JustBegin Journey
သိပ္ပံပညာရပ်ဆိုင်ရာ အကြောင်းအရာများကို နားလည်လွယ်စေသော ပုံစံဖြင့် တင်ပြပေးမည့် channelတစ်ခု ဖြစ်ပါတယ်
01/09/2025
တစ်နေ့ထက် တစ်နေ့ ပြောင်းလဲလာတဲ့ ရာသီဥတု၊ မြင့်တက်လာတဲ့ အပူချိန်ကို ကျွန်တော်တို့ ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ကြမလဲ....
သစ်တော သစ်ပင်တွေဆိုတာ သဘာဝကပေးတဲ့ လက်ဆောင် (သို့) သဘာဝလေအေးပေးစက်တွေလို့ပြောရင် လွန်ရာကြနေမလား...
လွန် မလွန် ဆိုတာကို ကျွန်တော်တို့ ရိုးရိုးလေး တွေးကြည့်ရအောင်ဗျာ... ၂၀၂၄ ခုနှစ်ရဲ့ ဧပြီလမှာ အပူချိန် ၄၈.၂ ဒီဂရီ ဆဲလ်စီးယပ်စ် ရှိခဲ့တဲ့ ချောက်မြို့ဝန်းကျင် အတွင်း ကျွန်တော်တို့ သွားလာရုန်းကန်နေရတယ် လို့ မြင်ယောင်ကြည့်ရအောင်။
အပေါ်က နေမင်းကြီးရဲ့ မညှာမတာရက်စက်မှုအပြင် မြေကြီးကနေ တက်လာတဲ့ အပူချိန်ကလည်း မတွေးရဲလောက်အောင် ပူလောင်နေမှာ အသေအချာပေါ့ ။ ထိုအချိန်မှာပဲ ကံကောင်းလို့ အမေပြောတဲ့ အမောပြေလေးကို တွေ့လိုက်ရသလို ရွက်အုပ်ကြီးကြီးနဲ့ စိမ်းလန်းစိုပြေနေတဲ့ အပင်ကြီး တစ်ပင် တွေ့လိုက်ရရင်ဖြင့် ဘုရားက ပေးတဲ့ အိုအေစစ်လေး သို့ သဘာဝလေအေးပေးစက်လေးကို ရလိုက်သလို ခံစားသွားရမှာ မလွဲဧကန်ပေါ့နော့်...
ဒါနဲ့ ကျွန်တော်ပြောတဲ့ အမောပြေက သစ်ပင်တွေနော်... မြင်သာအောင်သာ ပြောပြရတာ... ဒါပေမဲ့ ကိုယ်တွေ့ဗျ ဟဲ ဟဲ စတာပါဗျာ...
ထားပါတော့ ဆိုလိုရင်းက သစ်ပင်တွေရှိတဲ့ နေရာတွေမှာ အပူဒဏ် ပိုသက်သာတယ်ပေါ့ခင်ဗျာ.။ ယေဘူယျအားဖြင့် သစ်ပင်တွေက သဘာဝဖြစ်စဉ် ၅ ခုကနေ ရာသီဥတု ပြောင်းလဲမှုကို ကာကွယ်ပေးရင်း မြင့်တက်လာတဲ့အပူချိန်ကို ထိန်းညှိပေးပါတယ်။
၁။ သစ်ပင်တွေဟာ သူတို့ရဲ့ ရွက်အုပ်များမှ တစ်ဆင့် နေရောင်ခြည်ကို တိုက်ရိုက်ကာပေးပြီး အရိပ်ရစေခြင်းအားဖြင့် ပူပြင်းတဲ့ အပူချိန် ကို ထိန်းညှိလျှော့ချပေးပါတယ်။
၂။ သစ်ပင်တွေက သူတို့ရဲ့ အရွက်တွေကနေ ရေငွေ့များကို ထုတ်လွှတ်ပေးခြင်းဖြင့် ပတ်ဝန်းကျင်ကို အေးမြစိုစွတ် သာယာစေပါတယ်။ တစ်နည်းအားဖြင့် ပင်ရည်ပျံခြင်း (transpiration) လို့ခေါ်ပါတယ်။
၃။ ကမ္ဘာကြီး ပူနွေးမှုကို ဖြစ်စေတဲ့ အဓိက တရားခံတွေထဲ က တစ်ကောင်ဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် (ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့) ကို လေထုထဲမှ ဖယ်ရှားစုပ်ယူ သိုလှောင်ပေးခြင်းဖြင့် သစ်ပင်များသည် အပူချိန်မြင့်တက်စေမည့် အရာများကို လျှော့ချ ထိန်းညှိပေးပါတယ်။
၄။ အယ်လ်ဘီဒို သက်ရောက်မှု (albedo effect) - သစ်ပင် တွေရဲ့ အရွက်တွေက နေရောင်ခြည်နဲ့ နေအပူရှိန်ကို စုပ်ယူထားခြင်းမရှိဘဲ ရောင်ပြန်ဟပ်ထွက်စေတဲ့အတွက် ပတ်ဝန်းကျင် ကို အေးမြမှု ပေးစွမ်းနိုင်ပါတယ်။
၅။ သစ်ပင်တွေက တိုက်ခတ်လာသော လေပူများကို လေကာတန်းအဖြစ် အရှိန်လျှော့ချစေပြီး လေ အပူချိန်ကို လျှော့ချ ပေးပါတယ်။ ထို့အပြင် သစ်ပင်တွေက လေထုထဲမှ အမှုန်အမွှား၊ ဖုန် တွေကို သူတို့ရဲ့ အရွက်တွေ အခေါက်တွေမှာ ကပ်ညိစေခြင်းဖြင့် လေထုအရည်အသွေးကို မြင့်တက်စေပါတယ်။ သန့်ရှင်းကောင်းမွန်သော လေထုသည် အပူကို မသိုလှောင်ထားတဲ့အတွက် အေးမြသော လေထုကို ဖြစ်စေပါတယ်
ဆိုတော့ ကျွန်တော်က အပင် တွေ ပေါက်ရောက်နေတဲ့နေရာ တွေမှာ ကမ္ဘာ့မြေမျက်နှာပြင်အပူချိန်ကို ပိုပြီး လျှော့ချထိန်းညှိပေးနိုင်လောက်မယ် ဆိုတဲ့ သိချင်စိတ်နဲ့ သုတေသနတစ်ခုကို လုပ်ဖြစ်ခဲ့ပါတယ်။ Landsat 8 satellite imagery (ဂြိုလ်တု ဓာတ်ပုံ)တွေကို သုံးပြီးတော့ အပူပိုင်းဒေသတစ်ခုဖြစ်တဲ့ မကွေးတိုင်းဒေသကြီးကို လေ့လာဖြစ်ခဲ့ပါတယ်။ သုတေသန ရလဒ်ကတော့ ကြည်လင်တဲ့ ရေတွေပြည့်နေတဲ့ ကန် (နယူးဇီလန်က Blue Lake) ထဲက ရေ ထက်တောင် ပို ကြည်လင်ပြတ်သားပါသေးတယ်။ အရမ်းအညွှန်းတင်မိသွားပြီ ထင်တယ်...
ဘာပဲဖြစ်ဖြစ်ပါ ကျွန်တော့် သုတေသနကတော့ သစ်တော သစ်ပင်တွေ ထူထပ်ကောင်းမွန်လေ ကမ္ဘာ့မြေမျက်နှာပြင်ရဲ့ အပူချိန် လျော့လေ ဆိုတဲ့ အဖြေကို ရရှိခဲ့ပါတယ်။ ဒါဟာ အပူပိုင်းဒေသတွေ မှာ ရှိတဲ့ သစ်တော သစ်ပင်တွေရဲ့ အရေးကြီးဆုံးသော သဘာဝ ဝန်ဆောင်မှု ကို မြင်သာစေပါတယ်။
ဗြူးတီးခေါင်းလျှော်ရည်ဟာ...(ကြော်ငြာ) သုတေသနရဲ့ အသေးစိတ်ကို အောက်ဖော်ပြပါ ဝက်ဘ်ဆိုဒ် မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ် ခင်ဗျာ။ စာဖတ်ချိန် ၃မိနစ်ဝန်းကျင်လောက်ပဲ ကြာမှာဖြစ်ပါတယ်။
https://www.htinpawpyae.com/natures-air-conditioners/
ဆက်လိုက်ရအောင်... ကျွန်တော့် တစ်ဦးတည်း အမြင်အရ ဆိုရင် အနီးစပ်ဆုံး အနာဂတ်မှာ ရာသီဥတုတွေ ဖောက်ပြန်တာက ပိုဆိုးလာဖို့ ရာခိုင်နှုန်းများပါတယ်။ ဖောက်ပြန်လာတဲ့ ရာသီဥတုကြီးကို အနည်း အများမဆို ကာကွယ်ပေးနေတဲ့ အပင်တွေကို ကိုယ်နေထိုင်တဲ့ နေရာလေးတွေမှာ တတ်နိုင်သလောက် စိုက်ပျိုး ထိန်းသိမ်းနိုင်ကြရင် အတိုင်းထက် အလွန်ပေါ့ခင်ဗျာ။
အပင်ဆိုလို့ သစ်တော တွေပဲ မြင်ကြမှာလဲ စိုးရိမ်တယ်ဗျာ့... ဆိုလိုချင်တာ ခြံထဲ က အပင်၊ အိမ်ရှေ့က အပင်၊ လမ်းဘေးက အပင်၊ ဘုန်းကြီးကျောင်းဝန်းထဲက အပင်၊ လယ်/ယာထဲက အပင်၊ လမ်းထိပ်က အပင် စသဖြင့် အကုန်ဆိုလိုတာပါ။ ဆိုတော့ အခက်အခဲ အမျိုးမျိုးအောက်မှာ ရှင်သန်ရပ်တည်ရင်းနဲ့ သဘာဝကပေးတဲ့ လက်ဆောင်၊ သဘာဝလေအေပေးစက်လေးတွေကို မရှိတော့မှ လွမ်းရတာထက်၊ အကျိုးရှိရှိ အသုံးချပြီး ရာသီဥတု ပြောင်းလဲလာမှုဒဏ်ကို ရင်ဆိုင်ကြရအောင်လို့ တိုက်တွန်းရင်း နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ...
Nature's Air Conditioners: How Trees Regulate Land Surface Temperatures As our planet continues to warm, it's crucial to seek natural solutions to keep our spaces comfortable. Picture yourself walking under the relentless sun, desperately searching for a shady refuge. It feels like paradise when you finally discover a tree with a broad canopy and lush leaves, providing....
From Radar to Microwave Ovens: ဘယ်သူကများ ဘယ်လိုစိတ်ကူးနဲ့ Microwave Ovens တွေကို တီထွင်ခဲ့သလဲ 🤔
When were microwave ovens invented?
Who invented microwave ovens?
How do microwave ovens work?
Images created by ChatGPT from OpenAI
Click here to claim your Sponsored Listing.