Channel Apex

Channel Apex

Teilen

Creating Gaming Contents.

03/03/2026

❝ ဘုရင်တစ်ယောက်ရဲ့ နန်းပြောင်းခြင်းက အဆုံးမဟုတ် အစသစ်တစ်ခုဖြစ်နေမလား ❞

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံက ပရိတ်သတ်တွေ ဂိတ်လို့တင်စားခေါ်ဝေါ်ကြတဲ့ Nigma အသင်းအနေနဲ့ ချစ်စနိုးနဲ့ King လို့ခေါ်ခဲ့ကြတဲ့ SumaiL နဲ့ လမ်းခွဲခဲ့တယ်ဆိုပြီးကြေညာခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ (၄) နှစ် SumaiL တစ်ယောက် Nigma ကို စရောက်တော့ Dota ရဲ့ King နဲ့ God တို့တစ်သင်းတည်းဖြစ်ပြီး ဘယ်အသင်းမှ ရပ်တန့်လို့ရတော့မှာမဟုတ်ဘူးဆိုတဲ့ ကြွေးကြော်သံတွေ၊

SumaiL ရဲ့ အိပ်မက်ဖြစ်တဲ့ Miracle နဲ့အတူတူ ပြိုင်ပွဲတွေဆော့ပြီး Ti ကိုနောက်ထပ်တစ်ကြိမ်နိုင်ချင်တဲ့ ဆန္ဒတွေကတော့ တစ်ခန်းရပ်သွားခဲ့ရပါပြီ။

ကျွန်တော်တို့ အသက်တွေကြီးလာတာနဲ့အမျှ ကစားသမားကောင်းတွေ အရင်ခေတ်က ကစားသမားတွေ အနားယူသွားတာကို တဖြေးဖြေးကြုံခဲ့ရပြီး SumaiL အနေနဲ့ အနားမယူပဲ နောက်ထပ် ဘယ်နန်းကိုစိုးစံသွားမလဲဆိုတာမျိုးပဲကြားချင်ရင်း........

07/02/2026

❝ Dota 2 ကို နှုတ်ဆက်ခဲ့တဲ့ Team Secret ❞

၂၀၁၄ ကနေ (၁၂) နှစ်ကြာပြီးတဲ့နောက်မှာတော့ အောင်မြင်မှုတွေ မေ့မရနိုင်တဲ့အမှတ်တရတွေ ပေးခဲ့တဲ့ အသင်းတစ်သင်းဖြစ်တဲ့ Team Secret ကတော့ ဒီနေ့မှာ သူတို့အနေနဲ့ Dota 2 scene ကနေ ခနနှုတ်ဆက်ခဲ့ပြီလို့ကြေညာခဲ့တာဖြစ်ပါတယ်။

Kuroky,Puppey,Notail တို့ သူငယ်ချင်းသုံးယောက်စတင်ခဲ့ပြီး ချစ်စနိုးနဲ့ခေါ်ခဲ့ကြတဲ့ ဆေးလိပ်ဆိုတဲ့ Secret ကတော့ ဝမ်းနည်းစရာတွေနဲ့ချန်ထားခဲ့တာပါပဲ။‌Secret လို့ပြောလိုက်တာနဲ့ Legend ကြီး Puppey,EE နဲ့ မေဂျာတွေအကုန်ပတ်သိမ်းပြီး Ti ရမယ့်နှစ်မှာ မလုပ်ဖြစ်တဲ့ Ti နဲ့ Final မှာ Meta item တစ်ကွက်ကြောင့်ရှုံးနိမ့်ခဲ့ရတဲ့ အခိုက်အတန့်တွေကတော့ စဉ်းစားမိတိုင်းသတိရနေမှာပါ။

ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် မြန်မာနိုင်ငံသားတွေနဲ့အတူ ရပ်တည်ပေးခဲ့တဲ့ Team Secret အနေနဲ့ ခနတာ Break တာမျိုးပဲဖြစ်ပြီး ပြန်လာနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Thank You Team Secret

14/01/2026

RATATATATATATATATATA 🤣🤣🤣
ဘောလုံးပွဲတွေ Esports ပွဲတွေကို 1 𝔁𝓑𝓮tမှာ ကျွန်တော်ရဲ့ promocode - apex1x ကိုအသုံးပြုပြီ အကောင့်သစ်ဖွင့်ကာ ဘောနပ်တွေကိုရယူလိုက်ပါ…
Promocode - apex1x

13/01/2026

❝ ပထမဆုံးအကြိမ် လူမြင်ကွင်းမှာပြန်မြင်ခဲ့ရတဲ့ ရွှေဘ ❞

ပရိတ်သတ်တွေရဲ့အချစ်တော် Miracle တစ်ယောက်ကိုတော့ 2024 မှာကျင်းပခဲ့တဲ့ ESL Bangkok မှာနောက်ဆုံးမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

Miracle အနေနဲ့ Energy Drink တွေကြောင့် ကျန်းမာရေးထိခိုက်ခဲ့တာဖြစ်ပြီး အချိန်အတော်ကြာ ပြိုင်ပွဲတွေကနေလည်း အနားယူနေခဲ့တာဖြစ်ပါတယ်။ပရိတ်သတ်တွေအနေနဲ့ကလည်း Nigma က တစ်ယောက်ထွက်တာနဲ့ Miracle ကိုမျှော်နေကြတာကလည်း ထုံးစံလိုဖြစ်နေပါပြီ။

သိပ်မကြာခင်ကတော့ Jordan မင်းသားကိုယ်တိုင် Miracle နဲ့ ATF နှစ်ယောက်ကို Jordan ရဲ့ တစ်နှစ်တာထူးချွန်ဆုကိုပေးအပ်ခဲ့တာဖြစ်ပါတယ်။ဒါဟာ 2024 နောက်ပိုင်း ပထမဆုံးအနေနဲ့ Miracle ကို လူမြင်ကွင်းမှာပြန်လည်မြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။
ဘောလုံးပွဲတွေ Esports ပွဲတွေကို 1 𝔁𝓑𝓮tမှာ ကျွန်တော်ရဲ့ promocode - apex1x ကိုအသုံးပြုပြီ အကောင့်သစ်ဖွင့်ကာ ဘောနပ်တွေကိုရယူလိုက်ပါ…
Promocode - apex1x

Wollen Sie Ihr Service zum Top-Medienfirma in Munich machen?
Klicken Sie hier, um Ihren Gesponserten Eintrag zu erhalten.

Webseite

Adresse


Munich