Taste Nara
Taste life beyond borders.
🌏 foodie soul ✈️ | exploring bites & sights
မနက်ဖြန်နှစ်ကုန်ပြီလေ😍
19/12/2025
Schengen Visa Approved Already 😎
တပတ်လောက်ဘဲကြာတယ်။ ရတာမြန်တယ်ရော။
Approved ဖြစ်ပြီဆိုတော့ ကိုယ်တကယ်သွားမဲ့နေရာတွေ လက်မှတ်တွေ plan ပြန်ချလို့ရပါပြီ။
Indonesia Komodo Island 3Days2 Night Boat Tour တုံးက
မမေ့ရတဲ့အမှတ်တရတခုထဲပါတယ်။
15/12/2025
Chill လဲ Chill ချင်တယ် ခရီးစရိတ်လဲအများကြီးမကုန်
ချင်ဘူး။
Limit - 500-1000 ဆို ဗီယက်နမ်သွား (လေယာဉ်လက်မှတ်ဖိုးမပါ)
Limit - 1000- 1500/2000 ဆို ဘာလီသွား
ဘာလီနဲ့ ဗီယက်နမ်ဆို ဗီယက်နမ်ကပိုသက်သာတယ်။
အစားအသောက် တချို့ ဗီယက်နမ်အစားအစာတွေက မြန်မာပါးစပ်နဲ့မကိုက်ဘူးပြောကြပေမဲ့ မြန်မာပါးစပ်နဲ့အရသာတွေ့ပြီး တော်တော်ကောင်းတဲ့ အစားအစာတွေ အများကြီးရှိပါတယ်။ မြန်မာမှာတောင် မုန့်ဟင်းခါးချက်တာ ကောင်းတဲ့ဆိုင်မှကောင်းတာကိုး။ အခုစင်ကာပူကလူတော်တော်များများ ဗီယက်နမ်ကိုသွားကြပါတယ်။ မရောက်ဖူးသေးရင်တော့ သွားဖူးသင့်တဲ့အထဲပါပါတယ်။ နေရာပေါ်မူတည်ပြီး ၄/၅ ရက်လောက်ဆိုအဆင်ပြေပါတယ်။
နေရာတွေလဲလှတယ်၊ အစားအသောက်တွေလဲကောင်းတယ်၊Tourist တွေကို ဂျင်းမထည့်ဘူး။
ဘာလီကတော့ နံမည်ကြီးဘဲ ဟိုးအစထဲက။ ၇ ရက်တော့အနည်းဆုံးပေးရတယ် ၇ ရက်ဆိုတောင်နေရာစုံမရောက်ဘူး၊Tourist တွေလာတာအရမ်းများတော့ စျေးပိုကြီးတယ်။
အချိန်ပေးရလို့ ။ အေးအေးဆေးဆေးရမှသွား။
ဘယ်မှမရောက်သေးဘူးဆိုရင်တော့ ဗီယက်နမ် Hà Nội ကိုအရင်သွား။
(၁) Halong Bay - Hanoi ကနေတနာရီခွဲ
(၂) Sapa - Hanoi ကနေ ၄-၅ နာရီလောက် Sleeping Bus နဲ့သွားရတယ်
(၃) Ta Xua - Hanoi ကနေ ၆ နာရီလောက် သူလဲ Sleeping Bus ဘဲ
(၄) Ha Giang. -Hanoi ကနေ ၈ နာရီလောက်
အခုလောလောဆယ် Vietnam Local တွေသွားများနေတာတော့ Ta Xua နဲ့ Ha Giang.
ရက် ၄/၅ ရက်လောက်ဘဲရတယ်ဆိုရင်
Hà Nội + Halong Bay + Sapa
Hà Nội + Ta Xua
Hà Nội + Ha Giang
Sapa သွားရင် Ta Xua နဲ့ Ha Giang သွားလို့မရဘူး။ သူတို့ကတောင်နဲ့မြောက်မို့။
15/12/2025
EU Visa လျှောက်ဖို့ Insurance ဝယ်ရင်လေ Trip ကနေလေယာဉ်လက်မှတ်ဝယ်ရင်းတခါထဲမဝယ်လိုက်ပါနဲ့နော်။ သပ်သပ်တခြား Insurance website တွေကနေဝယ်ပါ။ Schengen EU website တို့အတွက်ရှိပါတယ်။ လေယာဉ်လက်မှတ်ဝယ်ရင်းဝယ်တဲ့အခါ သူ့ Itinerary မှာက လေယာဉ် ရောက်တဲ့နိုင်ငံတွေဘဲပါတော့ ကြားနိုင်ငံတိုင်းပြည်တို့မပါဘူး။ Insurance ကိုဖုန်းဆက်တော့ကြတော့ Trip ကနေတဆင့်ဝယ်တော့ အဲ့ဒီလေယာဉ်လက်မှတ်မှာပါတဲ့နိုင်ငံအတိုင်းဘဲ ပြောင်းလို့မရဘူးဆိုတော့။အဲ့တော့ Visa လျှောက်တဲ့ရုံးက လက်မခံတော့ ပြန် submit ရတယ်။ Trip ကနေဝယ်တဲ့ Insurance ကို Cancel လုပ်ပြီး သီးသန့် Worldwide coverage ဖြစ်တဲ့ Schengen Travel Insurance ထပ်ဝယ်ရတယ်။ တခုကောင်းတာက Free Cancellation တွေမို့ cancellation လုပ်ရလွယ်ပါတယ်။ ငွေကတော့ ကိုယ့်အကောင့်ထဲဝင်ဖို့ 10 ရက်လောက်တော့ကြာတယ်။
ကျွန်မဝယ်ခဲ့တာကတော့ AXA Schengen ကပါ။
ဗီဇာလျှောက်ရင် Documents တွေနဲ့အတူ ကိုယ့် Passport ပါ အတူထားခဲ့ရတာပါ။ သူ့ Processing time 2-3 weeks ပေါ့။ အဲ့အတော့အတွင်း ဘဏ်ကိစ္စတွေလုပ်စရာရှိတယ်ဆိုရင် ကြိုလုပ်ထားကြပါလို့။🙂
How to Apply For a Schengen Visa by Ourselves!
Schengen Visa ဆိုတာကတော့ အဲ့ Visa ရရင် European Countries 27 နိုင်ငံကိုလည်ပတ်လို့ရတဲ့ Visa အမျိုးအစားပါ။
Euro 27 နိုင်ငံထဲက တနိုင်ငံကို ဦးတည်ပြီး Visa လျှောက်ရပါမယ်။ဥပမာ ကိုယ်က ၁၄ ရက်လည်ပတ်မယ်။ ၄/၅ နိုင်ငံလောက်သွားမယ်။
Finland- Switzerland- France- Italy
ဆိုပါစို့ ကိုယ်သွားမဲ့နိုင်ငံတွေထဲက အများဆံုးနေမဲ့ နိုင်ငံကို Visa ဦးတည်လျှောက်ရမှာပါ။ ကျွန်မ က Italy ကို ရက်
အများဆုံးနေမယ် လို့ Hotel booked ထားတဲ့အတွက် Italy ကိုလျှောက်ပါတယ်။
အဲ့မှာ BLS International နဲ့ VFS Global ဆိုတဲ့ Embassy ကိုယ်စားလှယ် Visa Application Centre တွေရှိပါတယ်။
သူတို့က Embassy ကိုယ်စား Visa Documents တွေကိုလက်ခံပေးတာပါ။ Decision ကတော့ Embassy ကဘဲဆုံးဖြတ်ပါတယ်။ တခုက Visa ကို ကိုယ်သွားမဲ့ရက်မတိုင်ခင် ၂ ပတ် အနည်းဆုံးတော့လျှောက်ပေးရပါတယ်။ သူ့ Processing Time က ၁၅ ရက်လောက်ကြာတတ်ပါတယ်။ တချို့လဲ အဲ့ထက် မြန်တယ် တချို့လဲ ရက် ၃၀ လောက်ကြာတတ်လို့ စိတ်ချရအောင် ၁ လလောက်ကြိုလျှောက်ရင်အကောင်းဆုံးပါ။ ကိုယ့် documents တခုခု လိုတာဖြစ်ဖြစ် ပြန်တင်ရတာဖြစ်ဖြစ်။ကိုယ်ကတော့ BLS International Center ကနေပြီး Documents တွေတင်ခဲ့ပါတယ်။
လိုအပ်တဲ့ documents များ:
(၁) လေယာဉ်လက်မှတ် အသွားအပြန်
ကိုယ်က တခြားနိုင်ငံတွေ ပါပတ်သွားမယ်ဆို အဲ့သွားမဲ့အလိုက် ရထားလက်မှတ် ဒါမှမဟုတ် လေယာဉ်လတ်မှတ်တွေလိုပါတယ်။
Klook ကနေတော့ Train pass တွေဝယ်လို့ရပါတယ်။
အဲ့ Tips & Tricks တွေကတော့ သပ်သပ် sharing ထပ်လုက်ပေးပါမယ်😉 အဓိကက Visa ရဖို့လေနော့
(၂) Company Letter with Physical Stamp
ဒါက ကိုယ်အလုပ်လုပ်နေတဲ့ကုမ္ပဏီက HR တို့ကို ငါ Schengen Visa လုပ်ချင်လို့ ငါ့ကို Company Letter လုပ်ပေးပါဆိုပြီးတောင်းရပါတယ်။
အဲ့ထဲမှာ ကိုယ်က ဒီကုမ္ပဏီ မှာ ဘယ်position လစာဘယ်လောက်နဲ့ ကိုယ့်
Applicant Name
Nationality
Passport No
Joined Date
Current Designation
Current Monthly Salary တွေနဲ့ ဒီသူဟာ ဒီရက်ကနေဒီရက်မှာ ခရီးထွက်ဖို့ Leave Approved ရပါတယ်ဆိုတဲ့အကြောင်းတို့ပါ။
အဲ့မှာအရေးကြီးတာက Company Stamp ပါရပါတယ်။ e stamp မရပါ။ Physical stamp လုပ်ခိုင်းရပါတယ်။
Sign တော့ e-Sign ရပါတယ်။
ကျွန်မက BLS International requirements ကိုအခြေတည်ပြီးပြောတာပါနော်။ VFS Global ရုံးကတော့ရမရမသိဘူး သူ့ requirements တွေကို။
(၃) နောက်ဆုံး ၃ လ Bank Statements with Stamp
အဲ့ဒါက ကိုယ်လစာပုံမှန်ဝင်တဲ့ Bank ဆီသွားပြီးတော့ ငါ EU visa လျှောက်ဖို့ Bank Statements ကို Stamp နဲ့ထုတ်ပေးပါဆိုပြီးသွားတောင်းရပါတယ်။ မြန်တယ် လူမများရင် ၁၀ -၁၅ မိနစ်လောက်ဘဲ။
(၄) ကိုယ်သွားမဲ့နိုင်ငံတွေရဲ့ Hotel Booking or AirBnB booking
အဲ့Booking တွေမှာ ဘယ်ရက်ကနေ ဘယ်ရက်ထိနေမယ်ဆိုတာရယ် ၊ address ရယ် ပါရပါမယ်။
(၅) Travel Insurance
ကိုယ်ခရီးသွားမဲ့ရက်တွေ အတွင်း Cover ဖြစ်တဲ့ Insurance ဝယ်ရပါတယ်။ Insurance Coverage Amounts က
Minimum £ 30,000 cover ဖြစ်တာကိုဝယ်ရပါတယ်။
ကိုယ်က Trips ကနေ လေယာဉ်လတ်မှတ်ဝယ်ရင်းနဲ့ စျေးက SG 50 မကျော်တော့ သက်သာတာနဲ့ တခါထဲအဲ့ကဘဲဝယ်လိုက်တယ်။
တခုသတိပြုရမှာက ကိုယ်ဝယ်လိုက်တဲ့ Insurance သည် ကိုယ်သွားမဲ့ နိုင်ငံတိုင်းအတွက် cover ဖြစ်တယ်ဆိုတဲ့စာပါရပါမယ်။ Worldwide ဆိုတဲ့စားဖြစ်ဖြစ် ကိုယ်သွားမဲ့နိုင်ငံတိုင်းရဲ့ အမည်ဖြစ်ဖြစ်။ မပါခဲ့ရင် ဝယ်တဲ့ Insurance ကုမ္ပဏီကိုဆက်သွယ်ပြီး စာပြင်ပြီးထပ်ပို့ခိုင်းပါ။
(၆) Passport
ပတ်စပို့ သက်တမ်း အနည်းဆုံး ကိုယ်သွားမဲ့ ခရီး ရက်အပြီး တလအကျော် အထိကျန်နေရပါမယ်။
စာအုပ်မှာစာရွက်လွတ်အနည်းဆုံး ၂ ရွက်တော့အလွတ်ရှိနေရပါမယ်။
(၇) Spass or WP
ကိုယ်အလုပ်လုပ်နေတဲ့ နိုင်ငံရဲ့ Pass ။
(၈) ဓါတ်ပုံ
အဖြူရောင် နောက်ခံ
(၉) Travel Itinerary
ကိုယ်သွားမဲ့နိုင်ငံတွေရဲ့ ခရီးစဉ်
စဉ်းစားမရရင် ကိုယ်နေမဲ့ နေ့တွေ နိုင်ငံတွေ အချက်အလက်တွေကို Chat GPT ကိုပေးပြီးလုပ်ခိုင်းလို့ရပါတယ်🤭🤭🤭
(၁၀) Visa Applications
ရုံးကိုသွားရင် သူတို့ပေးပါတယ်။ အချက်အလက်တွေကိုအဲ့ရုံးမှာဘဲဖြည့်ပါတယ်။
မသိတာရှိလဲ တန်းမေးလို့ရတာပေါ့။ မမှားတော့ဘူးပေါ့။
အဲ့ဒါတွေပါရှင်။
ကိုယ်သွားတင်ပြီး information မစုံရင်လဲ ရရာအရင်တင်ပြီး လိုအပ်တာတွေကိုနောက်တခေါက်ပြန်တင်လို့ရပါတယ်။
သူတို့ Payslip ၃လစာမတောင်းဘူး။
အခွန်ဆောင်ထားတာ Notice of Assessment မတောင်းဘူး။ ၃ လစာ Bank Statements with Stamp ဘဲတောင်းတယ်။ Japan Visa နဲ့ပြောင်းပြန် Japan Visa လျှောက်တုံးကBank Statement မတောင်းဘူး ။ ၃လစာ payslips နဲ့ Notice of Assessment ဘဲတောင်းတာ။
ကျွန်မကတော့ လိုလိုမယ်မယ် Print ထုတ်သွားတာမို့ Payslips ရော Notice of Assessment ပါပေးခဲ့လိုက်တယ်။
ကိုယ်ကတော့
BLS International ကိုဘယ်လို သွားရမလဲဆိုတော့။
သူ့ website ကိုအရင်ဝင်ပြီး Sign Up လုပ်။ Log in ဝင်ပြီး Booking Appointment လုပ် လုပ်ရတာလွယ်တယ် မြန်တယ် Booking Appointment အတွက်လဲရက်တွေကြာဘူး ကိုယ်အဆင်ပြေတဲ့အချိန် booking တင်လို့ရတယ်။ ပြီး booking လဲcancel လို့ရတယ်။ ဒါမဲ့ တခါထက်ပိုပြီး cancel လို့မရဘူး။ Error တက်တယ်။
Booking Appointment date မှာမသွားဖြစ်ခဲ့ရင် တန်းပြီး Booking ထပ်ယူလို့မရဘူးပြောတယ် ။ ၂ ရက်စောင့်ရတယ်တဲ့။ ကိုယ်ကတော့ Appointment ရက်အတိုင်းသွားခဲ့တော့ အဲ့ information တော့မသေချာဘူး။
Visa လျှောက်ခကတော့ SGD 199.— S $200 နီးပါးပေါ့။
စင်ကာပူကနေလျှောက်တဲ့အတွက် ဒီကနေလျှောက်တဲ့ Information ကိုဘဲ အခြေခံပြီး Sharing လုပ်လိုက်ပါတယ်ရှင်။
Thanks☺️
12.12.2026
အပုဒ်တိုင်းတော်တော်ကောင်းတယ်။
ခဏတာစိတ်သက်သာရာရသွားတဲ့အချိန်။
# Song Oo Hlaing
# Singapore Tour
Click here to claim your Sponsored Listing.
Website
Address
Ubud