CHIT MA Collection - Italia
အီတလီ/ မြန်မာ Italy/ Myanmar local products selling, personal vlog,etc
15/03/2024
အရင်က အီတလီတို့ မီလန်တို့ဆို အရမ်းတိတ်တိတ်ကြဲ သန့်ပြီး နာမည်ကျော်ကြားလူချမ်းသာများပြီး နေချင်ကြတယ်။ အခုနောက်ပိုင်း ရွေ့ပြောင်းအလုပ်သမားတွေပေါလာပြီးအရင်လို မဟုတ်တော့ပဲ လူပေါင်းစုံ စရိုက်ပေါင်းစုံဖြစ်လာတယ်။ နိုင်ငံအသီးသီးက ဒုက္ခသည်တွေကို လက်ခံပြီး ကူညီကြတယ်။ အလုပ်ပေး နေရာပေး အလုပ်မရှိတဲ့သူထောက်ပံ့။ အဲ့လိုလုပ်ပေးတာမှန်းသိတော့ လူပျင်း အချောင်သမား စရိုက်ပေါင်းစုံကလူတွေ ကောင်းတဲ့သူ မကောင်းတဲ့သူ ရောပြီးပါလာတယ်။ အရင်လို လုံခြုံမှုမရှိတော့သလို သန့်ရှင်းမှုလည် အားနည်းလာတယ်။ လူစရိုက်အမျိုးမျိုးဖြစ်လာတယ်။
နိင်ငံအရပ်ရပ်က ဆင်းရဲတဲ့နိုင်ငံအများစုက နိုင်ငံရပ်ခြားအသီးသီးကလူတွေအလုပ်လာလုပ်ကြတာတွေ နေတဲ့နိုင်ငံအသီးသီးက စစ်ဖြစ်လို့ ဒါမှမဟုတ် စီးပွားရေးမကောင်းလို့ဆိုပြီး ဥရောပဘက်ကိုတတ်လာကြတယ်။ ဥရောပဘက်ကို မြန်မာလူမျိုးတွေအနေနဲ့ အလှမ်းနဲနဲဝေးပြီး ဘာသာစကားနောက်တစ်မျိုးထပ်သင်နေရလို့ သိပ်မလာကြတာပဲရှိတာ ဥရောပနဲ့ အိမ်နီးချင်းဖြစ်တဲ့ အာဖရိကတိုက်ကလူတွေ တစ်ခြား သိပ်အဆင်မပြေတဲ့နိုင်ငံတွေတော်တော်များများ ဥပမာ ဒီကို အလာများတဲ့ နိုင်ငံတွေက
1 . Morocco
2. Peru
3. Venezuela
4. Ukraine
5. Phillipine
6. Afghanistan
7. Sirlankha
8. Bangladesh
9. Pakistan
10. India
11. Egypt
12. Romania
13. Russia
14. China
( သူတို့တော့ စီးပွားရေးအများစုလာလုပ်ကြတယ်)
15. Albania
တစ်ခြားသော လူနည်းစု ထိုင်း၊ မြန်မာ တို့ တစ်ခြား အဖရိကတိုက်ကရှိပါသေးတယ်။ ရွေ့ပြောင်းအလုပ်သမား နိုင်ငံခြားသား ဥပမာ လူဖြူမဟုတ်တဲ့သူတွေကို မြို့တိုင်းမှာတွေ့ရတတ်ပါတယ် ။ လမ်ဘေးဈေးသည် ဘုရားကျောင်းရှေ့မှာစောင့်တာ ကားပါကင်မှာစောင့်တာ လူစည်ကားရာနေရာတွေမှာပန်းတွေရောင်းတာ ကားရေဆေးတာ delivery ပို့ စသဖြင့် အများစုတွေ့ရတယ်။
Clicca qui per richiedere la tua inserzione sponsorizzata.
Digitare
Contatta l'azienda
Indirizzo
Milan