Red Army Gathering

Red Army Gathering

Share

“ United till We Die “

03/17/2026

🚨💫 |
JJ Gabriel နဲ့ ယူနိုက်တက်ရဲ့ အနာဂတ်အစီအစဉ်

▪️မန်ချက်စတာယူနိုက်တက် ဟာ အသက် (၁၅) နှစ်အရွယ် လူငယ်ကြယ်ပွင့်လေး JJ Gabriel ကို အသင်းရဲ့ ရာသီကြိုခရီးစဉ် (Pre-season tour) မှာ ခေါ်ဆောင်သွားဖို့ အခုကတည်းက စတင်ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

▪️အစီအစဉ်အတိုင်းသာ အဆင်ပြေချောမွေ့သွားမယ်ဆိုရင်၊ သူ့ကို နောက်ရာသီမှာတင် စီနီယာအသင်းအတွက် ပွဲဦးထွက် (Debut) ကစားတာကို မြင်တွေ့ရဖို့ အလားအလာ ရှိနေပါတယ်

03/15/2026

Bruno Fernandes 🤣

"ကျွန်တော် Case ကို ပြောလိုက်တယ်... 'ငါ မင်းကို (၅) ကြိမ်တောင် assist လုပ်ပေးထားတဲ့ ပုံကို ခဏခဏ တွေ့နေရတယ်၊ အဲ့ဒါကြောင့် မင်း ငါ့ကို ဘောနပ်စ် (Bonus) ပေးသင့်တယ်' လို့ပေါ့။

အဲဒါကို သူက ပြန်ပြောတာက 'မဟုတ်ဘူး... မင်းကသာ ငါ့ကို ဘောနပ်စ်ပြန်ပေးရမှာ၊ ဘာလို့လဲဆိုတော့ ငါ (ဂိုးသွင်းပေးလို့) သာ မင်းက assist တွေ ရနေတာလေ' တဲ့ဗျာ။"

03/02/2026

🔰🔥ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲအပြီးမှာ အသင်းခေါင်းဆောင် Bruno ရဲ့ စကားသံများ

🚨🎙️ Bruno -

🔶"ကျွန်တော်တို့ ပိုကောင်းတဲ့ ဘောလုံးကစားဟန်မျိုး လိုအပ်နေပါသေးတယ်"

▪️ဥရောပဝင်ခွင့်နှင့် အသင်းအင်အားအကြောင်းကို မေးမြန်းခဲ့ရာ

🔶ဥရောပပြိုင်ပွဲတွေမှာ ကစားရတဲ့အခါ ပွဲအရေအတွက်က အရမ်းများပါတယ်။ အဲဒီအခါမှာ ရာသီရဲ့ ဘယ်လိုအချိန်မျိုးမှာမဆို ကစားသမားတိုင်းဟာ အသင်းအတွက် အရေးပါတယ်ဆိုတာကို လူတိုင်း နားလည်ထားဖို့ လိုလာပါတယ်။ ပွဲတွေ ပိုများလာလေလေ၊ လူတိုင်းအတွက် ကစားခွင့်ရဖို့ အခွင့်အရေး ပိုများလာလေလေပါပဲ။ အဓိကကတော့ ကမ္ဘာ့အကောင်းဆုံးပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ် ( ) မှာ ကစားခွင့်ရဖို့နဲ့ အသင်းရဲ့ သမိုင်းကြောင်းကြီးမားခဲ့တဲ့ ဒီပြိုင်ပွဲမှာ အစွမ်းကုန် ယှဉ်ပြိုင်သွားဖို့ပါပဲ။"

▪️တစ်ပတ်တစ်ပွဲ ကစားရခြင်း၏ အခက်အခဲကို​မေးမြန်းခဲ့ရာမှာ

🔶ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့က ကျွန်တော်တို့အတွက် အရမ်းကြီးမားတဲ့ တွန်းအားဖြစ်ရပါမယ်။ ဘာလို့လဲဆိုတော့ ဒီရာသီမှာ တစ်ပတ်ကို တစ်ပွဲတည်း ကစားရတာက ကျွန်တော်တို့ကို တကယ်ပဲ ရုန်းကန်စေခဲ့လို့ပါ။ အနည်းဆုံးတော့ ကျွန်တော့်အတွက်တော့ အဲဒီလို ခံစားရတယ်။ ပွဲနည်းတဲ့အခါ နည်းပြအတွက် လူစာရင်းကို အလှည့်ကျသုံးဖို့ (Rotate လုပ်ဖို့) ခက်သွားသလို၊ ကစားခွင့်နည်းတဲ့သူတွေအတွက်လည်း အခွင့်အရေးရဖို့ ပိုခက်သွားပါတယ်။ လူတိုင်းက ကစားခွင့်ရဖို့ အခွင့်အရေး လိုအပ်ကြတာပဲလေ။"

▪️အသင်း၏ စိတ်ဓာတ်ပိုင်းနှင့် ခံနိုင်ရည်အ​ကြောင်းကို​တော့

🔶ခံစစ်ကို အားစိုက်ခုခံတာမျိုး ဒါမှမဟုတ် ရလဒ်နောက်ကနေ လိုက်ကစားရတဲ့အခါ ခံနိုင်ရည်ရှိဖို့က အသင်းအတွက် အရမ်းအရေးကြီးပါတယ်။ ဒါမှလည်း အသင်းရဲ့ စိတ်ဓာတ်ပိုင်း ဘယ်လောက်အထိ မြင့်မားနေလဲဆိုတာကို နားလည်နိုင်မှာပါ။ ဒီစိတ်ဓာတ်ကပဲ လာမယ့် နယူးကာဆယ်နဲ့ပွဲအတွက် အရေးပါလာမှာပါ။"

ကျွန်တော်တို့ အခု တကယ်ကို ကောင်းမွန်တဲ့ အချိန်တစ်ခု၊ အပေါင်းလက္ခဏာဆောင်တဲ့ အခြေအနေတစ်ခုကို ဖြတ်သန်းနေတာပါ။ ဒါကို ကျွန်တော်တို့ လုပ်နိုင်မယ်ဆိုတာလည်း ကြိုသိထားပါတယ်။ ဒါက အခုမှမဟုတ်ဘဲ Boxing Day တုန်းက နယူးကာဆယ်နဲ့ပွဲကတည်းက စခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဒီထက်ပိုကောင်းတဲ့ ဘောလုံးကစားဟန်မျိုး ကစားနိုင်ဖို့ လိုပါသေးတယ်။ ဒါက ကျွန်တော်တို့ ဒီထက်ပိုပြီး တိုးတက်ချင်နေတယ်ဆိုတဲ့ လက္ခဏာပါပဲ။"

ဘရူနိုရဲ့ စကားတွေကို ကြည့်ရင် ရလဒ်ကောင်းနေပေမယ့် "ပိုကောင်းတဲ့ ဘောလုံးကစားဟန် (Better football)" ကို လိုချင်နေတာက သူတို့ရဲ့ ရည်မှန်းချက်ဟာ နိုင်ရုံတင်မဟုတ်ဘဲ အသင်းကြီးပီသတဲ့ ပုံစံမျိုး ပြန်ရဖို့ ကြိုးစားနေတယ်ဆိုတာ ထင်ရှားပါတယ်ဗျာ။

လာမယ့် နယူးကာဆယ် နဲ့ ပွဲကတော့ ဘရူနိုပြောသလို အသင်းရဲ့ စိတ်ဓာတ်ပိုင်းကို ထပ်မံစမ်းသပ်မယ့် ပွဲကြီးပွဲကောင်း ဖြစ်လာမှာပါ

Want your business to be the top-listed Gym/sports Facility in Fredericton?
Click here to claim your Sponsored Listing.

Address


No 507 Dufferin Street
Fredericton, NB
E3B3A8

Opening Hours

Monday 9am - 9pm
Tuesday 9am - 9pm
Wednesday 6am - 9pm
Thursday 6am - 9pm
Friday 9am - 9pm
Saturday 6am - 9pm
Sunday 9am - 5pm