The Rihli Voice

The Rihli Voice

Share

01/07/2026

ကလေး–တမူးလမ်းပိုင်းရှိ ကနန်ကျေးရွာကို စစ်​ကောင်စီတပ် ထိန်းချုပ်နိုင်ဟု ထုတ်ပြန်

01, JULY, 2026

ကလေး–တမူးလမ်းပိုင်းရှိ ကနန်ကျေးရွာကို ဇွန်လ ၃၀ ရက်နေ့တွင် စစ်​ကောင်စီတပ်ဖွဲ့များက ထိန်းချုပ်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ဇူလိုင်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဒေသတွင်း သတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်အရ စစ်ကောင်စီတပ်သည် လေကြောင်းမှ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေပြီး ရပ်ကွက်အချို့တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

ထို့ပြင် ဇွန်လ ၂၉ ရက်နေ့တွင်လည်း ကျွန်းတောရေရှင်ကျေးရွာအနီး၌ တော်လှန်ရေးတပ်ဖွဲ့များက စစ်ဆင်ရေးနှစ်နေရာတွင် တစ်ပြိုင်နက် ဆောင်ရွက်ခဲ့ပြီး စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်စခန်းအချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်​ကောင်စီတပ်ဖွဲ့များသည် ဇွန်လအစပိုင်းမှစတင်၍ ကလေး–တမူး အာရှလမ်းမကြီးတစ်လျှောက် စစ်ဆင်ရေးများကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိပြီး တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။

အလားတူ ဇွန်လ ၂၂ ရက်နေ့က စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကနန်ကျေးရွာမှ အသက် ၃၆ နှစ်အရွယ် LaIpanmawia သေဆုံးခဲ့ကြောင်းလည်း ဒေသတွင်း သတင်းများအရ သိရသည်။

News - SALAI RJ
Photo - Credit

29/06/2026

မင်းတပ်မြို့နယ်အနီးကို စစ်ကောင်စီက တစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်များစွာပြုလုပ်၊ ကလေးငယ် ၃ ဦးသေဆုံး

29, JUNE , 2026

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အနီးရှိ နေရာများကို စစ်ကောင်စီတပ်က ဇွန်လ ၂၉ ရက် တစ်ရက်တည်းအတွင်း ဂျက်ဖိုက်တာနှင့် Y-12 ဗုံးကြဲလေယာဉ်များအသုံးပြုကာ လေကြောင်းတိုက်ခိုက်မှု အကြိမ်များစွာ ပြုလုပ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ယင်းနေ့ နံနက် ၅ နာရီခွဲခန့်တွင် မင်းတပ်မြို့အနီးရှိ ကျေးရွာတစ်ရွာကို တံတားဦးလေတပ်မှ ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံး ၃ လုံးကြဲချ တိုက်ခိုက်ခဲ့ရာ အသက် ၇ နှစ်၊ ၈ နှစ်နှင့် ၁၀ နှစ်ဝန်းကျင်ရှိ အမျိုးသမီးကလေးငယ် ၃ ဦး သေဆုံးခဲ့ပြီး အခြားထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။

The Rihli Voice မှလည်း ​ဆုံးရှုံးမှုကြုံ​တွေ့ရတဲ့ မိသားစု​တွေနှင့် ထပ်တူဝမ်းနည်းရပါ​ကြောင်း ​ဖော်ပြအပ်ပါသည်။

ထို့အပြင် ညနေ ၅ နာရီ ၁၅ မိနစ်နှင့် ၅ နာရီ ၂၅ မိနစ်ခန့်တွင်လည်း တံတားဦးလေတပ်မှ ဂျက်ဖိုက်တာတစ်စီးဖြင့် မင်းတပ်အနီးရှိ နေရာတစ်ခုကို ၂ ကြိမ်ဆက်တိုက် ဗုံး ၄ လုံးကြဲချကာ လေကြောင်းတိုက်ခိုက်ခဲ့သည်။

ဆက်လက်၍ ညနေ ၆ နာရီ ၃၅ မိနစ်မှ ၇ နာရီ ၂၀ မိနစ်အတွင်း တံတားဦးလေတပ်မှ Y-12 ဗုံးကြဲလေယာဉ်ဖြင့် မင်းတပ်အရှေ့ဘက်ရှိ နေရာများကို ၃ လုံးတွဲဖြင့် ၁၁ ကြိမ်၊ စုစုပေါင်း ဗုံးအလုံး ၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နောက်ဆုံးလေကြောင်းတိုက်ခိုက်မှုအတွင်း လူထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ​ဒေသသတင်း​တွေမှာ ​ဖော်ပြထားပါသည်။

News - SALAI RJ
Photo - Owner

Want your business to be the top-listed Media Company in Aizawl?
Click here to claim your Sponsored Listing.

Address


Aizawl
0389