HEX Creative
Grab the edge with innovative product development,
high-end web design, and effective branding.
🎄🎄🎄
04/01/2022
၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သော လွတ်လပ်ရေးနေ့ကို HEX Creative မှ ဂုဏ်ပြုကြိုဆိုလိုက်ပါသည်။
25/12/2021
Bunny Phyoe x HEX Creative Co.,Ltd. တို့ရဲ့ collaboration project ဖြစ်တဲ့ ဆောင်းညအလယ် Animated Music Video ကို
ဒီညနေ ၆နာရီတွင် Bunny Phyoe ရဲ့ YouTube channel မှာစတင်ကြည့်ရှုလို့ရပါပြီခင်ဗျာ။
Bunny Phyoe - ဆောင်းညအလယ် [ Saung Nya A Lal | Official Music Video ] Saung Nya A Lal | Official Music Video🎧 Listen on Spotify: https://spoti.fi/3oKUFfHAnimation Production by HEX Creative Co., LtdLyrics - Bunny PhyoeMusic - ...
12/12/2021
Ko Bunny Phyoe နဲ့ HEX Creative တို့ D20 တည်းကစပြီးလုပ်နေကြတဲ့ project တွေအများကြီးထဲကတစ်ခု ဖြစ်တဲ့ “ဆောင်းညအလယ်” Music Video ကို HEX Creative ကဖန်တီးထားတဲ့ Bunny Phyoe 3D Character ပါဝင်တဲ့ Full 3D Animation Music Video ကို ဒီနှစ် Christmas အတွက် မိတ်ဆက်ပေးပါရစေ။
ဒီ Video လေးကို 25.12.2021 | 6pm Bunny Phyoe ရဲ့ official YouTube Artist Channel မှာ ကြည့်ရှုနိုင်ပါတယ် ခင်ဗျာ။

https://youtube.com/c/BunnyPhyoe
Stay Tuned!
05/08/2021
ပျောက်ကွယ်လုနီးပါးဖြစ်လာတဲ့ ချင်းအမျိုးသမီးတွေရဲ့ Inked Facial Tattoo Culture - ပါးမည်း (ခေါ်) ပါးရဲ
ချင်းတိုင်းရင်းသားတို့ရဲ့ ချစ်စဖွယ် Inked Facial Tattoo Culture အကြောင်းကို မိတ်ဆက်ပေးပါရစေ။
ချင်းအမျိုးသမီးတွေမျက်နှာကိုစုတ်တံဖြင့် ဆေးမှင်ကြောင်ထိုးခြင်းဟာ ချင်းတွေရဲ့များပြားလှတဲ့ချစ်စဖွယ် culture ထဲက တစ်ခုဆိုရင်လည်းမမှားပါဘူး။ ဒီလိုဆေးမှင်ကြောင်ထိုးတာကို "ပါးရဲထိုးခြင်း" လို့ခေါ်ပါတယ်။
ပါးရဲထိုးတဲ့ယဉ်ကျေးမှု စတင်ဖြစ်လာပုံကတော့ သမိုင်းမှာတော့ အတိအကျတော့ မရှိပေမယ့်
တချို့ဒဏ္ဏာရီတွေမှာတော့ ဘုရင်တော်ကောက်တာကို ချင်းအမျိုးသမီးတစ်ဦးထွက်ပြေးရာကနေ ရုပ်ဖျက်တဲ့အနေနဲ့ ပါးရဲထိုးရာကနေစပါတယ်။ အများစုကတော့ ပါးရဲကို အလှအပနဲ့ တခြားချင်းမျိုးနွယ်စုတွေနဲ့ ကွဲပြားစေဖို့ ထိုးလေ့ရှိတယ်လို့ ပဲယူဆကြပါတယ်။
ပါးရဲကို ချင်းဘာသာစကားအရ " Ming(မင်း) " လို့လည်း ခေါ်ပြီး အသက် ၁၄-၁၅နှစ်လာက်မှ စထိုးကြပါတယ်။ ဆောင်းရာသီမှာပဲစထိုးလေ့ရှိပြီးတော့ သွေးထွက်နည်းပြီး သွေးအတိတ်မြန်တဲ့ ရာသီဖြစ်လို့ ထိုးကြတယ်လို့ပြောကြပါတယ်။ ဒီလိုပါးရဲထိုးထားတဲ့ ချင်းအမျိုးသမီးတွေကိုမှ မိန်းမပီသတယ်လို့လည်း ချင်းတွေကသဘောထားကြပါတယ်။ ဘယ်လောက်တောင်သတ္တိရှိလှတဲ့ အာဂချင်းအမျိုးသမီးတွေလဲ။
“ ပါးရဲအသွင်များ “
_________________
ပါးရဲတွေရဲ့ပုံစံဟာလည်း ချင်းမျိုးနွယ်အလိုက် ပုံစံအမျိုးမျိုး ကွဲပြားပါတယ်။
ဒီလိုပါးရဲတွေကို ချင်းမျိုးနွယ်တွေဖြစ်တဲ့ "ဒါးယင်ဒူး ၊ အူပူး၊ ငရာ့၊ ဒိုင်၊ ကာဏ်း၊ လေးတူ၊ မွင်း" စတဲ့မျိုးနွယ်တွေမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။
ချင်းပြည်နယ် တချို့ဒေသတွေမှာတော့ မျက်နှာတစ်ခုလုံးအပြည့်မဟုတ်တဲ့ "ပါးကြောင်" နဲ့ "ပါးကြား" တွေကိုလည်းတွေ့နိုင်ပါတယ်။
မွင်း တွေရဲ့ ပါးရဲတွေမှာတော့ မျိုးနွယ်စုအမှတ်အသားတွေကို ဆေးမှင်ကြောင်အနေနဲ့ထိုးထားတာတွေ့ရမှာဖြစ်ပြီး ကာဏ်းမျိုးနွယ်မှာတော့ လိုင်းပုံစံ ဆေးမှင်ကြောင်တွေကို နှဖူးနဲ့ မျက်နှာတဝိုက်မှာ တွေ့နိုင်ပါတယ်။
“ ပျောက်ကွယ်တော့မည်ဖြစ်တဲ့ ပါးရဲ “
________________________________
1960 လောက်မှာတော့ ဆေးမှင်ကြောင်ထိုးတာကို ပိတ်ပင်ခဲ့တဲ့အချိန်ကစပြီး ချင်းတွေရဲ့ ပါးရဲယဉ်ကျေးမှုဟာ လုံးဝပျောက်ကွယ်လုနီးပါးဖြစ်နေပါပြီ။ လက်ရှိအချိန်မှာတေ့ာ မင်းတပ်နဲ့ ကန်ပက်လက်တဝိုက်က အသက် ၄၅နှစ်အထက် သက်ကြီးပိုင်းချင်းအမျိုးသမီးတွေမှာသာ ပါးရဲကိုတွေ့နိုင်ပါတော့တယ်။
ဒါကြောင့် ချင်းရိုးရာ ပါးရဲယဉ်ကျေးမှုကို မပျက်သုဉ်းရလေအောင် Art & Culture ကို ထိန်းသိမ်းတဲ့အနေနဲ့ HEX Creative မှ Chin Inked Facial AR ကိုပြုလုပ်ထားပါတယ်။
“AR Effect အသုံးပြုပုံ “
__________________
ဒီ AR Effect မှာတော့ချင်းမျိုးနွယ်စုသုံးစုကအမျိုးသမီးတွေထိုးလေ့ရှိတဲ့ ပါးရဲတွေအပြင် သူတို့ဝတ်ဆင်လေ့ရှိတဲ့ accessories တွေကို reference ယူပြီး ဖန်တီးထားပါတယ်ဗျာ။
ချင်းလူမျိုးတွေရဲ့ ချစ်စဖွယ် ယဉ်ကျေးမှုနဲ့ အလှတရားတခုဖြစ်တဲ့ Chin Inked Facial Tattoo ကို AR Effect နဲ့ခံစားကြည့်ရအောင်။
On Facebook - https://www.facebook.com/fbcameraeffects/tryit/339616654378197
On Instagram- https://www.instagram.com/ar/339616654378197
သမိုင်းအဆက်အဆက်မှ ယခုအချိန်အထိ ဒီလိုချစ်စရာ ယဉ်ကျေးမှုတွေကို ထိန်းသိမ်းပေးတဲ့ ချင်းသူရဲကောင်းညီနောင်တို့ကိုလေးစားဂုဏ်ပြုလျက်။
Photos : credit to the right full owners.
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
106 , 3rd Floor, Tha Yet Taw 5 Street , Kyi Myin Daing
Yangon
11101
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |