Vari-Ties

Vari-Ties

Share

🧑‍🍳

03/05/2024

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် ၊ (အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး)

ဒူးရင်းသီးက အာဟာရရှိတဲ့ အစားအစာထဲမှာ ပါဝင်ပါတယ်။

ကယ်လိုရီ
ဒူးရင်းသီးမှာ ကယ်လိုရီ ပါဝင်မှု များပါတယ်။ အရွယ်တော် ဒူးရင်းသီးတစ်လုံးမှာ ၆၀ဝ ဂရမ်လောက်လေးပြီး ၈၈၅ ကယ်လိုရီပါဝင်ပါတယ်။ ကယ်လိုရီ ပါဝင်မှုများတဲ့အတွက် ပိန်တဲ့သူတွေ စားမယ်ဆိုရင် အဆင်ပြေပါတယ်။ အဆီ (Total Fat)ပါဝင်မှုကလည်း များတဲ့အတွက် ကိုယ်အလေးချိန် ထိန်းနေသူတွေအနေနဲ့ ဒူးရင်းသီးစားချင်တယ်ဆို ရင်ထမင်းကို လုံးဝမစားသင့်ပါဘူး။ ဒူးရင်းသီး တစ်လုံးစားလိုက်ရင် ကယ်လိုရီ ၈၈၅ ရနေပြီ။ ပုံမှန် လူတစ်ယောက်ဟာ ထမင်း၊ ဟင်းတစ်ခါစားရင် ကယ်လိုရီ ၉၀ဝ ကနေ ၁၀ဝ၀ကြား ရပါတယ်။ အဲဒီတော့ ဒူးရင်းသီးတစ်လုံးနဲ့ ထမင်းဟင်းတစ်နပ်မှာ ပါဝင်တဲ့ ကယ်လိုရီချင်းက တူညီသလို ဖြစ်နေတော့ ဒူးရင်းသီးစားမယ်ဆိုရင် ထမင်းစားဖို့မလိုတော့ပါဘူး။ ဆေးရုံက ဆင်းခါစလူနာနဲ့ အာဟာရပြတ်နေတဲ့ လူနာတွေမှာ ဒူးရင်းသီးစားတယ်ဆိုရင် နည်းနည်းစားရုံနဲ့ ကယ်လိုရီများများရရှိစေပါတယ်။

အဆီဓာတ်
ဒူးရင်းသီးမှာ အဆီပါဝင်ပေမယ့် ကိုလက်စထရောတော့ မပါဝင်ပါဘူး။ အဆီကတော့ ကောင်းတာရော၊ မကောင်းတာရောပါတဲ့အတွက် ဝနေတဲ့သူတွေနဲ့ ကိုယ်အလေးချိန် လျှော့ချင်တဲ့သူတွေဆိုရင် ဒူးရင်းသီး မစားသင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကယ်လိုရီနဲ့ ကာဗိုဟိုက်ဒရိတ် ပါဝင်မှုကလည်း များတာကြောင့် ဖြစ်ပါတယ်။ ပိန်နေတဲ့သူတွေ ကိုယ်အလေးချိန်တက်ချင်တယ်၊ ကယ်လိုရီ လိုအပ်တယ်ဆိုရင် စားလို့ရပါတယ်။

ဒူးရင်းသီးက အပူစာလား
ဒူးရင်းသီးက အပူစာတော့မဟုတ်ပါဘူး။ ဓလေ့အစဉ်အလာအရ မင်းဂွတ်သီးနဲ့ တွဲစားလေ့ရှိကြပါတယ်။ ဒါပေမဲ့ ကယ်လိုရီ ပါဝင်မှုများတဲ့အတွက် ဒူးရင်းသီး များများစားလိုက်ရင် ကယ်လိုရီလောင်ကျွမ်းမှုများပြီး ပူသလို ဖြစ်လာတာပါ။ စားတာများလိုက်ရင် မအီမသာ ဖြစ်စေတဲ့အတွက် အသင့်အတင့်ပဲ စားသင့်ပါတယ်။

ဆီးချိုရောဂါရှင်နှင့် ဒူးရင်းသီး
ဒူးရင်းသီးမှာ သကြားဓာတ်တော့ သိပ်မပါဝင်ပါဘူး။ အဓိက ပါဝင်တာက ကာဗိုဟိုက်ဒရိတ် ဖြစ်ပါတယ်။ ပြီးတော့ ပရိုတင်းဓာတ် ပါဝင်မှုလည်းများပါတယ်။ ဆီးချိုရောဂါရှိသူတွေ ဒူးရင်းသီးစားချင်တယ်ဆိုရင် ထမင်းလုံးဝ မစားသင့်ပါဘူး။ ထမင်းစားမယ်ဆိုရင် ဒူးရင်းသီး မစားသင့်ပါဘူး။
#ဒူးရင်းသီး

26/10/2023

I hide this feeling only because I know you don't feel the same and I can't let you go. 💐💐💐🌋🌋

Want your public figure to be the top-listed Public Figure in Dubai?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Dubai