JMJ
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from JMJ, Comedian, Los Angeles, CA.
03/07/2026
၁၀တန်းကို ၆ ဘာသာ ၂၃၉ မှတ်နဲ့အောင်လာတယ်။
ပါရဂူဘွဲ့ရတယ်။(မပေးရင်အတိုနဲ့ပစ်မယ်ဆိုလို့ပေးရတယ်)
စီးပွားရေးစီမံခန့်ခွဲမှုထူးချွန်တဲ့နေရာမှာ
နှစ်ယောက်မရှိဘူး
92 တစ်လီတာ ၃၅၀ကျပ်ကနေ ၃၅၀၀ဖြစ်အောင်လုပ်ပလိုက်တယ်။
ကော်ဖီမစ်တွေ တစ်ထုပ်၅၀ ကနေ ၅၀၀ဖြစ်အောင်လုပ်လိုက်နိုင်တယ်။
လက်ဖက်ရည်တစ်ခွက်၂၀၀ ကျပ် ကနေ ၁၂၀၀ဖြစ်အောင်စျေးမြောက်သွားအောင်လုပ်နိုင်တယ်။
ဘိလပ်မြေ တစ်အိတ်ကို ၅၀၀၀ကျပ်ကနေ ၃၀၀၀၀ကျော်သွားအောင်လုပ်တယ်။
ခေတ်အဆက်ဆက် ကရှေးဟောင်းယဥ်းကျေးမှုမြို့တော်ကို အသစ်ဖြစ်သွားအောင်ဆိုပြီး
ထုံးတွေကိုအရည်ဖျော်ပြီးသုတ်ပစ်တယ်။
ဒီလိုစီမံခန့်ခွဲမှုတွေနဲ့ပါရဂူဘွဲ့ကို ရတယ်ဆိုတဲ့နိုင်ငံမှာ ပါတိတ်ဝမ်းဆက်တစ်စုံကမ်းပေးရင်
စာမေးပွဲအောင်တဲ့လယ်ကွက်ထဲက
တက္ကသိုလ်မှာ ဒီလိုသောက်ရူးပုံစံနဲ့ဘွဲ့တက်ယူတာဆိုတာကအဆန်းတစ်ကြယ်မဟုတ်တော့ပါဘူး
ဇာတ်ပွဲထဲဝတ်စုံတွေဌါးပြီး
ဆင်တွေနဲ့ရှင်လောင်းလှည့်သလို
စာရွက်တစ်ရွက်သွားယူတာကို
အကျယ်ချဲ့တဲ့
သောက်ရူးကတစ်မျိုးလဲရှိသေးတယ်။
အေးပေါ့လေ
၆ဘာသာ ကို ၂၃၉မှတ်နဲ့လူတောင်
ပါရဂူ တက်ဖြစ်သေးတာပဲ
ဒီလိုအရူးတွေလဲရှိတာတော့
အဆန်းမဟုတ်တော့ပါဘူး
တစ်ကယ်မှားနေတာက ငါတို့တွေပဲလေ
ဒီလိုနိုင်ငံမှာလူဖြစ်လာတာကိုက
မှားနေတာဖြစ်တယ်။
တော်တော်ကျက်သရေတုံးတဲ့နိုင်ငံပါပဲ
02/26/2026
ကျော်သက်လင်း Kyaw That Lin
ကျော် သက် လင်း ရေ
ဒီ Post: ကို မင်းမြင်ပါစေ
ဖတ်ဖြစ်အောင်လဲ ဖတ်ပါလို့ ပြောချင်တယ်
နီးစပ်ရာလူတွေ ပို့ပေးလိုက်ကြပါအုံး
ကြည်ပြာ က🐕🐕🦺🦮မွေးနေ့ပွဲ လုပ်လို့
စပ်ပြီး မကျေနပ်တဲ့ သူတွေ
ကိုယ့်အိမ်ကိုပြန်နေလိုက်လေ ဒဲ့ပဲပြောတာ
အဲ့ဒီထက်ရှင်းတာ ကိုရှင်းအောင်တောင် ဒုက္ခတွေ့နေလို့
________________________________
ဆရာကြီးအကြောင်း အရှည်အရှည်တွေ ရေးရတာ
ဘာ အဓိပ္ပါယ်မှ မရှိဘူး။
ရှင်းပြနေရ ရင်ကို မဟုတ်တော့ဘူး။
ကျနော်တို့ Professional scope တွေအားလုံးမှာ
သူ့ သက်ဆိုင်ရာ ဌာနနဲ့သူ ဘယ်နိုင်ငံရောက်ရောက် သူ့အဆင်နဲ့သူ ရိုသေလေးစားမှု ဆိုတာရှိတယ်။
စစ်တပ် ဆိုလဲ ဒီလိုပဲ ဩဇီ စစ်တပ်က ဗိုလ်ချုပ်ကို အမေရိကန် စစ်တပ်က ဗိုလ်ချုပ်က လေးစားသမှုပြတာပဲ။
အင်ဂျင်နီယာ၊ ပညာရေးဝန်ထမ်း အားလုံးဒီလိုပဲ။
ဆရာဇော်ဝေစိုးဟာ ဖြောင့်မတ်တယ်။ ပညာအရည်အချင်းကို အပြင်လူတွေ မသိလို့ရေးပြမယ်။
M.B., B. S
M.Med.Sc. (Master of Medical Science in Orthopaedics): An advanced clinical degree specialized in orthopedic surgery.
Dr.Med.Sc. (Doctor of Medical Science in Orthopaedics): ဒါက နားလည်လွယ်အောင်ပြောရရင် ဆရာဝန်တွေရဲ့ PhD
FRCS (Glasg): Fellow of the Royal College of Physicians and Surgeons of Glasgow
Dip Med Ed. ဒါက ဆရာဝန်တွေရဲ့ BEd ဘွဲ့။
Project Professor - Okayama University Japan.
အတွေ့အကြုံအနေနဲ့ UK 1990s , 2000တို့မှာ Orthopaedic surgeon. အရိုးအကြောခွဲစိတ် အထူးကု
မြန်မာပြည်ရဲ့ ပထမဆုံးသော spine surgery . ကျောရိုးအာရုံကြောမကြီး ခွဲစိတ်သူ။
ဒီလိုလူမျိုး ဘယ်နိုင်ငံသွားသွား ဆေးဘက်ပညာမှာ အချင်းချင်း အလွန်လေးစား ဆက်ဆံခံရတဲ့သူ။
မြင်သာအောင် ကမ္ဘာ့စစ်တပ် ရာထူးတွေ နဲ့ နှိုင်းပြောရရင်
Field Marshal လောက်အဆင့်ရှိတယ်။
အမရိကန်စစ်တပ်မှာဆို five star general ကိုခေါ်တာ။
အဲ့လာက် ဆိုသဘောပါက်သင့်ပြီ။
#ဒီလိုလူမျိုး_ဒီဘဝမျိုးမှာနေတာ_ပြည်သူကိုချစ်လွန်းလို့။
တခြား ဘာအကြောင်းမှ မရှိဘူး။
ကိုယ်တွေလား ။
သူ့နေရာမှာဆို ကြိုက်တဲ့ နိုင်ငံမှာနေပြီး လခ အစွန်းထွက်လောက်လှူပြီး နာမည်ကောင်းဝင်ယူ နေလိုက်မယ်။
ဘယ်တောထဲမှလဲ မနေဘူး၊
ဘယ်နားမှလဲ ခေါင်းဝင်မခံဘူး၊
နိုင်ငံခြားတက္ကသိုလ်မှာ ပါမောက္ခ လုပ်၊
တဖက်က ခွဲစိတ်၊
တစ်နှစ်ဒေါ်လာ တသန်းပြေးမလွတ်ဘူး။
သူ့လို စွန့်လွှတ်နိုင်သူမျိုး မြန်မာပြည် ရှာမှ ရှား။
#မောင်ဝင်
Click here to claim your Sponsored Listing.