Arcane - Lab
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Arcane - Lab, Information Technology Company, Hinthada.
3 Ways to add users to the group on Linux.
Linux မှာ user တွေကို Group ထဲ add နည်း ၃ နည်း။
Pls read this for Linux One-on-One Class and contact us for more details.
One-on-One Linux သင်တန်းအတွက် ဖတ်ရန်
https://www.facebook.com/share/p/1C2C7abvbN/
Thank you very much
Try Now, Cry Later!
Arcane - Cyber Lab
11/09/2025
𝗟𝗶𝗻𝘂𝘅 𝗢𝗻𝗲-𝗼𝗻-𝗢𝗻𝗲 𝗖𝗹𝗮𝘀𝘀𝗲𝘀
ခုလို Digital Transformation အရမ်းမြန်နေတဲ့ အချိန်ကာလတစ်ခုမှာ အားလုံးရဲ့ အခြေခံဖြစ်တဲ့ Linux ကို ခုထိမလေ့လာရသေးဘူးလား။
2025 ခုနှစ် မကုန်ခင် ကိုယ့်ကိုယ်ကို upgrade လုပ်ပြီး IT နယ်ပယ်မှာ မရှိမဖြစ် လိုအပ်နေတဲ့ Linux Skill ကို ပိုင်ဆိုင်သင့်ပါပြီ။
Linuxဆိုတာ System, Cloud, Cybersecurity, DevOps, AI, Robotics Engineering, Developing စတဲ့နေရာတိုင်းမှာ အခြေခံအကျဆုံး အရည်အချင်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကျောင်းတက်ရင်း၊ အလုပ်လုပ်ရင်း သင်တန်းတက်ဖို့ အချိန်ဇယားအချိန်တွေက အခက်အခဲဖြစ်နိုင်ပါတယ်။
ယခု One-on-One class တွေဟာ သင့်ရဲ့ လက်ရှိဖြစ်နေတဲ့ လိုအပ်ချက် နဲ့ အခက်အခဲတွေကို coverဖြစ်အောင် resolve လုပ်ပေးနိုင်မှာပါ။
One-On-One Class ဖြစ်သည့်အတွက်ကြောင့် ကျောင်းချိန်လွတ်၊ ရုံးချိန်လွတ် သင်ယူနိုင်ပါတယ်။ တစ်ဦးချင်းစီ သင်ကြားပို့ချခြင်းဖြစ်တာကြောင့် နားမလည်တဲ့နေရာမှာ တစ်ခါတည်း နားလည်တဲ့အထိ အချိန်တစ်ကြိမ်ပေးလိုက်ရုံနဲ့ နားလည်အောင် လေ့လာသင်ယူနိုင်ပါတယ်။ One-On-One Class ဖြစ်တာကြောင့် ကိုယ်သွားချင်တဲ့ Career Pathway ကို ဆွေးနွေးပြီးတော့ ပိုမိုထိရောက်တဲ့ သင်ခန်းစာတွေကို လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။
ဒါမှမဟုတ် ကိုယ့်ရဲ့ သူငယ်ချင်း (၂) ယောက်၊ (၃) ယောက် စုပြီး သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် အုပ်စုလိုက်လည်း လာရောက်လေ့လာသင်ယူနိုင်ပါတယ်။ ကိုယ်နဲ့အဆင်ပြေမယ့်သူတွေ၊ စာအတူတူလုပ်နိုင်မယ့် သူတွေနဲ့ပဲ အချိန်ညှိပြီး အတူတူ သင်ယူနိုင်မှာဖြစ်ပါတယ်။
လက်တွေ့လုပ်ငန်းခွင်မှာ တိုက်ရိုက်အသုံးချနိုင်မယ့် Skill များ
Server Management, Command Line Mastery, User Permission, Network Configuration အစရှိတဲ့ System Admin တစ်ယောက်မှာ အခြေခံကစပြီး Advanced အကြောင်းအရာတွေကို လက်တွေ့လုပ်ကြည့်ရင်း သင်ကြားပေးသွားမှာဖြစ်ပါတယ်။
၂၀၂၅ မကုန်ခင် ကျန်ရှိတဲ့ ၃လကျော် ၄ လဝန်းကျင်အတွင်းမှာ ကိုယ့်ရဲ့ Career Path ကို Linuxနဲ့ စပြင်ဆင်ပါ။
Linux Skill ဟာ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေကို ဖွင့်ပေးနိုင်တဲ့ Key တစ်ချောင်းဖြစ်ပါတယ်။ ဒီသင်တန်းကနေပြီး သင့်ရဲ့ ပထမဆုံးသော ခြေလှမ်းကို စတင်လိုက်ပါ။
ကိုယ်သွားချင်တဲ့ Career pathway အပေါ်မူတည်ပြီး သင်ယူရမယ့် dynamic modules, ကိုယ့်အတွက် အဆင်ပြေနိုင်မယ့်အချိန်တို့ကို လွတ်လပ်စွာလာရောက်ဆွေးနွေးနိုင်ပါတယ်။
viber မှလည်းကောင်း၊ page messenger မှလည်းကောင်း ဆွေးနွေးမေးမြန်းနိုင်ပါတယ်။ One-on-One class တွေဟာ အချိန်ပြည့်သွားရင် သင်တန်းသားသစ် လက်ခံဖို့ မလွယ်တာကြောင့် ကိုယ်နဲ့အဆင်ပြေမယ့် အချိန်ကို ရွေးချယ်ခွင့်များအောင် အမြန်ဆုံးလာရောက်စုံစမ်းထားမှ အဆင်ပြေနိုင်မှာဖြစ်ပါတယ်။
ကျေးဇူးအများကြီးတင်ပါတယ်။
Call us or Send via Viber - (+959)956400867
Try Now, Cry Later!
Arcane Cyber Lab - must be for you.
Like and Follow for more informations!
29/12/2024
Cyber Warfare Lab (Discount up t0 90% OFF)
ခရစ္စမတ်နဲ့ နှစ်သစ်ကူး အစီအစဉ်အနေနဲ့ Cyber Warfare Lab က course တွေနဲ့ Certification တွေကို up to 90 % အထိချထားပေးနေပါတယ်။
Cyber Security လေ့လာနေဆဲ သူတွေ အနေနဲ့ Certificate ဈေးကြီးတာတွေ မဖြေနိုင်သေးခင် ဒီလိုမျိုး Discount ရှိတုန်းကို try ထားသင့်ပါတယ်။
Red Team Analyst and Cyber Security Analyst တို့ဆိုရင်လည်း 10$ and 5$ အထိချပေးထားတာဆိုတော့ ခုချိန်မှာ ယူထားသင့်အထဲပါပါတယ်။
Cupon လေးတွေကိုလည်း တစ်ခါတည်းပေးထားတာဖြစ်လို့ LinkedIn post တွေ share တာတွေ, giveaway ပေါက်တာတွေ စောင့်စရာမလိုတော့ပါဘူး။
comment က Link ကနေ သွားလို့ရပါတယ်။
ကျေးဇူးတင်ပါတယ်။
14/12/2024
Linux Security : File Permissions
Linux File Permissions မှာဆိုရင် Standard Permission နဲ့ special permission ဆိုပြီး နှစ်မျိုးရှိပါတယ်။
Part - 1 | Standard Permissions
read = r = 4
write = w = 2
execute = x = 1
ဆိုပြီး short character and digit number လေးတွေနဲ့သတ်မှတ်ထားပါတယ်။
digit number တွေကတော့ 2 ရဲ့ ထပ်ကိန်းနဲ့သွားတာဖြစ်ပါတယ်။
-rwxrw-r-- ဆိုပြီးမြင်ရမယ်ဆိုရင် အပိုင်း ၄ ပိုင်းခွဲလို့ရပါတယ်။
ရှေ့ဆုံးက - က content type (File/Directory) အမျိုးအစားဖြစ်ပါတယ်။ (-) နဲ့ပြထားရင် ရိုးရိုး file ဖြစ်ပါတယ်။ (d) ဆိုရင် Directory ကိုပြောတာဖြစ်ပါတယ်။ အဲ့တာကိုကြည့်ပြီး Directory or File ဆိုတာကို အလွယ်ခွဲလို့ရပါတယ်။
သူ့နောက်က rwx ကတော့ content (File/Directory) ရဲ့ owner အတွက် ပေးထားတဲ့ permissions ဖြစ်ပါတယ်။
အလယ်က rw- ကတော့ (File/Directory)ကို ပိုင်တဲ့ Group ရဲ့ user တွေ အတွက် ပေးထားတဲ့ permissions ဖြစ်ပါတယ်။
နောက်ဆုံးက r-- က ဒီ Content ကိုပိုင်တဲ့ Owner userလည်းမဟုတ်, Content ကိုပိုင်တဲ့ Group ရဲ့ member user လည်းမဟုတ်ပဲ ဒီ file/directory ကို Access လာလုပ်တဲ့ တစ်ခြား user အကုန်လုံးအတွက် ပေးထားတဲ့ permissions ဖြစ်ပါတယ်.
Permissions တွေကိုရှင်းရမယ်ဆိုရင်
rwx ဆိုပြီး ရေးထားရင် - Read, Write, Execute Permissions သုံးခုလုံးရှိတာဖြစ်ပါတယ်။ rwx ဖြစ်ရမယ့်နေရာမှာ (-) ရှိနေမယ်ဆိုရင်တော့ အဲ့နေရာအတွက် Permission မပေးထားတာဖြစ်ပါတယ်။
အလယ်က Group အတွက်ပေးထားတဲ့ permission မှာဆိုရင် rw- ဆိုပြီးဖြစ်နေတာ ဖြစ်သည့်အတွက် Group အတွက် Read and Write Permission နှစ်ခုပဲရှိတာဖြစ်ပါတယ်, Execute Permission ကမရှိပါဘူး။
နောက်ဆုံးတစ်ခုကလည်း အတူတူပဲ other user အတွက် ပေးထားတဲ့ permission မှာ r-- လို့ပဲပေးထားတာဖြစ်သည့်အတွက် other user တွေအနေနဲ့ ထို File ကို Read ပဲလုပ်လို့ရမှာဖြစ်ပြီးတော့ Write and Execute လုပ်လို့ရမှာမဟုတ်ပါဘူး။
Read ဆိုတာကတော့ File/Directory တစ်ခုအထဲမှာ ဘာတွေရှိလဲဆိုတာကို ဖွင့်ဖတ်ကြည့်တာဖြစ်ပါတယ်။
Write ဆိုတာကတော့ File ဆိုရင်တော့ file ထဲမှာ text or content တွေကိုရေးတာပြင်တာဖြစ်ပါတယ်၊ Directory ဆိုရင်တော့ အထဲမှာရှိတဲ့ Children File တွေကို ဖျက်တာ, ပြင်တာနဲ့ ဖိုင်အသစ်ဆောက်တာတွေ လုပ်လို့ရတဲ့ permissions ဖြစ်ပါတယ်။
Execute Permission ကတော့ Program File, Binary File, Script File တွေကို Run ခွင့်ပေးတဲ့ permission ဖြစ်ပါတယ်၊ Directory တွေကိုတော့ အထဲကိုဝင်ကြည့်တဲ့အခါ (cd) ကျရင် လိုအပ်တဲ့ permission ဖြစ်ပါတယ်။
ဒါကတော့ Linux Permissions တွေထဲက Standard Permission တွေအကြောင်း အကျဉ်းချုပ်ပြီးတော့ Part 2 အနေနဲ့ Special Permission အကြောင်းကို ဆက်လက်တင်ပေးပါ့မယ်။
Linux နဲ့ပတ်သက်ပြီး သိချင်တဲ့ အကြောင်းအရာတွေရှိရင်လည်း ဒီလိုမျိုးတွေရေးတင်ပေးဖို့ မိမိသိချင်တဲ့အကြောင်းကို မေးလို့ရပါတယ်။
Linux ကိုလေ့လာချင်ရင်လည်း Linux Instructor-Led Training တွေအတွက် Arcane ရဲ့ page ကနေ လာရောက်စုံစမ်းလို့ရပါတယ်။
Click here to claim your Sponsored Listing.