My Library
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from My Library, Book & Magazine Distributor, Mahindra Park Road, Delhi.
ကိုယ်အချစ်တွေက သဲလေးကို လှပစေဖို့အတွက်
သဲလေး က C Key မှာ ရှိရင်
ကိုက Am Key မှာ ရှိပြီးသားပါ
သဲလေးက Melody ဆိုရင်
ကိုက Harmony ပါ ချစ်ရယ်
ချင်းဦး
ခွင့်လွှတ်ခြင်း
လူတစ်ဦးတစ်ယောက်အပေါ်မှာ နားလည်မှု ရှိဖို့ဆိုတာ တကယ်တော့ မလွယ်လှပါဘူး။
တခါတလေ နားလည်အောင်ကြိုးစားနေရတာကိုက
ပင်ပန်းရတယ်။
နားလည်ဖို့ကြိုးစားရင်နဲ့ပဲ
သည်းမခံနိုင်တာတွေ ပိုများလာတတ်ပါတယ်။
သူကလည်း သူ့စရိုက်နဲ့ သူ့အကျင့်နဲ့။ ကိုယ်ကလည်း ကိုယ့်စရိုက်နဲ့ ကိုယ့်အကျင့်နဲ့ကိုး။
စိတ်သဘောထားခြင်းကတော့ ဘယ်လိုမှမတူနိုင်ပါဘူး
သေချာစဉ်းစားကြည့်ရင် ကိုယ့်စိတ်တောင် ဒီနေ့နဲ့ မနက်ဖြန် မတူနိုင်ပါဘူး။
သူကောင်းမှကိုယ်ကောင်းမယ်ဆိုရင် ဘယ်မှကောင်းတဲ့သူရှိလာပါ့မလဲဆိုသလို မတူညီမှုတွေအတွက်
ကိုယ့်ဖက်က ကြိုးစားလို့ရတာ တစ်ခုတော့ရှိပါတယ်။
ခွင့်လွှတ်ခြင်းပါပဲ။
တဖက်သားကို ခွင့်လွှတ်နိုင်လိုက်တယ်ဆိုရင်ပဲ....
စိတ်ပေါ့ပါးသွားတယ်။ လွတ်လပ်သွားပါတယ်။
ခွင့်လွှတ်ခြင်း ရဲ့နောက်မှာ မေတ္တာစိတ်တွေဖြစ်လာတယ်။
မေတ္တာစိတ်ဖြစ်လာတော့ ပိုပြီးခွင့်လွှတ်နိုင်လာတယ်။
ဒါကြောင့် တဖက်သားကို နားမလည်နိုင်ရင်တောင် ခွင့်လွှတ်နိုင်အောင်ကြိုးစားရင်
ဘဝမှာ အလွန်အေးချမ်းပါတယ်။
ဘဝဆိုတာတိုတိုလေးပါ။ တယောက်နဲ့တယောက်ဘာကြောင့်များ အာဃာတတွေ အမုန်းတရားတွေမနာလိုမှုတွေထားနေမှာလဲ။
ခွင့်လွှတ်ခြင်းရဲ့ အရသာကို ခွင့်လွှတ်ခဲ့ဖူးသူတိုင်း ခံစားဖူးပါလိမ့်မယ်။
လက်စားချေခြင်းဖြင့် ပြဿနာကို အဆုံးသတ်လို့မရပါဘူး။ ပြဿနာတွေအဓိကအဆုံး
သတ်ကခွင့်လွှတ်ခြင်းပါပဲ။
ဘာကြောင့်လူတွေကခွင့်လွှတ်ရမှာကြောက်
တာလဲဆိုရင် အဖြေကရှင်းရှင်းလေးပါ...
ခွင့်လွှတ်ပေးလိုက်ရတာဟာ ရှုံးနိမ့်တယ်လို့ထင်နေတတ်ကြလို့ပါပဲ။
I can forgive but I can't forget
တဲ့ ( လူ တယောက်ကိုခွင့်လွှတ်ပါ ။ ဒါ
ပေမဲ့ သူနာမည်ကိုတေ့ာ မှတ်ထားလိုက်ပါတဲ့ )
တခါတလေ လူတယောက်ကိုခွင့်လွှတ်
ပေးလိုက်လို့ရချင်ရလိမ့်မယ် ဒါပေမဲ့ သူရဲ့လုပ်ရပ်တွေကိုမေ့လို့ရနိုင်မှာမဟုတ်ပါဘူး။
ဒါကြောင့် ...
ကိုယ့်ကိုအကောင်းမမြင်တဲ့သူတွေကို ခွင့်လွှတ်လိုက်ပါ ....
သူတို့ကြောင့်ကိုယ်က ကောင်းအောင်ကြိုးစားနေနိုင်လို့ပါ။
ကိုယ့်ကို ချောက်ချသူတွေကို ခွင့်လွှတ်လိုက်ပါ ....
သူတို့ကြောင့် ချောက်ထဲမရောက်အောင် သတိနဲ့နေမိလို့ပဲ။
ကိုယ့်ကို အထင်သေးသူတွေကို ခွင့်လွှတ်လိုက်ပါ ....
သူတို့ကြောင့် နေ့သစ်တိုင်း တိုးတက်အောင်ကြိုးစားနေလို့ပဲ။
ကိုယ့်ကိုလိမ်လည်ထိခိုက်သူတွေကို ခွင့်လွှတ်လိုက်ပါ ....
သူတို့ကြောင့် ကိုယ့်မှာ အသိတရားတွေတိုးပွားလာလို့ပဲ။
ကိုယ့်ကိုဝေဖန်ရှုံ့ချသူတွေကို ခွင့်လွှတ်လိုက်ပါ ....
သူတို့ကြောင့်ဂုဏ်ကျက်သရေ ပိုတိုးအောင်ဆောင်ရွက်နေတတ်လို့ပဲ။
ဘဝမှာတွေ့ကြုံရတဲ့လူတွေနဲ့ အခြေအနေတွေကိုအပြစ်တင် မညည်းညူနဲ့။
ကောင်းတဲ့လူတွေက သင်ကိုပျော်ရွှင်မှုပေးကြလိမ့်မယ်။
ဆိုးတဲ့လူတွေက သင့်ကိုအတွေ့အကြုံတွေပေးလိမ့်မယ်။
အဆိုးဆုံးလူတွေက သင့်ကို သင်ခန်းစာတွေပေးလိမ့်မယ်။
အကောင်းဆုံးလူတွေက သင့်ကို အမှတ်တရတွေပေးလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် ဘဝမှာ တစ်ခဏတာ ဆုံကြရသူအချင်းချင်း ခွင့်လွှတ်ခြင်းဖြင့် ဆက်ဆံနိုင်ပါစေ။
#စာအုပ်စာပေလူ့မိတ်ဆွေ
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Contact the business
Telephone
Website
Address
Mahindra Park Road
Delhi