Explore your Weekend

Explore your Weekend

Share

Travel & Landscape Photography Vlog "I was an international student 4 years ago. Today, I live and work in Canada permanently. Please reach out to me.

06/05/2025

ကနေဒါနိုင်ငံ Banff National Park ထဲမှာ ကိုယ်တိုင်ကားမောင်းသွားလို့ မရတဲ့ နာမည်ကျော် နေရာတစ်ခုကတော့ Moraine Lake ပဲ ဖြစ်ပါတယ်။

Sunrise အရမ်းလှလို့ နာမည်ကြီးပါတယ်။ Moraine Lake ကို သွားချင်ရင် Suttle Bus ကို Park and Ride ကနေ စီးလို့ရပြီး Shuttle Bus လက်မှတ်ကလည်းကိုယ်သွားမယ့်ရက်မတိုင်ခင် ၄၈ နာရီကြိုပြီး အရောင်းဖွင့်ပါတယ်။

ပုံကတော့ ပြီးခဲ့တဲ့နှစ်တုန်းက Sunrise သွားကြည့်ရင်း ရိုက်လာတာပါ။

သုံးထားတဲ့ Gear တွေကတော့ Fujifilm XT 5 နဲ့ XF 16-80 F4 R LM OIS Lens တွေပဲ ဖြစ်ပါတယ်။

Photos from Explore your Weekend's post 06/03/2025

ကနေဒါမှာ လူလည်းအရမ်းမရှုပ်ပဲ သဘာဝနဲ့ နီးနီးကပ်ကပ်ရှိပြီး Engineering Job တွေပေါတဲ့ မြို့ဆိုရင်တော့ Calgary က ရွေးခြယ်သင့်တဲ့ အထဲမှာ ပါ ပါတယ်။

ကနေဒါရဲ့ Top 5 Cities ထဲမှာပါတဲ့အပြင် ဒိုင်နိုဆောတွေ မျိုးမတုန်းခင်က ရှိခဲ့တဲ့နေရာဖြစ်လို့ ဒိုင်နိုဆော ရုပ်ကြွင်းတွေနဲ့ Museum တွေလည်းရှိပါတယ်။ ဈေးဝယ်ရင်လည်း အခွန်က 5% ပဲ ပေးရလို့ သက်သာတဲ့ အထဲမှာ ပါတယ်လို့ ဆိုရမယ်။

ဒီမြို့မှာ Northern Light မြင်ရမယ်။ ရေခဲတောင်တွေလည်း ပတ်လည်မှာ ရှိနေမယ်။ ရေကန်တွေနဲ့ အရမ်းလှတဲ့ ရှုခင်းတွေအပြင် သမင်တွေ ဝက်ဝံတွေကို သဘာဝအတိုင်း မကြာခဏ တွေ့ရတတ်ပါတယ်။

ပိတ်ရက်ဆိုရင် တောင်တက် လှေလှော် ရေကူး Camping ထွက် ဓါတ်ပုံရိုက် နဲ့ အချိန်တောင် လောက်မှာ မဟုတ်ပါဘူး။

ပုံတွေကတော့ မြို့ပြင်မှာ သွားရင်းလာရင်း ရိုက်ထားတဲ့ပုံတွေပါ။

06/01/2025

ကနေဒါမှာ Train Photography ရိုက်ဖို့ အကောင်းဆုံးနေရာ

Morant's curve မှာ ရထားကို မြင်ရဖို့ အတွက်က ကံကောင်းမှသာ ရနိုင်မှာပါ။ ဘာလို့လည်းဆိုတော့ သွားရမယ့်အချိန်၊ ရာသီဥတုအခြေအနေ၊ ရထားလာမှာလား မလားဘူးလား ဘယ်သူမှ မသိပါဘူး။ ကံကောင်းရင် လာမယ်။ ကံမကောင်းရင် မလာဘူး။ ဒါပါပဲ။ဒီမြင်ကွင်းကလည်း တစ်နှစ်မှာ တစ်ခါပဲ မြင်ရပါတယ်။ ဆောင်းကုန်ခါနီးလို့ ရေခဲတွေ အကုန် အရည်မပျော်ခင် မြင်နေရတာပါ။ Google မှာရှာကြည့်ရင်လည်း ရထားလာမယ့်အချိန်ကို ဘယ်သူမှ အာမ မခံနိုင်ပါဘူး။ ကျွန်တော်ကိုယ်လည်း အကြိမ်ကြိမ်သွားစောင့်ပြီးမှ ရခဲ့တာဖြစ်ပါတယ်။ ဒီဗီဒီယိုလေးရဖို့အတွက် ကားမောင်းသွားရတဲ့အချိန် စုစုပေါင်း အသွားအပြန် ၁၅ နာရီကျော်ကြာပါတယ်။ နောက်ဆုံးမှာ ကျွန်တော် ဒီပုံကို ရိုက်ချင်လွန်းလို့ အဲ့အနားက မြို့လေး တစ်မြို့မှ ညအိပ်ပြီး နောက်နေ့မနက် မပြန်ခင် နောက်ဆုံးတစ်ခေါက် သွားကြိုးစားပြီး စောင့်တဲ့အချိန်မှာ အင်မတန် ကံကောင်းစွာနဲ့ ရခဲ့တာပဲဖြစ်ပါတယ်။ရာသီဥတုကောင်းတဲ့အချိန်မှာ ကနေဒါနိုင်ငံရဲ့ အရှည်ဆုံး အဝေးပြေးလမ်းကြီးဖြစ်တဲ့ Trans-Canada Highway ပေါ်ကနေ Rockies တောင်တန်းတွေပေါ်ကို ကားမောင်းတက်ပြီးမှ ဒီနေရာကို ရောက်နိုင်မှာပဲဖြစ်ပါတယ်။ အဲ့ဒီနေရာကို Public Transport လည်းမရောက်သလို ဖုန်းလိုင်းကလည်း မိလိုက် မမိလိုက်ပါ။ဒီနေရာကို ကနေဒါ ရထားကုမ္ပဏီရဲ့ ဓါတ်ပုံဆရာ Nicolas Morant ကို အစွဲပြုပြီး Morant's Curve လို့ နာမည်ပေးထားတာပဲဖြစ်ပါတယ်။ ရေခဲတောင်တွေနဲ့ ရထားလာတဲ့အချိန်ကို ဓါတ်ပုံရိုက်ဖို့ လာစောင့်တဲ့သူတွေအများကြီးပါ။ ကံကောင်းမှ သာ ရထားလာတဲ့အချိန် ကြုံရတာပဲဖြစ်ပါတယ်။ ရထားလာမယ့်အချိန်ကို Google မှာ ရှာထားတာကိုလည်း comment မှာ ပြထားပါတယ်။additional information အနေနဲ့ကတော့ တစ်ယောက်တည်း သွားရိုက်မယ်ဆို Bear Spray ကို မဖြစ်မနေယူသွားပါ။ ဝက်ဝံ ရန်ကိုကြောက်ရလို့ပါ။

Photos from Explore your Weekend's post 01/04/2025

Winter in Canada

Want your business to be the top-listed Media Company in Jasper?
Click here to claim your Sponsored Listing.

Category

Website

Address


Jasper, AB