OSHIGOTO.info
ဂျပန်နိုင်ငံရှိ Tokutei Ginou, Tokutei Katsudo Visa များအတွက် အလုပ်အကိုင်ကောင်းများကို မိတ်ဆက်ပေးနေပါပြီ
07/05/2025
International မှ ဂျပန်မှာအလုပ်လုပ်ကိုင်လိုသောလူငယ်များအတွက် အလုပ်ကိုင်အခွင့်လမ်းများနဲ့မိတ်ဆက်ပေးနေပါပြီ
🍽【အစားအသောက်လုပ်ငန်း အလုပ်အကိုင်】
北海道・神奈川県 ရှိ ခရီးသွားဧည့်သည်များအများဆုံး နေရာများတွင်
レストラン အလုပ်လုပ်လိုသူများအတွက်
✨ တစ်ဦးတည်းအိမ်ခန်းရှိ / လခ ၂၂သိန်း / မြန်မာသူမြန်မာသားများကို ကြိုဆိုပါတယ်!
📘 မြန်မာလူမျိုးများအတွက် 特定技能(အထူးကျွမ်းကျင်အလုပ်သမား) အလုပ်အကိုင်
🌟 日本ရဲ့ 温泉ခရီးသွားမြို့များတွင် レストラン အလုပ်လုပ်ဖို့ စိတ်ဝင်စားပါသလား?
🔹 အလုပ်အမျိုးအစား:レストラン၊ဝန်ဆောင်မှုပေးခြင်း၊အချက်ပြုတ်ပြင်ဆင်ခြင်း
🔹 လုပ်ငန်းတည်နေရာ:北海道(層雲峡Sounkyo・定山渓Jozankei・洞爺湖Toyako・函館Hakodate)、神奈川県(箱根Hakone・湯河原Yugawara)
🔹 လခ:月給22万円(အချိန်ပို နာရီ၃၀ ပါဝင်ပြီးသား)
👉 လက်ကျန်လစာ:約176,800円
🔹 ဘောနပ်စ်:တစ်နှစ်လျှင် 2 ကြိမ်
🔹 တစ်ဦးတည်းအိမ်ခန်း:တစ်ခန်း 7,500〜15,000円 ( တည်နေရာပေါ်မူတည်သည် )
🔹 အကျိုးခံစားခွင့်:
・သွားလာခ 最⾼15,000円 支給
・ဝတ်စုံ စီစဉ်ပေးမှု
・အအေးဒဏ် ဖို့လောင်စာဆီအဖိုးခ
・レストラン・အစားအသောက်・တာဝန်ယူမှု:月額10,000円 အထူးလစာ
🔹 ဂျပန်စာအဆင့်:N3 (ပြောဆိုရေးရာ 重視)
🔹 အလုပ်ချိန်:早朝6時 〜 夜間22時 အတွင်း Shift စနစ်
🔹 နားချိန်:လစဉ် 9 ရက် (1နှစ်လျှင်108 ရက်)
💡 အလုပ်နေရာရဲ့ အထူးအချက်များ
・ခရီးသွားများသုံးသော နေရာဖြစ်သဖြင့် ဂျပန်စာနှင့် အခြားဘာသာစကားများ အသုံးချနိုင်ပါသည်
・တစ်ဦးတည်းအိမ်ခန်းဖြင့် လူနေမှုစရိတ်လျှော့ချနိုင်သည်
・ဟိုတယ်တွင်း レストラン တွင် အလုပ်လုပ်ခြင်းကြောင့် မိမိ၏စာပေ၊ ယဉ်ကျေးမှုနှင့် マナー(ယဉ်ကျေးမှုစည်းမျဉ်း)ကို လေ့လာတတ်နိုင်သည်
အင်တာဗျူးဖြေလိုသူများအခု Google Form ပါအချက်အလက်များကိုဖြည့်စွက်ပါနော်။
https://forms.gle/hgP6FjteUTvzwSym7
📩 စိတ်ဝင်စားပါက Messenger မှတစ်ဆင့် လည်းဆက်သွယ်မေးမြန်းပေးပါ!
#အစားအသောက်အလုပ် #特定技能 #ဂျပန်မှာအလုပ်လုပ်မယ် #မြန်မာလူမျိုး
14/02/2025
ဂျပန်ပြည်တွင်း နေထိုင် သူများ အတွက်
ဂျပန်ပြည်တွင်းး Kaigo အလုပ်ခါ်စာ လေးး လျှောက်ထားလို့ ရပါပီ ခင်ဗျာ
အလုပ်နေရာ
Area A - (Tokyo,Kanagawa,Saitama,Chiba)
Area B - Aichi
Area C - Shizuoka
အခြေခံလစာ
Area A ( 199450 円 )
Area B ( 190450円 )
Area C ( 181450円 )
ထောက်ပံ့ကြေး
အလုပ်ရက်မှန်ကြေး - 2000円
အိမ်စရိတ်ထောက်ပံ့ကြေး - 30000円
ညစိုင်း - 30000円 ( တစ်လ ပျမ်းမျှ 5ချိန်စာ)
အလုပ်ချိန် - 8နာရီ
( shift အရ အချိန်အပြောင်းအလဲ ရှိနိုင်သည် )
အလုပ်ပိတ်ရက် - တစ်နှစ် 111 ရက်
လစာတိုး - ရှိ
Bonus - တစ်နှစ် နှစ်ကြိမ်
လိုအပ်သည့် အရည်အချင်း -
N4 Passed + Kaigo လက်မှတ် ရှိသူ
ကျား / မ - Ok
ခေါ်ယူမည့် ဦးရေ - 40
အဆောင် - မရှိ ( အဆောင်ရှာပေးမည်)
အင်တာဗျူး ပုံစံ - Online
လျှောက်လွှာ တင်လိုသူများ အခု Google Form မှာ
စာရင်းလေး ဖြည့်ပေးပါခင်ဗျာ
https://forms.gle/hkeokzvag5wwDLiQ8
ပြန်လည်ဆက်သွယ်ပေးပါမယ် ခင်ဗျာ
23/12/2022
Toshin နဲ့ Andaman Eight ကျောင်းကစီစဥ်ပြီး ဂျပန်နိုင်ငံမှာ Biirru Kuriningu Tokuteiginou စာမေးပွဲသွားဖြေဖို့အတွက်, စီစဥ်ပေးပြီး, စာသင်ပေးခဲ့ကြတဲ့ တစ်ဦးချင်းစီတိုင်း, လက်တွေ့အတွက်ကျောင်းစီစဥ်ပေးတဲ့ Tokyo Yangon ကျောင်းနဲ့ တင်းကြပ်တဲ့စည်းကမ်းတိုင်းကိုလိုက်နာပေးခဲ့ကြတဲ့ ကျောင်းသားတွေ ကိုပါလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်းနဲ့ စာမေးပွဲအောင်နုန်း ၁၀၀ ရာခိုင်နှုန်းနဲ့ အားလုံးအောင်မြင်ကြကြောင်းကိုဂုဏ်ပြုအပ်ပါသည်ခင်ဗျား။
07/10/2022
မြန်မာပြည်မှ မျှော်နေသူများ လျှောက်လို့ရပါပြီနော်
Seminarတက်ရောက်ရန်ဖိတ်ခေါ်ပါသည်
မင်္ဂလာပါ
ဂျပန်နိုင်ငံ စားသောက်ဆိုင်များတွင် Tokutei Ginou Visa, Work Visa ဖြင့် အလုပ်လုပ်ရန် လုပ်ငန်းရှင်းလင်းပွဲ Seminar ကိုကျင်းပပါမည်
စိတ်ပါဝင်စားသူများ အခမဲ့တက်ရောက်နိုင်ပါသည်
Seminar ကျင်းပမည့် အချိန် = အောက်တိုဘာ ၁၂ရက် ညနေ ၆ နာရီ
(အွန်လိုင်းဖြင့်ကျင်းပမည်)
Seminar တက်ရန်အောက်ပါအရည်အချင်းများလိုအပ်ပါသည်
Tokutei အတွက်
၁. JLPT N4 or JFT A2 အောင်လက်မှတ်
၂. စားသောက်ဆိုင် Tokutei စာမေးပွဲအောင်မြင်ပြီးသူ (သို့) အောက်တိုဘာတွင် ဖြေဆိုရန်လျှောက်လွှာတင်ပြီးသူ
Work Visa အတွက်
၁. JLPT or Nat Test N3 အထက် အောင်မြင်ပြီးသူ
၂. တက္ကသိုလ်ဘွဲ့ရပြီးသူ (စီးပွားရေးတက္ကသိုလ်ဦးစားပေး)
【Tokutei Ginou Restaurant】
အလုပ်အကြောင်းအရာ
၁. Sushi ဆိုင်တွင် ငါးအသားလှီးနှင့် အချက်အပြုတ်အကူ
၂. ဆိုင်လည်ပတ်ရန်အတွက် လိုအပ်သည်များကို ဆောင်ရွက်ရန်
လိုအပ်ချက်
၁. မြန်မာပြည်တွင်နေထိုင်သူ
၂. Tokutei စားသောက်ဆိုင်စာမေးပွဲအောင်မြင်ပြီးသူ (သို့) အောက်တိုဘာနှင့်နိုဝင်ဘာတွင်ဖြေဆိုမည့်သူ
၃. JLPT N4 or JFT A2 အောင်မြင်ပြီးသူ
လစာ - 200,000 yen
ဆုကြေး - တစ်နှစ် ၂ကြိမ် (လစာ ၂လစာ)
အချိန်ပို - တလ ၁၀ နာရီခန့်
【Work Visa】
အလုပ်အကြောင်းအရာ
၁. အလုပ်သမားများအားအုပ်ထိမ်းသူ
၂. စားသောက်ဆိုင်တွင် စကားပြန်လုပ်ကိုင်နိုင်သူ
လိုအပ်သည့်အရည်အချင်း
၁. မြန်မာနိုင်ငံတွင်နေထိုင်သူ
၂. JLPT N2-N3 (စကားပြန်လယ်ဘယ်)
၃. တက္ကသိုလ်ဘွဲ့ရ(စီးပွားရေးတက္ကသိုလ်ဦးစားပေး)
လစာ - 200,000 yen
ဆုကြေး - တစ်နှစ် ၂ကြိမ် (လစာ ၂လစာ)
အချိန်ပို - တလ ၁၀ နာရီခန့်
Seminar တက်ရောက်ရန် Toshin messenger သို့အောက်ပါအချက်အလက်များ ပေးပို့စာရင်းပေးထားပါ (သို့) ဖုန်းဖြင့်ဆက်သွယ်စုံစမ်းနိုင်သည်
၁. Name
၂. Phone No
၃. လိုအပ်ချက် အောင်လက်မှတ်များ
ရုံးဖွင့်ရက် အင်္ဂါနေ့(၁၁ရက်)တွင် ပြန်လည်အကြောင်းပြန်ပေးပါမယ်
(သီတင်းကျွတ်ရုံးပိတ်ရက် စနေ တနင်္ဂနွေ တနင်္လာ ဖြစ်ကြောင်းအသိပေးပါသည်)
အမှတ် ၅၇, ဓမ္မစိန္တာလမ်း၊ ပုသိမ်ညွန့်ရပ်ကွက်၊ ကျောက်မြောင်း တာမွေမြို့နယ် ရန်ကုန်မြို့
Ph: 09955083966
Viber:09768201742
(၉နာရီ မှ ၅နာရီ-တနင်္လာမှ သောကြာ၊ စနေနေ့တစ်ဝက်)
※လျှောက်လွှာတင်ရန် အခြားမည်သည့်နေရာခွဲမှ ထားရှိခြင်းမရှိပါ
25/09/2022
စားသောက်ဆိုင်Tokutei Ginou
တလောက ကျွန်မတို့ပေချ့်မှာ Tokutei Visaနဲ့ စားသောက်ဆိုင်အလုပ်ခေါ်ယူခဲ့လို့ ဒီနေ့ စားသောက်ဆိုင်အလုပ်အကြောင်း ပြောပြချင်ပါတယ်
စားသောက်ဆိုင်က Tokutei Ginou အလုပ်အကိုင် ၁၄မျိုးရှိတဲ့အထဲက တစ်ခုဖြစ်ပါတယ်
အလုပ်အကိုင် ၁၄မျိုးက ဘာတွေလဲ သိချင်ရင် ကျွန်မရဲ့ YouTube Channel မှာရှင်းပြထားတဲ့ဗီဒီယိုတွေရှိလို့ အောက်ကလင့်ကနေ ကြည့်နိုင်ပါတယ်
https://www.youtube.com/user/mayu1215
Tokutei Ginou စားသောက်ဆိုင်နဲ့ ဂျပန်မှာအလုပ်လုပ်ဖို့ဆိုရင်
1. JLPT N4 or JFT A2
2. စားသောက်ဆိုင်ကျွမ်းကျင်လက်မှတ် (Tokutei လက်မှတ်)
ဒီ ၂ ခုလိုအပ်ပါတယ်
Tokutei လက်မှတ်ဆိုတာတော့ အလုပ်အကိုင် ၁၄မျိုးလုံးမှာ စာမေးပွဲက တစ်ခုစီရှိပြီး ကိုယ်လုပ်ချင်တဲ့အလုပ်ရဲ့ Tokutei စာမေးပွဲကိုဖြေဆိုပြီး အောင်လက်မှတ် ရထားသူဖြစ်ရမယ်လို့ ဆိုလိုတာဖြစ်ပါတယ်
ဒီစာမေးပွဲ ၁၄မျိုးစလုံး လွယ်တာခက်တာ တစ်ခုနဲ့တစ်ခု မတူပါဘူး
ကျွန်မလေ့လာဖူးသလောက်ပြောရရင်တော့ စားသောက်ဆိုင်စာမေးပွဲက ခက်တဲ့အထဲမှာ မပါပါဘူး
ဉပမာ ဟိုတယ်ဆိုရင် စားသောက်ဆိုင်ထက်အနည်းငယ်ပိုခက်ပါတယ်
ဒါကြောင့် စားသောက်ဆိုင်က အောင်လက်မှတ်ရယူဖို့ အရမ်းခက်တဲ့အထဲမှာ မပါဘူးလို့ယူဆလို့ စိတ်ဝင်စားသူတွေက ကြိုးစားပြီးဖြေထားသင့်ပါတယ်
မြန်မာပြည်မှာ အခုနှစ်အောက်တိုဘာနဲ့ နိုဝင်ဘာမှာ စာမေးပွဲကျင်းပပါလိမ့်မယ်
ကျွန်မကိုယ်တိုင်က စားသောက်ဆိုင်အလုပ်ကို သဘောကျသူဖြစ်လို့ စားသောက်ဆိုင်အလုပ်ရဲ့အားသာချက်တွေကို ဒီမှာပြောပြချင်ပါတယ်
ကျွန်မ ဂျပန်မှာကျောင်းတက်စဉ်က အချိန်ပိုင်းအလုပ်ကို စားသောက်ဆိုင်မှာလုပ်တာများခဲ့ပါတယ်
အကြောင်းကတော့ ဂျပန်စကားပြောရတဲ့နေရာဖြစ်လို့ ကိုယ်ရဲ့ ဂျပန်စာလယ်ဘယ်တက်လာမယ်
အစားအသောက်ရောင်းချတဲ့နေရာဖြစ်လို့ ဆိုင်တော်တော်များများက နေ့လည်စာ (သို့) ညစာကျွေးလေ့ရှိတယ်
အဲဒီအခါမှာ ပိုက်ဆံအနည်းငယ်ပြန်သွင်းရတဲ့ဆိုင်ရှိသလို အခမဲ့ကျွေးတဲ့ဆိုင်လည်းရှိပါတယ်
ကျွန်မကျောင်းတက်စဉ်အခါက တစ်ယောက်တည်းနေတာဖြစ်လို့ ကိုယ်တိုင်ချက်စားရတာက ပိုပြီးစရိတ်များတာမျိုးဖြစ်တတ်လို့ ထမင်းပါကျွေးတဲ့စားသောက်ဆိုင်တွေမှာလုပ်ရတာဟာ အရမ်းကိုအဆင်ပြေခဲ့တယ်
အလုပ်သဘောသဘာဝအရပြောမယ်ဆိုရင်လည်း အားအင်သုံးပြီးပင်ပင်ပန်းပန်းလုပ်ရတဲ့အလုပ် သိပ်မရှိဘူးလို့ထင်ပါတယ်
Customerစီက Orderကောက်ရတယ် ပြီးရင် ဟင်းပွဲကို စားပွဲခုံအထိသယ်သွားပေးရတယ်
ပြီးသွားရင် ပန်းကန်တွေပြန်သိမ်းရတယ်
ပန်းကန်ဆေးစရာတွေပုံနေတဲ့အခါ ပန်းကန်ဆေးရတာမျိုးရှိတတ်တယ်
များသောအားဖြင့် လူအရမ်းကျတဲ့စားသောက်ဆိုင်တွေမှာတော့ ပန်းကန်ဆေးသီးသန့်ခန့်ထားတာမျိုးရှိတတ်တယ်
ဒီအကြောင်းအရာတွေက စားသောက်ဆိုင်လုပ်ဖို့ စဉ်းစားတွေဝေနေသူတွေအတွက် အထောက်အပံ့ဖြစ်မယ်ဆိုရင် ဝမ်းသာပါတယ်
စားသောက်ဆိုင်ကျွမ်းကျင် Tokutei စားမေးပွဲအတွက် လေ့လာချင်တယ်ဆိုရင် ကျွန်မကိုယ််တိုင်သင်ကြားပေးတဲ့ အွန်လိုင်းသင်တန်းရှိပါတယ်
၂ လကို ၅၀,၀၀၀ ကျပ်ဖြစ်ပါတယ်
ကိုယ်တိုင်လေ့လာနိုင်သူသာ ဝယ်ယူပါလို့အကြံပြုပါတယ်
ဗီဒီယိုသင်ခန်းစာတွေဖြစ်ပြီး စာမေးပွဲအတွက်လိုအပ်တာအားလုံးထည့်သွင်းပြုစုထားပြီးသားမို့ စာထပ်ပြီးသီးသန့်ရှင်းပြတာမျိုးမပါဝင်ပါဘူး
စာမေးပွဲဖောင်တင်ပေးတာတွေမပါဝင်ပါဘူး
လေ့လာလိုသူများက အောက်ပါလင့်မှကြည့်ရှုပေးပါ
စားသောက်ဆိုင်ကျွမ်းကျင်သင်တန်း : https://bit.ly/3tDcQYg
ခေါ်ယူနေတဲ့အလုပ်တွေစုံစမ်းချင်ရင် ဒါမှမဟုတ်ဖောင်တင်ဖို့ဆိုရင်အောက်ကလင့်ကဆက်သွယ်ပါ
https://www.facebook.com/toshinschool
အမှတ် ၅၇, ဓမ္မစိန္တာလမ်း၊ ပုသိမ်ညွန့်ရပ်ကွက်၊ ကျောက်မြောင်း တာမွေမြို့နယ် ရန်ကုန်မြို့
Ph: 09955083966
Viber:09768201742
(၉နာရီ မှ ၅နာရီ-တနင်္လာမှ သောကြာ၊ စနေနေ့တစ်ဝက်)
※လျှောက်လွှာတင်ရန် အခြားမည်သည့်နေရာခွဲမှ ထားရှိခြင်းမရှိပါ
ここをクリックしてあなたのスポンサー付きリスティングを獲得。
カテゴリー
ウェブサイト
住所
東京都中央区築地3丁目2−6 築地東盟ビル6階
Chuo-ku, Tokyo
1040001
営業時間
| 月曜日 | 09:00 - 19:00 |
| 火曜日 | 09:00 - 19:00 |
| 水曜日 | 09:00 - 19:00 |
| 木曜日 | 09:00 - 19:00 |
| 金曜日 | 09:00 - 19:00 |
| 土曜日 | 09:00 - 19:00 |