Praha Revolution Thingyan
Thingyan Festival in Praha, Czech Republic
25/04/2026
ချက်သမ္မတနိုင်ငံရောက် မြန်မာပြည်သူများ၏ ဝန်းရံမှုဖြင့် ပရာဟာတော်လှန်သင်္ကြန်ပွဲအား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။
ကြေညာထားသည့်အတိုင်း ၄င်းပွဲမှ ရရှိသော အလှုငွေများကို စစ်ဘေးရှောင်များ၊ လိုအပ်နေသူများအား လှုဒါန်းနိုင်ခဲ့ပါသည်။
ပွဲအတွင်း ရရှိသော အလှုငွေများ၊ ပွဲပြင်ပမှ လာရောက်လှုဒါန်းမှုများ အပါအဝင် စုစုပေါင်း ခရိုနာ ၃၂ ၉၇၅ (သုံးသောင်း နှစ်ထောင် ကိုးရာ ခုနစ်ဆယ့်ငါး) ရရှိခဲ့ရာ NUGPay မှ တဆင့် ပြည်တွင်းသို့ ငွေလွှဲပို့ခဲ့ပြီး မြန်မာကျပ် ၆ ၃၂၃ ၀၄၀ (ခြောက်ဆယ့် သုံးသိန်းကျော်) ရန်ပုံငွေရရှိခဲ့ပါသည်။
၄၈ သိန်းကျပ်အား သင်္ကြန်အတက်နေ့တွင် လေကြောင်းတိုက်ခိုက် ခံရသော ပေါက်မြို့နယ်ရှိ အိမ်ထောင်စု (၄၁)စု လူဦးရေ (၁၆၇) ဦးအတွက် အိမ်ထောင်စု တစ်စုလျှင် (၁)သိန်းကျပ်နှုန်းဖြင့်(၄၁)သိန်းကျပ် ကိုယ်လက်အင်္ဂါဆုံးသူ (၃)ဦးအတွက် (၂)သိန်းကျပ်နှုန်း ပြင်းထန်ထိခိုက်ဒဏ်ရာရသူ တစ်ဦးအတွက် (၁)သိန်းကျပ် စုစုပေါင်း (၄၈)သိန်းကျပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိ အဖွဲ့အစည်းများမှ တဆင့်လှုဒါန်းနိုင်ခဲ့ပါသည်။
ထို့ပြင် ကရင်နီပြည်နယ်ရှိ စစ်ရှောင် စာသင်ကျောင်းကိုလည်း ၁၅ သိန်းကျပ် လှုဒါန်းခဲ့ပါသည်။
မြန်မာနိုင်ငံနှင့် ဝေးရာတွင် ပညာသင်ရင်း၊ အလုပ်လုပ်ရင်း၊ အချိန်နှင့် ငွေအားကို စိုက်ထုတ်၍ သင်္ကြန်ပွဲတော်သို့ လာရောက်ချီးမြှင့်ပေးကြသူများ၊ ရန်ပုံငွေလှုဒါန်းပေးခဲ့ကြသူများ အားလုံးကို အထူးပင် မှတ်တမ်းတင် ကျေးဇူးတင်အပ်ပါသည်။
11/04/2026
မနက်ဖြန်ဟာတော့ဖြင့် အားလုံးစောင့်မျှော်နေတဲ့ ပရာဟာတော်လှန်သင်္ကြန်ပဲ ဖြစ်ပါတယ်။
ဆုံကြမယ်နော်။
Date: 12th April 2026
Time: 13:00 to 15:30
Venue: CHVALSKÁ STODOLA
Na Chvalské tvrzi 857 Praha 9 - Horní Počernice
၂၀၂၆ ခုနှစ် ပရာဟာ တော်လှန်သင်္ကြန်ပွဲတော်တွင် မြန်မာ့ရိုးရာ အစားအသောက်များ၊ မြန်မာနှင့် တိုင်းရင်းသား ရိုးရာ အကနှင့် ဖျော်ဖြေမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ပရာဟာ တော်လှန်သင်္ကြန်စျေးရောင်းပွဲမှ ရရှိသည့် ရံပုံငွေများအား မြန်မာနိုင်ငံတွင်း စစ်ဘေးရှောင်နေရသူများအား ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။
08/04/2026
ပရာဟာတော်လှန်သင်္ကြန် ကျင်းပဖို့ ၃ ရက်သာ လိုပါတော့တယ်။
အိမ်အလွမ်းပြေ လာကြ လာကြ။
မုန့်အစုံရှိမယ်၊ ဖျော်ဖြေရေးကဏ္ဍတွေရှိမယ်။ အားလုံး ၁၂ ရက်နေ့ ဆုံကြမယ်နော်။
Date: 12th April 2026
Time: 13:00 to 15:30
Venue: CHVALSKÁ STODOLA
Na Chvalské tvrzi 857 Praha 9 - Horní Počernice
၂၀၂၆ ခုနှစ် ပရာဟာ တော်လှန်သင်္ကြန်ပွဲတော်တွင် မြန်မာ့ရိုးရာ အစားအသောက်များ၊ မြန်မာနှင့် တိုင်းရင်းသား ရိုးရာ အကနှင့် ဖျော်ဖြေမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ပရာဟာ တော်လှန်သင်္ကြန်စျေးရောင်းပွဲမှ ရရှိသည့် ရံပုံငွေများအား မြန်မာနိုင်ငံတွင်း စစ်ဘေးရှောင်နေရသူများအား ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။
07/04/2026
သင်္ကြန်အခါဟာ အိမ်ရဲ့ အမှတ်သာရ၊ မြန်မာရဲ့ သင်္ကေတပါပဲ။
ပရာဟာမြို့မှာ သင်္ကြန်ပွဲတော်ကို နှစ်စဉ်ဆင်နွှဲခဲ့ကြပါတယ်။ တော်လှန်ရေးစတင်ချိန်ကတည်းကလည်း ရရှိတဲ့ ရံပုံငွေများကို လိုအပ်နေတဲ့ စစ်ဘေးရှောင်တွေဆီ လှုဒါန်းခဲ့ကြပါတယ်။
ယမန်နှစ်များက ပရာဟာ သင်္ကြန် အမှတ်တရပုံရိပ်များကို ပြန်လည် မျှဝေလိုက်ပါတယ်။
၁၂ ရက်နေ့ ဆုံကြမယ်နော်။
Date: 12th April 2026
Time: 13:00 to 15:30
Venue: CHVALSKÁ STODOLA
Na Chvalské tvrzi 857 Praha 9 - Horní Počernice
၂၀၂၆ ခုနှစ် ပရာဟာ တော်လှန်သင်္ကြန်ပွဲတော်တွင် မြန်မာ့ရိုးရာ အစားအသောက်များ၊ မြန်မာနှင့် တိုင်းရင်းသား ရိုးရာ အကနှင့် ဖျော်ဖြေမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ပရာဟာ တော်လှန်သင်္ကြန်စျေးရောင်းပွဲမှ ရရှိသည့် ရံပုံငွေများအား မြန်မာနိုင်ငံတွင်း စစ်ဘေးရှောင်နေရသူများအား ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါသည်
06/04/2026
သင်္ကြန်လို့ပြောလိုက်ရင် မပါမဖြစ်က မုန့်လုံးရေပေါ်ပေါ့ဗျာ။
ရေလေးပက်လိုက်၊ မဏ္ဍာပ်မှာ ဝင်ထိုင်လိုက်၊ မုန့်လုံးရေပေါ်လေးစားလိုက်။ ဒီကြားထဲ ငရုပ်သီးလည်း ဝါးမိသေးတယ်။
အိမ်နဲ့ ဝေးရတဲ့ သင်္ကြန်မှာ၊ အိမ်အလွမ်းပြေ မုန့်လုံးရေပေါ် လာစားကြပါဦး။ ပရာဟာတော်လှန်သင်္ကြန်ရောက်ဖို့ ၆ ရက်ပဲ လိုတော့တယ်နော်။
Date: 12th April 2026
Time: 13:00 to 15:30
Venue: CHVALSKÁ STODOLA
Na Chvalské tvrzi 857 Praha 9 - Horní Počernice
၂၀၂၆ ခုနှစ် ပရာဟာ တော်လှန်သင်္ကြန်ပွဲတော်တွင် မြန်မာ့ရိုးရာ အစားအသောက်များ၊ မြန်မာနှင့် တိုင်းရင်းသား ရိုးရာ အကနှင့် ဖျော်ဖြေမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ပရာဟာ တော်လှန်သင်္ကြန်စျေးရောင်းပွဲမှ ရရှိသည့် ရံပုံငွေများအား မြန်မာနိုင်ငံတွင်း စစ်ဘေးရှောင်နေရသူများအား ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါသည်
Klikněte zde pro získání vašeho sponzorovaného zápisu.
Kategorie
Internetová stránka
Adresa
Skautský Institut Na Staromáku
Praha