Lay phyu Songs

Lay phyu Songs

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lay phyu Songs, Musician, Dallas, TX.

07/11/2025

ရခိုင်လက်နက်ကိုင် AA က လက်နက်ကိုင် ၂၃ ဖွဲ့ကို လက်နက်​ထောက်ပံ့ ကူညီတဲ့အ​ပေါ် သုံးသပ်ချင်ပါတယ်

ရခိုင်လက်နက်ကိုင်ထဲက တစ်ခုဖြစ်တဲ့ AA ဟာ မှိုလိုပေါက်တဲ့ လက်နက်ကိုင် အဖွဲ့တွေကို လက်နက်ထောက်ပံ့ကူညီထားတာ အဖွဲ့ပေါင်း ၂၃ ဖွဲ့ရှိတယ်လို့ ရခိုင်မီဒီယာတွေမှာ ဖော်ပြတာ တွေ့ရတယ်။

သူတို့အကူအညီပေးတဲ့ အဖွဲ့တွေကို ကြည့်လိုက်ရင် ဗမာ နဲ့ ချင်းတွေ ဖြစ်တယ်။ အဲ့ဒီထဲက ပြန်ကြည့်ရင် လူနည်းစုထောက်ခံမှု ရတဲ့အဖွဲ့တွေဖြစ်တယ်။ လူမျိုးကိုယ်စားပြုတွေလည်း မဟုတ်ပြန်ဘူး။ ဒီနေရာမှာ KIA နဲ့ ကွာခြားနေတယ်။ KIA က ကူတဲ့အဖွဲ့ကတော့ လူမျိုးကိုယ်စားပြုတွေပဲ ကူညီတယ်။
ဥပမာ PDF တွေ မှိုလို ပေါက်ပေမယ့် ဗမာလူထုလေးစားတဲ့ NUG လက်အောက်ခံ တွေပဲ ကူညီနေတာ တွေ့ရတယ် ။

AA ဟာ နိုင်ငံရေးကို စစ်ရေးနဲ့ဖြေရှင်းရတာကို ပိုယုံကြည်နေပုံရတယ်။ သူ့ရဲ့နိုင်ငံရေးကလည်း တိုင်းရင်းသားတွေနဲ့ မတူတာတွေ့ရတယ်။ ရက္ခိတ လမ်းစဉ်လို့သာ အတိုချုပ်နဲ့ ပြောလို့ရှိတယ်။ ဘယ်လိုပဲ ဖြစ်သူ့ရဲ့နိုင်ငံရေး လမ်းစဉ်ကိုတော့ မဝေဖန်လို့ပါ။ ဒါပေမယ့် လက်နက်ကိုင်တွေကို လက်နက်ထောက်ပံ့တာဟာ ဖြစ်လာမယ့် ပြဿနာတွေဟာ သူတာဝန်ယူနိုင်မလားဆိုတာပဲ။

သူထောက်ပံ့ထားတဲ့ လက်နက်ကိုင်တွေကရော AA စကားကို နားထောင်ကြမှာလား။ AA ထောက်ပံ့ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေက သူတို့လူမျိုးအချင်းချင်းကြား မညီမညွတ် ဖြစ်စေလာမယ်ဆိုတာ ကျိန်သေပါတယ်။ ချင်းမှာ ချင်းအချင်းချင်းကြား ပြဿနာ ဖြစ်လာမယ်။ ဗမာဆိုလည်း ဗမာ အချင်းချင်းကြား ပြဿနာ ဖြစ်လာမယ်။ ဒါကို AA က ဘာပြောခွင့်ရှိမှာလဲ။

လက်နက်ထောက်ပံ့ခံရသူတွေ အတွက်တော့ ကျေးဇူးရှင်လို့ သတ်မှတ်လို့ရကောင်းရနိုင်ပါတယ်။ လူမျိုးချင်းကြား ပြဿနာ ဖြစ်လာရင် AA ဟာ လူမျိုးချင်းကြား ပြဿနာ မီးမွှေးသူ အဖွဲ့ဆိုတာ သတ်မှတ်ရလိမ့်မယ်။ ထူးဆန်းတာက AA က ဒီ ၂၃ ဖွဲ့ကို လက်နက်တွေထောက်ပံ့ပြီး ဒီ ၂၃ ဖွဲ့က AA ရဲ့ ရခိုင်ပြည်နယ် တိုက်ပွဲမှာ ပါဝင် ကူမတိုက်ကြတာပဲ။

တော်လှန်ရေး မပြီးစေလိုပဲ တမင်ကြာအောင် လုပ်ထားတာလားလို့ မေးခွန်း ထုတ်ရလိမ့်မယ်။ တကယ်လို့ စားပွဲဝိုင်းမှာ အဖြေရှာရမယ် ဆိုရင် လူမျိုးကိုယ်စားမပြုတဲ့ အဖွဲ့တွေကို ဘယ်လို ဖြေရှင်းရမှာလဲ။ ဘာလို့လဲဆိုတော့ အင်အားကြီး တဲ့ KIA ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ဂွန်မော် ကတောင် နောက်ဆုံးမှာ စားပွဲဝိုင်းပေါ်မှာ ဖြေရှင်းရလိမ့်မယ်လို့ ပြောပါတယ်။

ဟိုဖက် ဒီဖက်အမြစ်ပြတ်ရမယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ လက်တွေ့ကျကျ ပြောသွားတာ။ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကတော့လူငယ်အကြိုက် စစ်ကိုစစ်နဲ့တူအောင် တိုက်ပြီး အနိုင်ယူစနစ်ကို သဘောကျသူ တစ်ဦးဖြစ်ကြောင်းတွေ့းတယ်။ ဒီနေရာမှာ AA ဒီလောက်လက်နက်တွေ ကူညီနိုင်တာ AA ဘာနဲ့ရပ်တည်နေသလဲ ဆိုတာမေးခွန်းထုတ်ရမှာပါ။

ခိုင်သုခ ကတော့ ချစ်ခြင်းမေတ္တာနဲ့ ကူညီတာလို့ပြောဖူးတယ်။ သူပြောတာ တစ်ခုရှိတယ် ရခိုင်ပြည်မှာ လက်နက်ကိုင် AA တစ်ဖွဲ့ပဲ ရှိရမယ်လို့ပြောပြီး ဘာလို့သူများပြည်မှာ လက်နက်ကိုင် အဖွဲ့များတာကို လက်ခံထောက်ပံ့နေသလဲ ဆိုတာ ကိုယ့်ဟာကို မေးကြတော့။ AA ရဲ့ လူမျိုးခြားတွေအပေါ် ရည်ရွယ်ချက်က ဘာလဲ။ ဒီအဖွဲ့တွေ အပေါ် AA ရဲ့ လက်နက်ထောက်ပံ့မှုကြောင့်
၁။ ကောင်းကျိုးခံစားရမှာလား။

၂။ ဆိုးကျိုးခံစားရမှာလား
ဆိုတာတော့..... See less

07/22/2024

ပြည်သူ မုန်းရင် ဖြေဆေး မရှိဘူး။ ဖက်ခွက်စား တွေ...

Photos from Lay phyu Songs's post 07/08/2024
03/26/2024

မြန်မာကတော့ covid ကတစ်မျိုး, မအလ က တမျိုး၊ အေမီဓျာန်က တမျိုး၊မသိအုံးဟ က တမျိုး၊ ဝေဝေမြင့်ကတမျိုး၊ အခုဒီကောင်ကပါ ထပ်တိုးလာပြီ

03/21/2024
Want your public figure to be the top-listed Public Figure in Dallas?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Dallas, TX