Baby Menu
Knowledge/ဗဟုသုတကို မျှဝေမည် 🥰
25/04/2026
🤰💛 ကိုယ်ဝန်သည်တွေ ဖောခြင်းက ဘာလို့ဖြစ်တာလဲ?
ကိုယ်ဝန်ဆောင်ချိန်မှာ လက်၊ ခြေထောက်၊ မျက်နှာဖောတာတွေ ဖြစ်နိုင်ပါတယ်။ အများအားဖြင့် ပုံမှန်ပြောင်းလဲမှုတစ်ခုပါ။
💧 ၁။ ရေဓာတ်ထိန်းထားမှု များလာတာ
– ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်က ရေဓာတ်ပိုသိမ်းထားတတ်ပါတယ်။
🩸 ၂။ သွေးပမာဏ တိုးလာတာ
– မိခင်နဲ့ ကလေးအတွက် သွေးပမာဏတိုးလာလို့ ဖောနိုင်ပါတယ်။
👶 ၃။ သားအိမ်ကြီးလာပြီး ဖိအားပေးတာ
– သားအိမ်ကြီးလာတာကြောင့် ခြေထောက်သွေးပြန်စီးဆင်းမှု နှေးသွားနိုင်ပါတယ်။
☀️ ၄။ အချိန်ကြာကြာရပ်ခြင်း / ပူတဲ့ရာသီဥတု
– ကြာကြာရပ်နေခြင်း၊ ပူနွေးခြင်းက ဖောပိုစေတတ်ပါတယ်။
🧂 ၅။ ဆားများလွန်းတဲ့အစားအစာ
– ဆားများရင် ရေဓာတ်ထိန်းထားမှု ပိုများနိုင်ပါတယ်။
💡 သက်သာစေဖို့အတွက်
✔️ ခြေထောက်မြှောက်နားပါ
✔️ ဘယ်ဘက်စောင်းအိပ်ပါ
✔️ ရေများများသောက်ပါ
✔️ လမ်းလျှောက်နည်းနည်းလုပ်ပါ
✔️ တင်းကျပ်တဲ့အဝတ်အစားရှောင်ပါ
❗ မျက်နှာ/လက် အဖော များလာခြင်း
❗ ခေါင်းကိုက်ပြင်းထန်ခြင်း
❗ မျက်စိမရှင်းခြင်း
❗ သွေးပေါင်တက်ခြင်း များဖြစ်လာလျှင် ဆရာဝန်ပြပါ။🚨
#ကိုယ်ဝန်ဆောင် #မေမေတို့စုံစည်းရာ #ကလေးအစာအာဟာရ ြည့်စွက်စာ #ကလေးကျန်းမာရေး #ဖြည့်စွက်စာ
19/04/2026
👶🍚 ဘေဘီ ထမင်းမစားချင်ရင် ဘာလုပ်ရမလဲ?
ဘေဘီလေးတွေ အစာမစားချင်တာက ပုံမှန်ပါပဲ 💛
ဒါပေမယ့် မေမေတို့ အနည်းငယ် ပြောင်းလဲပေးရင် စားချင်လာနိုင်ပါတယ်။
🍽 ၁။ အစားအစာကို လှလှပပ ပြင်ပေးပါ
– အရောင်စုံ၊ ပုံစံလေးတွေနဲ့ စိတ်ဝင်စားစေပါ။
⏰ ၂။ အချိန်မှန်မှန် ကျွေးပါ
– Routine ရှိရင် ဘေဘီက စားချင်လာတတ်ပါတယ်။
🧸 ၃။ ကစားရင်း ကျွေးပါ မလုပ်ပါနဲ့
– TV၊ ဖုန်းကြည့်ရင်း မကျွေးပါနဲ့။
👉 အာရုံစိုက်ပြီး စားစေချင်ပါတယ်။
👶 ၄။ ကိုယ်တိုင်ကိုင်စားခွင့်ပေးပါ
– Finger food လေးတွေ ပေးပြီး ကိုယ်တိုင် စမ်းစားစေပါ။
🥄 ၅။ အနည်းနည်းစီ စတင်ပါ
– တစ်ခါတည်း အများကြီးမပေးဘဲ နည်းနည်းစီဖြင့် စတင်ပါ။
💞 ၆။ မဖိအားပေးပါနဲ့
– မစားချင်ရင် အချိန်ပေးပြီး နောက်တစ်ကြိမ်ကြိုးစားပါ။
👉 ဘေဘီမစားတာကို စိတ်မပူပါနဲ့
👉 စိတ်ရှည်ရှည်နဲ့ နည်းလမ်းမှန်သုံးရင် တဖြည်းဖြည်း ကောင်းလာပါမယ် 💕
16/04/2026
👶ဆံပင်ကျွတ်တာက အနှီးစားတာလား😘
ကျွန်မက🥰 ထိုင်းမှာ သားယောက်ျားလေးမွေးခဲ့ပါတယ်။ ၇လရှိပါပြီ၊ ဘေဘီ ၄လကစပြီး ဆံပင်စကျွတ်ပါတယ်။ မြန်မာကမိဘတွေမေးကြည့်တော့လည်း အနှီးစားလို့ကျွတ်တာလို့ပြောပါတယ်။ ဒါနဲ့ကိုယ်လည်းစိတ်သိပ်မပူဘဲနေလိုက်ပါတယ်။ စိတ်ထဲတော့ ဘဝင်မကျပါ။ ဆံပင်တအားကျွတ်ပြီး ဆံသားပါးလာတာကိုမကြိုက်ပါ။ မွေးစက ဆံပင် ကောင်းပါတယ်။ ကာကွယ်ဆေးထိုးဖို့ ထိုင်းကျေးလက်ဆေးပေးခန်းကိုသွားတဲ့အခါ ကာကွယ်ဆေးထိုးပေးပြီး paraရည်ရယ် Iron ရယ်ပေးလိုက်ပါတယ်။ para ကို ကိုယ်ပူရင်တိုက်ဖို့နဲ့ Irin ကိုက နေတိုင်းတိုက်ဖို့မှာလိုက်ပါတယ်။ Iron ကိုနေ့တိုင်းတိုက်တဲ့အခါ သိသိသာသာကို ဆံပင်မကျွတ်တော့တာ တွေ့ရပါတယ်။ ကျွန်မလေ ပျော်လိုက်တာဆိုတာ အခုဆိုရင် ဘေဘီက ဆံပင်ပြန်ကောင်းလာပြီး သန်လာပါတယ်...... ဒါကြောင့် မေမေတို့လည်း အနှီးစားတယ်လို့ မထင်ကြပါနဲ့နော်.....😘😘😘
(ကိုယ်တွေ့ပါရှင့်)🥰
#ကလေးအစာအာဟာရ ြည့်စွက်စာ #ကလေးကျန်းမာရေး #မေမေတို့စုံစည်းရာ #ဖြည့်စွက်စာ
15/04/2026
👶🦷 Baby သွားကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာ....
Baby သွားထိန်းသိမ်းမှုက စောစောစလုပ်ပေးရင် အနာဂတ်မှာ သွားကျန်းမာရေးကောင်းစေပါတယ် 💛
📌 မွေးပြီး – ၆ လအထိ
✔️ သွားမထွက်သေးပေမယ့်
👉 နို့တိုက်ပြီးတိုင်း သန့်ရှင်းတဲ့ပိတ်စနဲ့ ခံတွင်းကို သုတ်ပေးပါ။
📌 ၆ – ၁၂ လ (သွားစထွက်ချိန်)
✔️ baby toothbrush (နူးညံ့) နဲ့ သွားပွတ်ပေးပါ။
✔️ သွားမှုန့်မထည့်သေးဘဲ သို့မဟုတ် အနည်းငယ် (rice size) သုံးပါ။
📌 ၁ နှစ် – ၂ နှစ်
✔️ တစ်နေ့ ၂ ကြိမ် သွားတိုက်ပေးပါ။
✔️ သကြားပါအစားအစာ လျှော့ပါ။
📌 ၂ နှစ်ကျော်
✔️ သွားမှုန့်ကို pea size သုံးနိုင်ပါတယ်။
✔️ ကိုယ်တိုင်တိုက်တတ်အောင် လေ့ကျင့်ပေးပါ။
---
💡 မိဘများအတွက် အကြံပြုချက်ပါ...
🍼 နို့ဘူးနဲ့ အိပ်မထားပါနဲ့။
🍭 ချိုချဉ်အစားအစာ လျှော့ပါ။
🦷 သွားဆရာဝန်ကို ၁ နှစ်ဝန်းကျင် စတင်ပြသနိုင်ပါတယ်။
ြည့်စွက်စာ #ကလေးအစာအာဟာရ #ကလေးကျန်းမာရေး