ConvaTec Myanmar
Ostomy Appliances and Advance Wound Care
24/12/2023
ရောဂါဖြစ်နေလို့ အိပ်ရာထဲမှာ အချိန်အများစုနားနေရတဲ့ လူနာတွေသတိထားရမယ့် အချက်တစ်ခုကတော့ အိပ်ရာနာပါပဲ။🧑⚕️
------
အိပ်ရာနာဆိုတာ အရေပြားနဲ့တစ်ရှူးတွေပေါ်ကို အချိန်ကြာရှည်စွာ ဖိအားသက်ရောက်မှုကြောင့် အနာဖြစ်လာခြင်းပါ။
အိပ်ရာခင်း (သို့) အဝတ်အစားတွေနဲ့ အရေပြားပွတ်တိုက်မှု၊ ဆီးဝမ်းမထိန်းနိုင်လို့ အရေပြားနဲ့ ဆီးဝမ်းထိတွေ့မှုတွေကလည်း အိပ်ရာနာဖြစ်စေပါတယ်။
နေမကောင်းလို့ သိပ်မလှုပ်ရှားနိုင်ဘဲ အိပ်ရာပေါ်မှာပဲလှဲနေရတဲ့ လူနာတွေ၊ လေဖြတ်လူနာတွေ၊ ဆီးချိုလူနာတွေနဲ့ အဝလွန်သူတွေမှာ အိပ်ရာနာပိုဖြစ်နိုင်ပါတယ်။
အိပ်ရာနာဖြစ်နေတဲ့ လူနာကိုသက်သာအောင် ပြုလုပ်ပေးနိုင်တဲ့အချက်တွေကတော့—
၁။ နူးညံ့ပြီး အရေပြားထိခိုက်မှုမရှိတဲ့ အိပ်ရာခင်းနဲ့ အဝတ်အစားတွေ အသုံးပြုပါ။ လေမွေ့ရာ၊ ရေမွေ့ရာတွေကိုသုံးပေးပါ။
၂။ အနာကို သန့်ရှင်းခြောက်သွေ့အောင် ထားပါ။ နေ့စဉ်ပုံမှန်ဆေးထည့်ပါ။
၃။ အနာပိုမဆိုးအောင်နှင့် နောက်ထပ်အနာများထပ်မဖြစ်လာစေရန် နှစ်နာရီခြားတစ်ခါ ကိုယ်အနေအထားပြောင်းပေးပါ။
၄။ ဆီး၊ ဝမ်းသွားပြီးလျှင် သန့်ရှင်းရေးသေချာပြုလုပ်ပေးပါ။
၅။ အနာကျက်မြန်စေရန် အာဟာရပြည့်ဝစွာစားသောက်ပါ။
၆။ ဆီးချိုရှိလျှင် ဆီးချိုဓာတ်သေချာထိန်းပါ။
၇။ ဆရာဝန်နဲ့သေချာပြသပြီး သောက်ဆေး၊ လိမ်းဆေးများနှင့် ကုသမှုသေချာခံယူပါ။
ဒီအချက်တွေကို ဂရုစိုက်ပြီး အိပ်ရာနာတွေက အမြန်ဆုံး သက်သာပျောက်ကင်းနိုင်ကြပါစေနော်။
#အိပ်ရာနာ
23/11/2023
အနာကပ်ပလာစတာတစ်ခုရဲ့ အဓိကရည်ရွယ်ချက်က အနာပိုမဆိုးဝါးစေဖို့နဲ့ အနာမြန်မြန်ပြန်ကောင်းလာစေဖို့ပါ။
-----
အချို့အနာကပ်ပလာစတာတွေက ထူလွန်းတာကြောင့် အဝတ်အစားနဲ့ ပွတ်တိုက်မှုဖြစ်ပြီး ဒဏ်ရာကိုပိုဆိုးသွားစေပါတယ်။
ဒဏ်ရာကိုကပ်ထားတဲ့ အနာကပ်ပလာစတာအထူပေါ်ကနေ အဝတ်အစားဝတ်ရတာလည်း သက်သောင့်သက်သာမဖြစ်စေပါဘူး။
ဒဏ်ရာပြန်ကောင်းဖို့ အနာကပ်ပလာစတာလည်းကပ်ချင်တယ်၊ အဝတ်အစားတွေနဲ့ အဆင်ပြေချင်တယ်ဆိုရင် Duoderm Extra Thin အနာကပ်ပလာစတာရှိပါတယ်။ 🤗
Duoderm Extra Thin ကအဝတ်အစားနဲ့ အနာကပ်ပလာစတာပွတ်တိုက်မှုမဖြစ်အောင် အထူးပါးလွှာအောင်ထုတ်လုပ်ထားတာဖြစ်လို့ ကပ်လိုက်တာနဲ့ ခန္ဓာကိုယ်နဲ့ တစ်သားတည်းဖြစ်နေမှာပါ။
လိုတဲ့ပုံစံအတိုင်း ဖြတ်တောက်အသုံးပြုလို့ရပြီး ရေစိုခံတာကြောင့် ဘယ်နေရာကပ်ကပ် အဆင်ပြေပါတယ်။
ရောဂါပိုးကူးစက်မှုက ကာကွယ်ပေးပြီး အနာကျက်ဖို့လိုအပ်တဲ့ အစိုဓာတ်ထိန်းပေးလို့ အနာကိုအမြန်ဆုံးပြန်ကောင်းလာစေပါတယ်။
✅ အဝတ်အစားအောက်ကဒဏ်ရာတွေ အမြန်ဆုံးပြန်ကောင်းဖို့အတွက်ဆို ပြားချပ်ချပ်နဲ့ ပေါ့ပါးတဲ့ Duoderm Extra Thin ကိုသတိရလိုက်ပါ။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
DKSH (Myanmar)
Ranchi
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |