M2TV Channel
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from M2TV Channel, Media, Baltimore, MD.
06/10/2026
◼️MVI-Australia မှ Dr.Lianhmungsakhong အားလက်ခံတွေ့ဆုံ
==========================================
▪️Maraland Vision International (MVI-Australia OB) မှ Dr.Lianhmungsakhong (CNA/F, NUG) အားMelbourne, Australia တွင် ဇွန်လ(၉) ရက်နေ့လက်ခံတွေ့ဆုံခဲ့ကြောင်းသိရှိရပါသည်။
▪️ယခုတွေ့ဆုံမှုကို Lianhmungsakhong နှင့် Victor Khaisâ တို့မှတွေ့ဆုံရန်ပြောဆိုလာပြီးနောက် MVI-Australia OB အဖွဲ့မှအလွတ်သဘောရင်းနှီးစွာတွေ့ဆုံခြင်းဖြစ်ကြောင်းသိရှိရပါသည်။ MVA OB မှမိတ်ဆွေကဲ့သို့သော်လည်းကောင်း၊ CNA/F ထိတ်ပိုင်းတာဝန်ရှိခေါင်းဆောင်များဟုသဘောထားကာ အလွတ်သဘောတွေ့ဆုံ့ခြင်းဖြစ်ကြောင်းပြောဆိုထားပါသည်။ MVI-Australia မှာ Mara Charter အရ MTC/MDF ၏ တရားဝင်နိုင်ငံတကာထောက်ပို့ရေးနှင့်ဆက်ဆံရေး Australia ဌာနတစ်ခုဖြစ်ကြောင်းသိရှိရပါသည်။
▪️ Dr.Lianhmungsakhong မှာ NUG ဝန်ကြီးတစ်ဦးဖြစ်သလို CNA/F ထိတ်ပိုင်းခေါင်းဆောင်တစ်ဦးလည်းဖြစ်သော ဇိုဖေ(ချင်း)အမျိုးသားတစ်ဦးဖြစ်ပါသည်။ “ဇိုးဖေလူမျိုးစု”မှာ မရာ လူမျိုးနှင့် ဘာသာ စာပေ အလွန်အမင်းနီးစပ်ပြီး Mizoram ပြည်နယ် မရာ MADC တွင်များစွာနေထိုင်ကြကာ “မရာလူမျိုးအစုအနွယ်ဝင်”ဟုခေါ်တွင်အသိအမှတ်ပြုထားကြပါသည်။ သို့သော် Chin(မြန်မာ ချင်းပြည်နယ်) ၌တွင်မူ မိမိကိုယ်ကို “ဇိုဖေ”ဟုမခေါ်တွင်ဘဲ Lai(လိုင်း လူမျိုး) ဟုခေါ်ဆို ခံယူကြပါသည်။ ဇိုးဖေလူမျိုးစု တွင်ပညာတက်များစွာထွန်းကားနေသော်လည်း ကိုယ်ပိုင်မြို့အုပ်ချုပ်ခွင့်ရဒေသရရှိရေး ယနေ့တိုင်ရုန်းကန်နေကြရဆဲဖြစ်ပါသည်။
*************************************
🔺မရာစာဖြင့် မူရင်း
Maraland Vision Australia OB nôpawzy nata Dr. Lianhmungsakhong nata Victor Khaisâ atyhna hneipa achâ.
Amolâ tawta appointment miah ama taopa hawta Keimo lâ taw chhaota eima daihti piehr’awpa ta apasaina eima vaw hnei thei hrapa achâ.
CNF/A liata hriatuhpa molaipazy ama châpa vâta eima pasâsapa vâta daihti eimâ paruapa châ chhaichai hlei leipata eima Chyhsa zy hawta eima hmópa vâta eima palôrupa chhôh chaipa tawta eima pasôna he eima daihti sôhpa eima hmâkheina he arônah tah nata , Daihti avawpie thei tuhpa MVA OB nôpawzy chô liata eilyna bie eirei hmeihseih y.
Ref: Silao Chozah
ဇွန်လ ၁၀.၂၀၂၆
M2TV Channel
Click here to claim your Sponsored Listing.