Learn.AI

Learn.AI

Share

A deep learning researcher, passionate about cutting-edge technology and solving real-world problems

07/13/2023

အခုနောက်ပိုင်း Chat GPT ကို သုံးတဲ့အခါ
စာအရှည်တွေ မေးလို့ရတယ်
Internet Plug in , Code Interpreter လို
Features အသစ်တွေသုံးလို့ရလာတယ်
ဆိုပေမဲ့

Chat GPT ထွက်ကာစတုန်းကလောက်တောင်
အဖြေတွေက သိပ်မတိကျတာ
အဆင်မပြေတာ သတိထားမိလား ?

Open AI ရဲ့ အတွင်းလူတွေနဲ့
AI Expert တွေ သုံးသပ်ထားတာကတော့

Chat GPT ကို အသုံးပြုတဲ့သူတွေ
အရမ်းများတဲ့အခါ
ဒီမေးခွန်းတွေကို ဖြေပေးဖို့
အသုံးပြုရတဲ့ computation cost အရမ်းများလာတဲ့
အတွက်
ရေရှည်လည်ပတ်နိုင်ဖို့ စရိတ်လျှော့တဲ့ အနေနဲ့

Chat GPT ကို Run တဲ့ အခါ
GPT 3.5 , GPT-4 (Large Foundation models) တွေလို
နယ်ပါယ် အမျိုးမျိုး data အချက်အလက်
အမျိုးကို Train လုပ်ထားတဲ့
Model size အကြီးတွေကို
အသုံးပြုမဲ့ အစား

သူတို့ရဲ့ version အသေးစား
expert AI model တွေကို
နယ်ပါယ် အသီးသီးအတွက်
(Fine Tuned) သီးသန့် ပြန်လည်ဖန်တီးထားပြီး

User က chat GPT ကို မေးခွန်းမေးတဲ့ အခါ

သက်ဆိုင်တဲ့ topic ကို
သက်ဆိုင်တဲ့Expert Model အသေးလေးတွေက
စုပေါင်း ဖြေပေးတဲ့
Mixture of Expert (Moe) ဆိုတဲ့
Technique ကိုသုံးထားတယ် လို့ပြောကြတယ်

Open AI ကတော့ မငြင်းသလို ဟုတ်တယ်လို့လဲ
ဝန်မခံထားသေးဘူး

ပိုကောင်းတာကတော့ Response ပိုမြန်လာတယ်
Image , Audio , Video စတဲ့
Data အမျိုးမျိုးကို အသုံးပြုပေး
မေးလို့ရလာတယ်
လုပ်ဆောင်မှုတွေ ပိုများလာတယ်

ဒါပေမဲ့ စဉ်းစားဖြေရှင်းရခက်တဲ့
Reasoning နဲ့ ပါတ်သက်တဲ့
ပြသနာတွေကို ဖြေရှင်းတဲ့ အခါ စွမ်းဆောင်ရည်
ကျလာတယ်

Official white paper ထွက်မှပဲ GPT-4 ရဲ့
Architecture ကို တိတိကျကျသိရမယ်ထင်တယ်

Short Courses 07/11/2023

လက်ရှိနဲ့ အနာဂါတ်မှာ AI နဲ့ ပါတ်သက်တဲ့
Career ကို သွားမယ်ဆိုရင်
အရင်လို Computer Vision Specialist, Natural Language Processing (NLP) Specialist ဆိုပြီး
Career branch တွေခွဲနေလို့ မရတော့ဘူး

Generative AI နည်းပညာ ကို အခြေခံထားတဲ့
GPT-4 , Clip စတဲ့ Foundation Model တွေက
Language, Visual အားလုံးကို
ဖန်တီးနိုင်တဲ့ Multi modality AI တွေ ဖြစ်တော့
Generative AI ဆိုတဲ့ နည်းပညာကို
နားလည်ထား အသုံးချတက်မှ
နည်းပညာထဲမှာ ရပ်တည်ဖို့လွယ်လိမ့်မယ်

Gen AI ကို အသုံးချဖို့ က လွယ်ပေမဲ့
သေချာနားလည်ပြီး career တစ်ခု အနေနဲ့
ရှေ့ဆက်ချင်ရင်တော့
အခြေခံသဘောတရားတွေ အလုပ်လုပ်ပုံတွေ
နားလည်ဖို့ လိုတယ်

အောက်က Link မှာ Andrew Ng ရဲ့
Gen AI နဲ့ ပါတ်သက်တဲ့
ပြီးခဲ့တဲ့ ရက်ပိုင်းတွေကမှ ထွက်ထားတဲ့
High Quality Course တွေက နေ လေ့လာလို့ရတယ်

Short Courses Take your generative AI skills to the next level with short courses from DeepLearning.AI. Enroll today to learn directly from industry leaders, and practice generative AI concepts via hands-on exercises. Available free for a limited time.

The AI Learning Curve: Do You Really Need Maths to Get Started? 02/28/2023

The AI Learning Curve: Do You Really Need Maths to Get Started? AI is one of the most exciting and rapidly evolving fields today, and it has the potential to change the world in countless ways. But for…

Want your school to be the top-listed School/college in Chicago?
Click here to claim your Sponsored Listing.

Category

Address


Chicago, IL