FSC - AIA Life Insurance

FSC - AIA Life Insurance

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from FSC - AIA Life Insurance, Insurance Company, Ahlone.

27/02/2026

ရင်ပူလို့ ဆေးတွေသောက်တာ မသက်သာတာနဲ့
အစာအိမ်မှန်ပြောင်းကြည့်တာရယ်၊ နောက်ပြီး အူမကြီးမှန်ပြောင်းပါ လိုအပ်လို့ ထပ်မံကြည့်ရှုပြီး အသားစယူ စစ်ဆေးတဲ့အတွက် ကျသင့်ငွေက်ု အာမခံက ပြန် claim ပေးထားတဲ့ မှတ်တမ်းလေးပါ

ကျန်းမာရေးစားရိတ်တွေက ဈေးကြီးပါတယ်
ကိုယ်နှစ်ပေါက်အောင် စုထားတဲ့ ငွေကြေးတွေဟာ တစ်ညတည်းနဲ့လဲ ကုန်နိုင်ပါတယ်
ကိုယ်ခံနိုင်ရည်ရှိတဲ့ ကုန်ကျငွေထက် ကျန်းမာရေးစားရိတ်ကပိုများတာမျိုး ဖြစ်လာရင် စိတ်အေးလက်ပေးနဲ့ ဆေးကုသမှု ခံယူနိုင်ဖို့အတွက် ကျန်းမာရေးအာမခံထားဖို့ အရေးကြီးပါတယ်။

19/10/2025

စီမံတတ်မှ စီမံပါ

မိမိကိုယ်ကို ချစ်ရင် ကျန်းမာရေး အာမခံထားပါ
မိမိအနီးက သူတွေကိုချစ်ရင် အသက်အာမခံ ထားပေးပါ ဆိုပြီး
ရွေးချယ်ရခက်နေတဲ့သူတွေအတွက် အလွယ်မှတ်တဲ့ နည်းလမ်းလေး.....

အဲ့ဒီတော့ အာမခံ နဲ့ အချစ် ဆိုတဲ့ စကားလုံးနဲ့က လုံးဝနီးကပ်နေတာပါပဲ
အဲ့ဒီ‌ေနရာမှာ အာမခံထားမှ ချစ်တာလားဆိုပြီး အမေးက ထပ်ရှိပြန်တယ်

ငါအာမခံ မထားတော့ဘူး
မိသားစုအတွက် ငါရှာထားတာတွေက အာမခံချက်ရှိတယ်
ခြံတွေရှိတယ်၊ အိမ်တွေရှိတယ်၊ လုပ်ငန်းတွေရှိတယ်၊ ဒါတွေရှာထားတာလဲ သူတို့အတွက်ပါပဲပေါ့
ဒါလဲ အမှန်ပါပဲ

အာမခံဆိုတာ တိုးပွားအောင်လုပ်တဲ့အရာမဟုတ်ပါဘူး၊ မယုတ်လျော့သွားအောင် ကြိုတင်စီမံတဲ့ အရာပါပဲ အဲ့ထက် မပိုပါဘူး
ကျွန်တော်တို့ ရှာထားတာတွေကို ပြန်ပြီး ကာထားမှ မြဲမယ်မဟုတ်လား။

ပိုက်ဆံချမ်းသာမှ ဝယ်လို့ရတယ်ထင်တဲ့ သူတွေလဲ ရှိသလို
ပိုက်ဆံချမ်းသာလို့ကို မဝယ်တော့ဘူးကွာ ဆိုတဲ့ သူတွေလဲ တပုံကြီးပဲ

ကျွန်တော်ကတော့ အသက်ရှင်နေတုန်းလဲ မိသားစုအတွက် ကြိုးစားရှာဖွေမယ်၊ စုဆောင်းမယ်၊ ဘယ်အချိန် ဘာဖြစ်မယ်၊ လိုချင်တဲ့ ပမာဏတစ်ခုမရောက်ခင်မှာ မပြည့်စုံခင်မှာ မမျှော်လင့်တာ ဖြစ်ခဲ့ရင် ပျက်ဆီးနိုင်မယ့် အရေးလဲ ကြိုတွေးထားတယ်.......
စုထားဆောင်းထားတာတွေကိုလဲ အရေးပေါ်ကိစ္စတွေအတွက် မထုခွဲမဖျက်ဆီးချင်ဘူး။
ဒါကြောင့် အာမခံကို ထားထားပါတယ်

စိတ်တူရင် အာမခံကို စိတ်ဝင်စားကြည့်ပါ
အင်မတန်မှ စိတ်လုံခြုံမှု ပေးနိုင်တဲ့ အရာတစ်ခုပါပဲ

12/04/2025

AIA life insurance ကတော့ ငလျင်ကြောင့် သေဆုံးခြင်း ဖြစ်ခဲ့ရင်လဲ လျော်ကြေးပေးပါတယ်နော်

ကိုယ်တိုင် ကျူးလွန်တဲ့ အန္တရာယ်မျိုးမဟုတ်တဲ့ ဘေးဥပါဒ်တွေဆိုရင် လျော်ကြေးခံစားခွင့် အကျုံးဝင်ပါတယ်

ကျန်းမာရေး အာမခံ သို့မဟုတ် personal accident အကာကွယ်ယူထားရင်လဲ ထိမိခိုက်မိတာတွေ ဆေးကုသစားရိတ်ရှိခဲ့ရင်လည်း လျော်ကြေးရပါတယ်

ကိုယ်တိုင်တက်ကြွစွာ ပါဝင်ခြင်းမဟုတ်တဲ့ စစ်ဘေးဆိုင်ရာ အန္တရာယ်တွေမှာလဲ လျော်ကြေး အကာကွယ်အကျုံးဝင်ပါတယ်ဗျာ

ကျွန်တော့်ဆီကတဆင့် အသက်အာမခံ ထားထားတဲ့သူတွေကတော့ ငလျင်ဘေးမှာ အသက်ထိခိုက်မှု မရှိကြတဲ့အတွက်တော့ claim service မကူပေးခဲ့ရပါဘူး

ဘာမှ မဖြစ်ခဲ့လို့လျော်ကြေးမခံစားရရင် မတန်ပါဘူး ထင်ပြီး အကာကွယ်မယူထားတဲ့ မိတ်ဆွေတွေအတွက်တော့ စိတ်မကောင်းပါဘူး

ဘာမှ မဖြစ်ခဲ့တာက အာမခံ လျော်ကြေးအတွက်ထက် နှိုင်းလို့ မရအောင် အများကြီးကို တန်ဖိုးရှိပါတယ်ဗျ

28/03/2025

အွမ်း လွယ်တော့ လွယ်တယ်
ကိုယ်ရမှာတော့ မဟုတ်ဘူး
အသက်အာမခံ ထားကြည့်

26/03/2025

ချဲပေါက်ရင် ဘာလုပ်ဖို့ ရှိမလဲ
ချဲပေါက်နိုင်ချေ ဘယ်လောက်ရှိလဲ
သူများ ချဲပေါက်တိုင်း ကိုယ့်မှာလဲ ပေါက်နိုင်ဖို့ တွေးပြီး စိတ်ကူးနိုင်ကြတယ်ဆိုရင်
သူများ နေမကောင်းလို့ ဆေးရုံတက် ဆေးကုရရင်ကော ကိုယ်လဲ မကုရနိုင်ဘူးလား
ချဲပေါက်မှ အာမခံ ထားမလား
ချဲက မသေချာဘူး
ကျန်းမာရေး အသုံးစားရိတ်က သေချာပေါက် ထွက်နိုင်တယ်
ကျန်းမာရေး အာမခံသာ ထားပါလေ့

Want your business to be the top-listed Finance Company in Ahlone?
Click here to claim your Sponsored Listing.

Telephone

Address


Ahlone