SNL

SNL

Share

Documentary

Photos from SNL's post 24/04/2026

အမှတ်တရ အထိမ်းအမှတ် ထုတ်ဝေသည်ဟုဆိုခဲ့သော ငွေကျပ် နှစ်သောင်းတန်များကို မြန်မာ့စီး ပွားရေးဘဏ်၊ မြ၀တီဘဏ်နှင့်အင်း၀ဘဏ်တို့တွင် လာထုတ်သော ငွေပမာဏ၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်း ထည့် သွင်းထုတ်ပေးနေ

ရန်ကုန်၊ ဧပြီ ၂၄

အကြမ်းဖက် စစ်တပ်က အမှတ်တရ ထုတ်ဝေသည်ဟုဆိုခဲ့သော ငွေကျပ် နှစ်သောင်းတန်များကို မြန်မာ့စီးပွားရေးဘဏ်၊ မြ၀တီဘဏ်နှင့်အင်း၀ဘဏ်တို့တွင် လာထုတ်သော ငွေပမာဏ၏ ၁၀ ရာခိုင်နှုန်း ထည့်သွင်းထုတ်ပေးနေကြောင်း ငွေထုတ်ယူခဲ့သော စီးပွားရေးသမားတချို့နှင့်ပဲနှမ်းကုန်သည်တချို့၏ ပြောဆိုချက်များအရ သိရှိရသည်။

အကြမ်းဖက် စစ်တပ်က ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့တွင် ဆင်ဖြူတော်၏ ၁ နှစ်ပြည့် မွေးနေ့ နှင့် မာရဝိဇယ ဘုရားဆင်းတု ပြီးစီးသည့် အထိမ်းအမှတ်အဖြစ် အမှတ်တရဟုဆိုကာ ငွေကျပ် နှစ်သောင်းတန်များကို ထုတ်ဝေခဲ့ကြောင်း၊ စစ်တပ်က ငွေစက္ကူနှစ်သောင်းတန်များကို မြန်မာ့စီးပွားရေးဘဏ်အပါအဝင် စစ်တပ်နှင့် အစိုးရဘဏ်များတွင် လာထုတ်သော ငွေပမာဏ၏ ၁၀ ရာခိုင်နှုန်းကို ထည့်သွင်း ထုတ်ပေးလာခြင်းဖြစကြောင်း သိရှိရသည်။

" ငွေသိန်း ၁၀၀ ဆိုရင် ၁၀ သိန်းကတော့ နှစ်သောင်းတန်တွေပေးတယ်။ ပခုက္ကူမြန်မာ့စီးပွားရေးဘဏ်က ထုတ်ပေးတာ။ အကြွေရှားလို့ နှစ်သောင်းတန်တွေအစား ၅၀၀၀ တန်နဲ့ ၁၀၀၀၀ တန်ပြန်လဲခိုင်းတာ လဲမပေးဘူး။ ၁၀ ရာခိုင်နှုန်းကတော့ နှစ်သောင်းတန်ပါမှာလို့ပြောတယ်" ဟု ယခုအပတ်အတွင်းငွေထုတ်ယူခဲ့သော ပဲကုန်သည်တစ်ဦးက ရှင်းပြသည်။

အလားတူ စစ်တပ်လက်အောက်ခံ မြ၀တီဘဏ်နှင့် အင်း၀ဘဏ်တို့တွင်လည်း ပမာဏကြီးမားသော ငွေ ထုတ် ယူမှုများတွင် ငွေကျပ် နှစ်သောင်းတန်များကို တွဲဖက်ထုတ်ပေးနေကြောင်း၊ အထူးသဖြင့် စစ်တပ်နှင့်တွဲဖက်လုပ်ကိုင်နေသော တင်ဒါလုပ်ငန်းများအတွက် ငွေပေးငွေယူကိစ္စများတွင် ငွေကျပ် နှစ်သောင်းတန်များ ပါဝင်လာခြင်းဖြစ်ကြောင်း UMCCI မှ စီးပွားရေးသမားတချို့ထံမှ သိရှိရသည်။

"ငွေကျပ် နှစ်သောင်းတန်တွေက ခါတိုင်းထက်ပိုထုတ်ပေးလာတယ်။ အစိုးရဘဏ်နဲ့ တပ်မတော်ဘဏ်တွေမှာ ငွေထုတ်ရင် နှစ်သောင်းတန်တွေတော့ ပါလာတယ်။ ပမာဏ အကုန်လုံး နှစ်သောင်းတန်တွေချည်းပေးတာမျိုး မဟုတ်ဘူး။ ငွေထုတ်တဲ့ပမာဏအလိုက် နှစ်သောင်းတန်တွေကိုပါ မျှပြီး ညှပ်ထုတ်ပေးနေတာ။ အရင်ထက်စာရင်တော့ ပိုပြီးတော့ ငွေလည်ပတ်မှုထဲကိုတော့ နှစ်သောင်းတန် တွေ ပိုတော့ ဝင်လာတယ်" ဟု UMFCCI မှ စီးပွားရေးသမားက ရှင်းပြသည်။

စစ်တပ်က နှစ်သောင်းတန် ငွေစက္ကူများကို နည်းလမ်းအမျိုးမျိုးဖြင့် ငွေလည်ပတ်မှုထဲသို့ ထည့်သွင်းနေပြီး ပုဂ္ဂလိကဘဏ်များတွင် နှစ်သောင်းတန်ငွေစက္ကူများ ထည့်သွင်းထုတ်ပေးမှုများလည်း များပြားလာနေကြောင်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ- ပြည်သူများလက်အတွင်းသို့ ပိုမိုရောက်ရှိ လည်ပတ်လာသော ငွေကျပ် နှစ်သောင်းတန်ငွေစက္ကူများ။

20/04/2026

အမေစု အစိုးရတက်လာတော့ နိုင်ငံတော်အဆင့် အခမ်းအနားတွေ လုပ်ရင် ဒုတိယသမ္မတ မြင့်ဆွေရဲ့ မိန်းမ ဒေါ်ခင်သက်ဌေးလည်း တက်ရတယ်။

သမိုင်းနည်းနည်း ပြန်ကောက်ရရင် ဒေါ်ခင်သက်ဌေး ယောကျာ်း ဗိုလ်ချုပ်ကြီး ဘဝ ရန်ကုန်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒေါ်ကြိုင်ကြိုင်တို့ရဲ့ လက်စွဲတော်အဖြစ် ကာလရှည်တာဝန်ထမ်းဆောင်တုန်းက ကြူကြူလှဆိုတာ စစ်တပ်ထုံးစံအရဆို ခြင်းဆွဲ အဝတ်လျှော် မီးပူတိုက်ပေးရတာပေါ့။ အဲ့တုန်းကတော့ မမဌေးလို့ ခေါ်တာပေါ့။

အာဏာသိမ်းတော့ ခင်သက်ဌေးတယောက် ငြိုးသူကလဲ့စားနဲ့ ကြုံရဆုံရတော့တာပါပဲ။ နိုင်ငံတော်အခမ်းအနားတွေ အများစုကို မဖိတ်ဘူး။ ဖိတ်ရင်လည်း ထိုင်ခုံနေရာချမှုမှာ သိသိသာသာ ခွဲခြားတယ်။ သူတို့အခေါ် နိုင်ငံတော်ယာယီသမ္မတရဲ့ ကတော်ဖြစ်ပါလျက် ကြူကြူလှဘေးမှာ ခုံသေးနဲ့ပဲ ထိုင်ရတယ်။

ဒါတွေ ပြောလို့ ခင်သက်ဌေးတယောက် စိတ်နာလည်း ကြိတ်ခါပြောရုံပဲ တတ်နိုင်မှာပါ။ နောက်ဆုံးကျ စိတ်ထောင်းကိုယ်ကျေ လင်လည်းသေသွားရတယ်။ မမဌေးလည်း သားမက်က ခြံတွေ မြေတွေ အမည်ပေါက်ရောင်းသွားတော့ မကျေပွဲနွှဲချင်တာတောင် ဟိုးလေးတကြော် ဖြစ်စေတယ် အကြောင်းပြချက်နဲ့ သတင်းစာထဲတောင် ထပ်ကြေညာခွင့် မရရှာတော့ဘူး။ သူတို့ကျ ထိုင်းမှာ စံအိမ် ဘယ်နှစ်လုံးမှန်းတောင် မသိတော့ပါဘူး။

အမေစုတို့ကတော့ နိုင်ငံတော်အခမ်းအနားလုပ်တိုင်း ဒေါ်ခင်သက်ဌေးတယောက် အနောက်နားမှာ ထိုင်ရင် ညီမလေး ရှေ့လာထိုင်ဆိုပြီး အမေစုရော အန်တီချိုရောက ခေါ်တယ်။ ဒေါ်ခင်သက်ဌေးတယောက် လူခေတ်မှာ လူရာဝင်ခဲ့ပေမဲ့ မိစ္ဆာခေတ်ကျ လင်နာရေးမှာမှာတောင် ခုံပေါ်ကမဆင်းတဲ့ လင်မယားနဲ့ တိုးတော့တာပါပဲ။

17/04/2026

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို အကြမ်းဖက် စစ်တပ်က ပြန်လွှတ်ပေးရာတွင် နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ပြစ်မှုလက်ကျန်ကိုပါ ပြန်လည်ကျခံရမည်ဆိုသော စည်းကမ်းချက် သတ်မှတ်ထား

ရန်ကုန်၊ ဧပြီ ၁၇

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို အကြမ်းဖက် စစ်တပ်က ပြန်လွှတ်ပေးရာတွင် နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ပြစ်မှုလက်ကျန်ကိုပါ ဆက်လက်ကျခံရမည်ဆိုသော စည်းကမ်းချက် သတ်မှတ်ထားကြောင်း စစ်တပ်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

တောင်ငူအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ကို အကြမး်ဖက်စစ်တပ်က ယနေ့တွင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ၁ ဖြင့် ပြန်လည်လွှတ်ပေးခြင်းဖြစ်ပြီး အဆိုပါ ပုဒ်မမှာ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိနေသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဆိုသော စည်းကမ်းချက်ဖြင့် ပြန်လည် လွှတ်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

အခြားသတင်းများအရ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲမည်ဆိုသော သတင်းများ ကျယ်ပြန့်စွာ ထွက် ပေါ်နေပြီး NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်အပါအဝင် ခေါင်းဆောင်များ နေပြည်တော်သို့ သွားရောက်နေကြကြောင်း သိရှိရသည်။

Want your public figure to be the top-listed Public Figure in Batam?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Batam