဲ့ စီးပွားရေးပိုင်းမှာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စိန်ခေါ်မှုအများကြီးကို ကျော်ဖြတ်ရဦးမှာ ဖြစ်ပါတယ်။
#𝗧𝗵𝗲𝗦𝗵𝗮𝗿𝗶𝗻𝗴𝗖𝗶𝗿𝗰𝗹𝗲
#𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲𝗦𝗵𝗮𝗿𝗶𝗻𝗴
#𝗟𝗶𝗳𝗲𝗜𝗻𝗧𝗵𝗮𝗶𝗹𝗮𝗻𝗱
အချင်း ချင်း အားပေးရင်း မနက်ဖြန်တွေကို တူတူ ရင်ဆိုင်ကြတာပေါ့🥰
#အပြုံးမပျက်အိမ်ပြန်ကျမယ်
#𝗧𝗵𝗲𝗦𝗵𝗮𝗿𝗶𝗻𝗴𝗖𝗶𝗿𝗰𝗹𝗲
#ကြယ်လေးများ
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
63110