Europe Edu Guide

Europe Edu Guide

Compartir

🏫

Photos from Europe Edu Guide's post 19/09/2024

Feb Intake ရှိတဲ့ Czech Republic က Masaryk University

တစ်နှစ်စာ ကျောင်းလခ Euro 2000-4000 ကြား ၀န်းကျင်ကြားရှိပါတယ် 🇨🇿🇪🇺

🌍Masaryk University (MU) က ပထမဆုံး Czechoslovak President T. G. Masaryk ဆိုတဲ့ အမည်ဖြင့် 1919 ခုနှစ်တွင် Czech Republic ၏ ဒုတိယအကြီးဆုံးမြို့ Brno တွင် စတင်တည်ထောင်ခဲ့ပါတယ်.. Bruno မြို့မှာ Central Europe မှာတည်ရှိပြီး ကျောင်းသားမြို့တော်အဖြစ်နံမည်ကြီးပါတယ် ..

🌍နှစ်ပေါင်း ၁၀၀ ကျော်အတွင်းမှာ Masaryk Universityကနေ ဘွဲ့ရ 170,000 ကျော်အား မွေးထုတ်ပေးခဲ့ပြီးတော့ နယ်ပယ်များစွာနှင့် ကမ္ဘာ့နိုင်ငံအများအပြားတွင် ထူးချွန်သူများစွာ မွေးထုတ်ပေးခဲ့တဲ့ တက္ကသိုလ်ဖြစ်ပါတယ်.. ပုံမှန်စစ်တမ်းတွေအရ Masaryk တက္ကသိုလ်ဘွဲ့ရ 98% ဟာ သူတို့ရဲ့နယ်ပယ်မှာ အလုပ်အကိုင်ရရှိကြပါတယ်.. 2010 ခုနှစ်တွင် Masaryk University သည် European Credit Transfer System Label ကို ကိုင်ဆောင်သည့် ပထမဆုံး Czech Institute ဖြစ်လာခဲ့ပါတယ်.. 2024 QS ranking 400th မှာ ရှိပါတယ် ။
International students ပေါင်း 6000 ကျော်ရှိပြီး faculties 10 ခုမှာ departments ပေါင်း 200 ကျော်ရှိတာမို့ ရွေးချယ်စရာ ဘာသာရပ်တွေကလည်း အလွန် များပြားပါတယ် ..

➡️Official Website link
အောက်က link လေးကတော့ official website link လေးဖြစ်ပါတယ်
https://www.muni.cz/en

➡️ Programs
English သင်ကြားနိုင်တဲ့ engineering program တွေ အမြောက်အများရှိတာမို့ အောက်က link မှာ အသေးစိတ်၀င်ကြည့်နိုင်ပါတယ်
https://www.muni.cz/en/admissions/bachelors-and-masters-studies

➡️ Tuition fees
Tuition fees ကတော့ ကိုယ်တက်မဲ့ ဘာသာအပေါ်မူတည်ပြီးတော့ တစ်နှစ်စာ ကျောင်းလခ EUR 2400 ကနေ EUR 7000 အတွင်းရှိပါတယ်

➡️ Living Cost
နေစားရိတ်ကတော့ Student dormitory တွေမှာဆိုရင် တစ်လကို euro 170 ကနေစပြီးရှိပါတယ်
စားစရိတ်အနေနဲ့ကလည်း စျေးမကြီးတာမို့ ခြွေတာတတ်ရင် တစ်လကို Euro 300 ၀န်းကျင်နဲ့ လောက်ပါတယ်..

Feb Intake ဖွင့်တဲ့ Faculties တွေနဲ့ deadline တွေကေျာ့ အောက်ပါအတိုင်းဖြစ်ပါတယ်။

Faculty of Arts
February intake: 31 October

Faculty of Economics and Administration
February intake: 15 October

Faculty of Informatics
February intake: 15 October

Faculty of Social Studies
February intake: 15 Nov

Scholarship
Masaryk University တွေကနေ ပေးနေတဲ့ scholarship တွေကိုတော့ အောက်က programs တွေမှာ ကြည့်လို့ရနိုင်ပါတယ်။
https://www.muni.cz/en/students/scholarships?fbclid=IwZXh0bgNhZW0CMTEAAR0RbKbe8zlVsqbQdhUYFcfZC7D7jbSi56c9sjZvmN9YQPl8zWT0hFBybkY_aem_jPuo3GyyQMgwAyCDlHpGjA

ကဲ ဥရောပ နိုင်ငံတွေမှာ ကျောင်းလျှောက်ဖို့ စဉ်းစားနေတယ်ဆိုရင်တာ့ Europe Edu Guide မှာ
1. ကျောင်းလျှောက်ပေးတဲ့ services ရှိပါတယ်
2. visa application services ကိုလည်း အရမ်းသက်သာတဲ့ နှုန်းထားနဲ့ဆောင်ရွက်ပေးနေပါပြီ
3. တခြား အထွေထွေ သိချင်တာတွရှိရင်လည်း consultation services ကို booking တင်ပြီး ဆွေးနွေးလို့ရပါတယ် ။

Photos from Alex’s Journey's post 13/08/2024

ကို Alex ပြောထားတဲ့အတိုင်းပဲ .. အရင်အပတ်ကအိန္ဒိယပိုလန်သံရုံးက ကြေငြာအပြီး ဒီအပတ် ထိုင်းသံရုံးကပါ list ထဲမှာ recognition/nostrification တင်ဖို့ ထပ်တိုးလာပါတယ် ။

processing. Time ရော စာရွက်မူရင်းတွေ ဒီပို့ဖို့ ဘညာနဲ့ အနည်းဆုံးကြာချိန် ၁လခွဲ ဝန်းကျင် ကြာမြင့်မှာဖြစ်လို့ ဒီ Oct Intake အမှီရဖို့က မလွယ်ပါဘူး ။

ကျောင်းတွေဘက်က စုပေါင်းပြီး request လုပ်ပေးတာကို လက်ခံရင်ပြီး ဒီအချက်ကို ဖြေလျော့ပေးဖို့ မင်မင်တွေမျှော်လင့်စောင့်စားနေပါတယ် ။

09/07/2024

Thai visa processing time က ၅ရက်ဖြစ်သွားပါပြီတဲ့။

04/07/2024

💁🏻‍♀️ Poland မှာ ကျောင်းလျှောက်ထားတဲ့ ကျောင်းသားတွေ တောက်လျှောက် offer တွေရနေကြပြီ မကြာခင် ကျန်တဲ့ ကျောင်းတွေလည်း assessment results တွေ offer တွေထွက်လာမဲ့ရက် နီးပြီဆိုတော့ ရင်ခုန်နေကြပြီဟုတ် ?

အဲ့ကျတော့ ဒီ ပို့စ်မှာဆိုရင် offer letter ရပြီဆိုတာနဲ့ ဘာတွေ လုပ်သင့်တာလဲဆိုတာ sharing လုပ်သွားပါမယ်။

💁🏻‍♀️ Offer letter ရပြီးတာနဲ့ကျောင်းတွေက ၂ပတ်ကနေ ၄ပတ်အတွင်းကို ကျောင်းလခ သွင်းခိုင်းပါတယ်၊ တက္ကသိုလ်တစ်ခုနဲ့ တစ်ခု rules ကတော့နည်းနည်းကွာပါတယ်။ အဲ့အတွက် offer ရလာရင် ချက်ချင်း ကျောင်းလခလွှဲနိုင်ဖို့ လိုအပ်တဲ့ ငွေပမာဏ ကြိုတင်ပြီး ပြင်ဆင်ထားရပါမယ်။ မြန်မာကနေ ကျောင်းဘက်ကို တိုက်ရိုက် ငွေလွှဲလို့ မရတာကြောင့် Euro or တခြား နိုင်ငံခြား currency တစ်ခုဝယ်ပြီး လွှဲရမှာဖြစ်တဲ့အတွက် ကြာမြင့်ချိန်က ၃-၅ရက် အထိရှိနိုင်ပါတယ်။

💁🏻‍♀️ ပြီးရင် ပိုလန်visaကို ထိုင်းက ပိုလန်သံရုံးမှာလျှောက်ရမှာဖြစ်တဲ့အတွက် ကြာချိန်ကလည်း ၁၅ ရက်နဲ့ အထက်မို့ ထိုင်း tourist visa ကြိုတင်လျှောက်ထားဖို့လိုပါတယ်၊ ကျောင်းက offer ရလာပြီဆိုတာနဲ့ ကျောင်းလခသွင်းပြီးတော့ ထိုင်းသံရုံးမှာ tourist visa လျှောက်ဖို့နဲ့ ထိုင်းလေယာဉ်လက်မှတ်ဝယ်ဖို့လည်း ကြိုတင်ပြင်ဆင်ထားရပါမယ်။

💁🏻‍♀️ကျောင်းလခသွင်းပြီး တစ်ပတ်ကနေ ၂ပတ်အတွင်း ကျောင်းဘက်က final acceptance letter ထုတ်ပေးပါတယ်

💁🏻‍♀️ပြီးရင်တော့ Visa အတွက် လိုအပ်တဲ့ အဆောင် dormitory confirmation, ပိုလန်သံရုံးအသိအမှတ်ပြု တစ်နှစ်စာ Health Insurance, Flight Booking စတာတွေအပြင် visa တင်ဖို့လိုအပ်တဲ့ bank statement နဲ့ တခြား documents တွေလည်း ready စပြင်ဆင်ထားဖို့လိုပါတယ်။

💁🏻‍♀️ ကျောင်းဘက်ကနေ documents မူရင်းတွေအတွက် ကိုယ့်လိပ်စာကို တိုက်ရိုက် ပို့ခိုင်းလို့ရသလို မြန်မာမှာ postal code တွေ မတိကျလို့ ပျောက်ရှမှာစိုးရိမ်တယ်ဆိုရင် ပိုလန်မှာရှိတဲ့အသိကို ယူပြီး တစ်ဆင့်ပို့ခိုင်းနိုင်ပါတယ်၊ ( မင်မင်တို့ဆီက ကျောင်းသားတိုင်းကိုတော့ ပိုလန်က အက်မင်တွေ တာဝန်ယူပြီး ပို့ဆောင်ပေးနေပါတယ်)

နောက်တစ်ဆင့် Visa အတွက် ပြင်ဆင်ဖို့နဲ့ ဆောင်ရန် ရှောင်ရန်လေးတွေတော့ နောက်တစ်ပို့စ်မှာ ဆက်ရေးပေးသွားပါမယ် ။

( ပုံလေးကတော့ မကြာခင်ကပဲ Warsaw University of Technology အတွက် offer ရထားတာလေးပါ)

¿Quieres que tu escuela/facultad sea el Escuela/facultad mas cotizado en Madrid?
Haga clic aquí para reclamar su Entrada Patrocinada.

Categoría

Página web

Dirección


Calle De Rodrigo Uhagón, 5
Madrid