S M T

S M T

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from S M T, Digital creator, Almaty.

07/02/2024

😁

07/02/2024

ဆိတ်တစ်ကောင်က မြည်းတစ်ကောင်ကိုကြိုက်မိသွားတယ်။

မြည်းကပြောတယ်... " ငါ နင့်ကိုငေါက်တာ၊ ကန်တာ နင်ခံနိုင်ရင် နင် ငါ့ကိုတကယ်ချစ်လို့ပေါ့" တဲ့။

ဒီလိုနဲ့ဆိတ်ဟာ မြည်းအလိုကိုလိုက်ခဲ့တယ်၊ သည်းခံခဲ့တယ်။ မြည်းငေါက်တာ ကန်တာကို လက်ခံခဲ့တယ်။

တစ်နှစ်... နှစ်နှစ်... ဆယ်နှစ်အကြာမှာတော့ မြည်းကို ဆိတ်ထားခဲ့လိုက်တော့တယ်။

ဆယ်နှစ်တောင် စွဲစွဲမြဲမြဲရှိခဲ့တာပဲ ဘာလို့ တစ်သက်တာအထိ မထိန်းထားသလဲလို့ ဆိတ်ကိုတချို့ကမေးတော့ ဆိတ်က...

"ဆယ်နှစ်တာကာလနဲ့ ငါ့ရဲ့စစ်မှန်ခြင်းကို ငါသက်သေပြခဲ့ပြီးပြီ။ အခုလက်ကျန်အချိန်နဲ့ ငါ့ရဲ့ဂုဏ်သိက္ခာကို ငါကာကွယ်ရမယ်"

နင့်ကို ငါဘယ်လောက်မြတ်နိုး၊
နင့်အပေါ် ငါဘယ်လောက်ကောင်းလည်း
ငါ့ကို နင်တန်ဖိုးမထားရင်
ငါလည်းလက်လွှတ်တတ်၊ စွန့်ပစ်တတ်တယ်။

စီးပွားရေးပဲဖြစ်ဖြစ်၊ သူငယ်ချင်း၊ အချစ်၊
ဒါမှမဟုတ် အိမ်ထောင်ရေးပဲဖြစ်ဖြစ်
အရာအားလုံး အားလုံးက တန်ဖိုးထားတတ်မှ
ပိုင်ဆိုင်ဖို့ထိုက်တယ်။

သင့်အလိုလိုက်လျောသူဟာ
မစဉ်းစား မတွေးခေါ်တတ်သူမဟုတ်ဘူး။
သင့်အနား မခွာရက်နိုင်သူပါ။

ဘာမဆို သင့်ကိုလုပ်ခွင့်ပေးသူဟာ
ငတုံးငအ,မဟုတ်ပါဘူး။ သင့်ကို အလေးထားသူပါ။

နေကောင်းလား၊ ဘာလုပ်နေလဲမကြာခဏမေးသူဟာ
ပြောစရာစကားမရှိလို့ မဟုတ်ပါဘူး။
သင့်ကို ဂရုစိုက်သူပါ။

သင့်အပေါ်ကောင်းတာဟာ
သင့်ကို ပေးဆပ်စရာရှိလို့မဟုတ်ပါဘူး။
သင့်ကို ဆွေမျိုးသားချင်းလိုသဘောထားလို့ပါ။

စစ်မှန်သူအချင်းချင်းက
လျှောက်ရင်းလှမ်းရင်း ရင်ထဲတိုးဝင်ကြတယ်။
ဟန်ဆောင်သူက လျှောက်ရင်းလျှောက်ရင်း
မြင်ကွင်းကနေ ပျောက်ကွယ်သွားတယ်။

လူလူချင်း တွေ့ဆုံဖို့အတွက်
ကံတရားလိုတယ်။
လူလူချင်း ပေါင်းသင်းဆက်ဆံဖို့အတွက်
ရိုးသားစစ်မှန်ခြင်းလိုပါတယ်။

..

Want your business to be the top-listed Media Company in Almaty?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Almaty