Myanmar Professionals Association Australia - MPAA
To connect as Myanmar professionals in Australia to advance the welfare, human rights and democratic
26/05/2026
https://www.facebook.com/share/p/1EEqtTXZuX/?mibextid=wwXIfr
PROOF OF LIFE:AUSTRALIA TOUR
This June, Kim Aris will visit Australia to meet Burmese communities and engage with Australian officials.
As a son, he continues to seek one simple answer: is his mother still alive?
His mother, Daw Aung San Suu Kyi, an 81 year old Nobel Peace Prize Laureate, remains unjustly detained and held hostage without credible, independently verified proof of life.
Her birthday is approaching. If she is alive, why can the military regime not show proof?
Join Kim in the Proof of Life Challenge and help turn global attention into real pressure.
Raise your voice. Take a step. Build hope.
Together, we ask one simple question: Show Proof of Life.
Coming soon.
PROOF OF LIFE သက်ရှိထင်ရှားရှိနေသေးကြောင်းသက်သေ
သြစတြေးလျခရီးစဉ်
ကိုထိန်လင်း (Kim Aris) သည် မြန်မာမိသားစုအသိုင်းအဝိုင်းများနှင့်တွေ့ဆုံရန်နှင့် သြစတြေးလျအရာရှိများနှင့်တွေ့ဆုံရန် သြစတြေးလျနိုင်ငံသို့ ယခုလာမည့် ဇွန်လတွင် သွားရောက်မည်ဖြစ်ပါသည်။
ကိုထိန်လင်းသည် သားတစ်ယောက်အနေဖြင့် မိခင်ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်လျက်ရှိ နေသေးရဲ့လားဆိုသည့် ရိုးရှင်းသောအဖြေတစ်ခုရရှိရန် ဆက်လက်ကြိုးစားနေဆဲဖြစ်ပါသည်။
ကိုထိန်လင်း၏မိခင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အသက်၈၁နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည် သည် ယုံကြည်စိတ်ချရသော၊ လွတ်လပ်စွာစစ်ဆေးအတည်ပြုထားသော အသက်ရှင်ကြောင်း အထောက်အထားမရှိဘဲ ဓားစာခံအဖြစ် မတရားဖမ်းဆီး ထားခံနေရဆဲဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့နီးကပ်လာပြီဖြစ်ပါသည်။ သက်ရှိထင်ရှားရှိနေသေးသည်ဆိုပါက စစ်အာဏာရှင်များက ဘာကြောင့် သက်သေ မပြနိုင်ဖြစ်နေပါသလဲ?
သက်ရှိထင်ရှားရှိကြောင်းသက်သေပြရန် စိန်ခေါ်မှုတွင် ကိုထိန်လင်း နှင့်အတူပါဝင်ပြီး တကမ္ဘာလုံးမှ အာရုံစိုက်မှု ကို ဖိအားစစ်စစ်အဖြစ်သို့ ပြောင်းလဲနိုင်ရန် ကူညီပေးပါ။
အသံတွေကို မြှင့်တင်ပါ။ ခြေလှမ်းတစ်လှမ်း လှမ်းပါ။ မျှော်လင့်ချက်ကို တည်ဆောက်ပါ။
ရိုးရှင်းသောမေးခွန်းတစ်ခုကို အတူတကွ မေးကြပါမည်။
သက်ရှိထင်ရှားရှိကြောင်း သက်သေပြပါ။
စိန်ခေါ်သည့် လှုပ်ရှားမှုအသေးစိတ်ကို မကြာမီ အသိပေးကြေညာပါမည်။
Click here to claim your Sponsored Listing.
Website
Address
The Rocks, NSW