IPS Ruijie/Reyee Authorized Distributor I
ဝန်ဆောင်မှုကို အလေးထား IP အဖွဲ့သားများ
12/08/2023
🍀 အားလုံးပဲ မင်္ဂလာပါရှင့် ☘
Ruijie ရဲ့ S5750-H series Switch များထဲမှ RG-S5750C-28GT4XS-H နဲ့မိတ်ဆက်ပေးပါရစေရှင့်။
Multiservices Switch အမျိုးအစားဖြစ်ပြီး Ruijie ရဲ့ နောက်ဆုံးပေါ် RGOS11.X modular OS ကိုအခြေခံထားတာကြောင့် စွမ်းဆောင်ရည်နဲ့ Security ပိုင်းမြင့်တဲ့ Switch ဖြစ်ပါတယ်။
✅အားသာချက်များကတော့ ပေးရတဲ့စျေးထက် ပိုတန်တဲ့ performance ကိုရရှိခြင်း၊ Layer 3 routing အသုံးချနိုင်ခြင်းနဲ့ Expansion slot များပါဝင်တဲ့အတွက် Service module များထပ်ချဲ့နိုင်ခြင်းတို့ ဖြစ်ပါတယ်။ Port များအနေနဲ့ GE RJ45 port (၂၈) ပေါက် ၊ GE SFP combo port (၄) ပေါက် ၊ 10GE SFP+ port (၄) ပေါက်နဲ့ power module slot (၂) ပေါက်တို့ဖြင့် ဖွဲ့စည်းထားပါတယ်။ Card slot (၂) ခုပါဝင်ပြီး 1-port QSFP+ dedicated stack card အမျိုးအစားကိုသုံးနိုင်ပါတယ်။ Management port များအနေနဲ့ MGMT port (၁) ပေါက်၊ RJ45 Console port (၁) ပေါက် ၊ Mini USB Console port (၁) ပေါက်နဲ့ USB 2.0 port (၁) ပေါက်ပါဝင်ပါတယ်။
👥️Switching capacity (598) Gbps နဲ့ Forwarding rate (222) Mpps ကို support ပေးပြီး MAC address table (64000) လက်ခံနိုင်ပါတယ်။ IPv4/IPv6 Dual-stack Multi-layer Switching ကို support ပေးထားတဲ့အတွက် အသုံးပြုမယ့် အခြေအနေပေါ်မူတည်ပြီး Network လိုအပ်ချက်အလိုက် routing protocol များကိုရွေးချယ်အသုံးချနိုင်ပါတယ်။ Device များစွာကို ချိတ်ဆက်စီမံရာမှာ လွယ်ကူစေမယ့် Virtual Switching Unit (VSU) ရဲ့လုပ်ဆောင်ချက်များကလည်း user များကို အချိန်ကုန်လူပင်ပန်းသက်သာစေပါတယ်။
📈IEEE802.1Q ၊ 4094 VLAN ID ၊ Port based VLAN ၊ MAC based VLAN ၊ Protocol based VLAN ၊ Private VLAN ၊ Voice VLAN နဲ့ GVRP စတဲ့ VLAN feature များကို support ပေးပြီး Security policy များစွာ (QoS, IPv6 ACL, IP/MAC binding, CPP, NFPP, DHCP snooping, SSH, SNMPv3, etc) ထည့်သွင်းထားပါတယ်။ ဒါ့အပြင် Spanning Tree feature များဖြစ်တဲ့ VRRP ၊ RLDP ၊ ERPS ၊ REUP နဲ့ BFD များပါဝင်တာကြောင့် မြန်ဆန်တည်ငြိမ်ပြီး ပြတ်တောက်ခြင်းမရှိတဲ့ network operation ကိုပေးစွမ်းနိုင်ပါတယ်။
♻️Multicast routing protocol များသာမက MPLS နဲ့ MPLS L3 VPN တို့ကိုလည်း ရရှိနိုင်ပါတယ်။ Energy-efficient ဖြစ်တဲ့ circuit design နဲ့အစိတ်အပိုင်းများဖြင့်ထုတ်လုပ်ထားပြီး အသံဆူညံခြင်းမရှိတဲ့ built-in fan (၃)လုံးတပ်ဆင်ထားပါတယ်။ Network management နဲ့ maintenance အတွက် SNMP ၊ RMON ၊ Syslog ၊ sFlow နဲ့ log and configuration backup တို့ကို USB flash drive ကနေလုပ်ဆောင်နိုင်တဲ့အပြင် CLI ၊ Web-based management နဲ့ Telnet စတဲ့နည်းလမ်းများနဲ့လည်း လုပ်ဆောင်နိုင်ပါတယ်။ OpenFlow 1.3 နဲ့ Ruijie’s SDN controller တို့ကိုသုံးကာ Software defined network ကိုအဆင့်မြှင့်တင်နိုင်ပြီး network maintenance ကုန်ကျစရိတ်ကိုသက်သာစေပါတယ်။
✅စက်အရွယ်အစား 440 mm × 280 mm × 44 mm နဲ့ အလေးချိန် 3.9 kg ရှိပါတယ်။ Powe supply AC 100V-240V (or) HVDC 240V ကို 140 W အောက်လိုအပ်မှာဖြစ်ပါတယ်။ Warranty (၃) နှစ်ပါဝင်ပြီး အလတ်စားနဲ့အကြီးစား project များစွာအတွက် အရည်အသွေးပြည့်မီတဲ့ Switch တစ်ခုဖြစ်ကြောင်း အာမခံပါတယ်ရှင့်။
📌 Sale & Marketing
☎️ 09 768 568 111 (Viber)
☎️ 09 768 568 333 (Viber)
02/08/2023
🍀 အားလုံးပဲ မင်္ဂလာပါရှင့် ☘
Ruijie/Reyee ရဲ့ ES0 series မှ RG - ES08G လေးနဲ့ မိတ်ဆက်ပေးပါရစေရှင့်။
RG- ES08G ကတော့ Plastic Case Unmanaged Gigabit Switch အမျိုးအစားဖြစ်ပါတယ်။
✅10/100/1000Base-T port (၈) ပေါက်ပါဝင်ပြီး Switching capacity (16) Gbps နဲ့ Forwarding rate (11.904) Mpps ထိ support ပေးပြီး MAC address (4000) လက်ခံနိုင်ပါတယ်။
👥️Unmanaged switch ဖြစ်ပေမယ့်လည်း network တစ်ခုတည်းမှာ Managed switch တစ်လုံးနဲ့အတူတွဲထားပါက Cloud monitoring နဲ့ visible ဖြစ်နေပါမယ်။ Enterprise-grade အရည်အသွေးမြင့် အစိတ်အပိုင်းများ (ဥပမာ၊ pin အရေအတွက်မခိုထားတဲ့ 8-pin အပြည့်ပါတဲ့ port များ) နဲ့ထုတ်လုပ်ထားတဲ့အတွက် packet loss မဖြစ်သလို data transmission လုပ်ရာမှာလည်း မ lag တာကိုတွေ့ရပါတယ်။
♻️ဒါ့အပြင် ပန်ကာ မပါတဲ့အတွက် အသံတိတ်ဆိတ်ခြင်း၊ ချိတ်မယ့် device အလိုက် Self-adaptive feature ကို support ပေးနိုင်တဲ့အပြင် မသုံးဖြစ်တဲ့ port တွေကို အလိုအလျောက် power အဝင်လျှော့ပေးထားတဲ့အတွက် energy saving ဖြစ်ခြင်း၊ configuration မလိုဘဲ plug & play ဖြစ်တဲ့အတွက် အသုံးပြုရလွယ်ကူသက်သာခြင်းစတဲ့ အားသာချက်များလည်းရှိပါတယ်။
📈Design ပိုင်းမှာဆိုရင် စားပွဲတင်(Desktop)အမျိုးအစားကိုမှ Plastic case နဲ့ထုတ်လုပ်ထားပြီး အရွယ်အစား 144 mm x 85 mm x 23 mm ပဲရှိတာကြောင့် သေးငယ်ပေါ့ပါးတဲ့စက်ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ စက်ရဲ့ကိုယ်ထည်မှာ honeycomb ပုံစံအတိုင်း အပူပြန်ထွက်နိုင်မယ့်အပေါက်များနဲ့ ဖွဲ့စည်းထားတဲ့အတွက် Heat dissipation ကိုလုပ်ဆောင်ပေးပြီး စက်အပူချိန်ကိုလျှော့ချပေးပါတယ်။
✅Power supply အနေနဲ့ External, DC 9.0V / 600mA ကို 6.5 W အောက်လိုအပ်ပါမယ်။ Warranty (၃)နှစ်ပါဝင်တဲ့အတွက် မိတ်ဆွေတို့ရဲ့ အသေးစားလုပ်ငန်းများနဲ့ small-scale CCTV system များအတွက် စိတ်ချလက်ချ ဝယ်ယူအသုံးပြုနိုင်ပါတယ်ရှင့်။
📌 Sale & Marketing
☎️ 09 768 568 111 (Viber)
☎️ 09 768 568 333 (Viber)
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No-20, Bominkhaung Street, BoSeinMhan Ward
Ranchi
11201
Opening Hours
| Monday | 08:30 - 17:30 |
| Tuesday | 08:30 - 17:30 |
| Wednesday | 08:30 - 17:30 |
| Thursday | 08:30 - 17:30 |
| Friday | 08:30 - 17:30 |
| Saturday | 08:30 - 17:30 |
| Sunday | 08:30 - 17:30 |