AungBan Media

AungBan Media

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AungBan Media, Media/News Company, pyi htaung so Road, Aungban.

Photos from AungBan Media's post 31/10/2022

မင်းတိုတွေ
သူတို့မျက်နှာကိုကြည်ရဲကြလား

20/10/2022

လှိုင်မြို့နယ်တွင် ခွင့်ပြန်လာသည့် အောင်ပန်းအမြောက်တပ် ဗိုလ်ကြီးမြင့်ဆွေ ၊ ဇနီး ရတနာဦးနှင့် ဗိုလ်အောင်ကိုမင်းတို့ ပစ်သတ်ခံရ

ရန်ကုန်၊ အောက်တိုဘာ ၂၀

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ သီရိမြိုင် ၁၃ ရပ်ကွက်တွင် ယနေ့ နံနက် ပိုင်း ခွင့်ဖြင့် ပြန်လာသည့် ဗိုလ်ကြီးမြင့်ဆွေ၊ ဇနီးရတနာဦး ၊ ဗိုလ်အောင်ကိုမင်းတို့ ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ပစ်သတ်ခံရသော ဗိုလ်ကြီး မြင့်ဆွေ သည် အမြောက်တပ်-အောင်ပန်း၊ စစ် တက္ကသိုလ် အမှတ်စဉ်-၅၃ မှ ဖြစ်ကြောင်း၊ ဇနီးဖြစ်သူ မရတနာဦး နှင့် ဗိုလ် အောင်ကိုမင်း တို့ပါ ပစ်ခတ်ခံရပြီး သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် လှိုင်မြို့နယ်၊ သီရိမြိုင် ၁၃ ရပ်ကွက် ဗဟိုလမ်းနှင့် ပေါင်း စည်းလမ်းထိပ် သီရိမြိုင်မှတ်တိုင်အနီးတွင် ခွင့်ဖြင့် ပြန်လာသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးမြင့်ဆွေ၊ ဇနီး ရတနာဦးနှင့် ဗိုလ်အောင်ကိုမင်းတို့ စုစုပေါင်း မိသားစုဝင် ၃ ဦး ပစ်ခတ်ခံရပြီး သေ ဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

" ပဲပြုတ်ရောင်းတဲ့အိမ်က စစ်ဗိုလ်က ခွင့်နဲ့ ပြန်လာတာ။ ဗဟိုလမ်းနဲ့ ပေါင်း စည်းလမ်းထိပ် သီရိမြိုင်မှတ်တိုင်နားမှာ ပစ်သတ်ခံရတယ်။ စစ်ဗိုလ်မိသားစုနဲ့ အမျိုးသားတစ်ဦး ၃ ဦးသေနေတယ်။ အခု စစ်တပ်က လမ်းတခြမ်းကို ပိတ်ထားတယ် ဗဟိုလမ်းကို။ စစ်ဗိုလ်က ခွင့်နဲ့ ပြန်လာပြီး သူ့အမျိုးတွေကို လာကန်တော့တာ" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စစ်တပ်က ဗဟိုလမ်းနှင့် လှိုင်မြို့နယ်အတွင်းရှိ လမ်းများကို ပိတ် ဆို့ စစ်ဆေးနေပြီး ပြည်သူတချို့ ရိုက်နှက်ခံရကြောင်း သိရှိရသည်။

10/06/2022

ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) အနေဖြင့် ရွာငံဒေသကို စွန့်ခွာတော့မည် ဖြစ်ကြောင်းနှင့် ပုံစံ အမျိုးမျိုးဖြင့် ဆက်လက် တည်ရှိနေမည်ဟု ယမန်နေ့ ဇွန်လ ၉ ရက်၊ ညပိုင်းတွင် အသိပေး ထုတ်ပြန်ထားသည်။
PDF များပါမက ပြည်သူများပါ အစစအရာရာ ခက်ခဲ ကြပ်တည်းနေသော အချိန် ဖြစ်နေပြီး အခြေအနေအရ လုပ်ငန်းစဥ်များကို ဆက်လက်လုပ်ဆောင်နိုင်ခြင်း မရှိသေးသည့်အတွက်ကြောင့် ရွာငံဒေသကို စွန့်ခွာတော့မည် ဖြစ်ကြောင်း YPDF က ထုတ်ပြန်ထားခြင်း ဖြစ်သည်။
တော်လှန်ရေး၏ အောင်နိုင်ရေးသည် ပြည်သူများ၏ ပူးပေါင်း ပါဝင်မှုနှင့် တိုက်ရိုက် အချိုးကျနေသည်ကို ပြည်သူများ အနေဖြင့် သတိထားစေလို‌ကြောင်းနှင့် လုံးဝ စိတ်ဓါတ် မကျပဲ မလျော့သော ဇွဲဖြင့် ပါဝင်နိုင်သည့် နေရာများတွင် ပူးပေါင်းပါဝင်ပေးရန် တိုက်တွန်းထားသည်ကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတူ YPDF အနေဖြင့် တော်လှန်ရေးတွင် ပုံစံ အမျိုးမျိုးဖြင့် ဆက်လက် တည်ရှိနေမည် ဖြစ်ပြီး လုံးဝ ဇွဲလျော့သွားမည် မဟုတ်ကြောင်းနှင့် စုဖွဲ့မှုအသစ်ဖြင့် ပြည်သူများရှေ့ မားမားမတ်မတ် အရောက် ပြန်လာမည်ဟု ကတိသစ္စာပြုကြောင်းလည်း ဖော်ပြထားသည်။

Photos from AungBan Media's post 07/06/2022

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်နှင့် အောင်ပန်းမြို့တွင် မီးကြိုးဖြတ်ခိုးသူများကို ရဲကမဖမ်းပေးသဖြင့် ပြည်သူများဝိုင်းဝန်းဖမ်းဆီးမှုဖြစ်စဉ် ၂ခု ယနေ့၊ နံနက်အစောပိုင်းအချိန်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ‌ဒေသများတွင် ဆိုင်ကယ်ခိုးယူမှုများနှင့် ‌ဓာတ်တိုင်မှ နေအိမ်သို့သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားကြိုးများ မကြာခဏဖြစ်ပွားနေမှုကြောင့် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ သက်ဆိုင်ရာရဲစခန်းများထံ တိုင်ကြားသော်လည်း အရေးယူပေးမှုမရှိသည့်အတွက် ပြည်သူများကင်းစောင့်ဖမ်းဆီးခဲ့ရခြင်းဖြစ်သည်ဟု ညောင်ရွှေမြို့နယ်ဒေသခံတစ်ဦးက ပြောသည်။

"ဒီမနက်က ၂ယောက်ဖမ်းမိတယ်။ ဒီကောင်တွေလာခိုးတာများနေပြီ။ ဘုန်းကြီးကျောင်းက မီးကြိုးဖြတ်ခိုးလို့ ဆရာတော်မိတယ်၊ ဘာလုပ်တာလဲလို့မေးတော့ ငါးမျှားတံပြပြီး ငါးမျှားဖို့တီကောင်လိုက်ရှာနေတာလို့ ဘုန်းကြီးကိုတောင် ကလန်ကဆန်ပြန်ပြောသေးတယ်။ အခုကတော့ ရွာဝင်ကတစ်အိမ်ကို ဖြတ်ခိုးနေတုန်း၊ ဝိုင်းဖမ်းလိုက်တာ။ မီးကြိုးခိုးခံရတာက ၁၀အိမ်မကတော့ဘူး၊ အုပ်ချုပ်ရေးမှူးကတဆင့် ရဲကိုတိုင်‌တာ အရေးတောင်မလုပ်ဘူး။ တစ်ခါမှလာမကြည့်ဘူး။ အခုတော့လာခေါ်သွားတာပဲ၊ ဘယ်‌နေ့ပြန်လွှတ်ပေးမလဲတော့ မသိဘူး"ဟု ၎င်းကပြောသည်။

ညောင်ရွှေမြို့နယ်၊ အောင်သုခရွာ၌ မီးကြိုးလာဖြတ်ခိုးသည့် အမျိုးသား ၂ဦးနှင့် အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်တွင် မီးကြိုးလာဖြတ်ခိုးသည့် အမျိုးသား ၅ဦးအနက် ၂ဦးကို ပြည်သူများဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လအတွင်းကလည်း အောင်ပန်းမြို့၌ ဆိုင်ကယ်ခိုးယူသူ ၂ဦး၊ တောင်ကြီးမြို့၌ ဆိုင်ကယ်ခိုးယူသူ ၃ဦး၊ မေလအတွင်းက တောင်ကြီးမြို့၌ ဆိုင်ကယ်ခိုးယူသူ ၁ဦးတို့ကို ပြည်သူများဝိုင်းဝန်းဖမ်းဆီးခဲ့သေးကြောင်း သိရသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းယူချိန်မှစတင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းဒေသအပါအဝင် နိုင်ငံတဝန်းလုံး၌ ခိုးဆိုးလုနှိုက်မှုများ ပေါ်ပေါ်တင်တင်ဖြစ်ပွားလာနေသော်လည်း ဖမ်းဆီးအရေးယူခြင်းမရှိဘဲ ၎င်းတို့ကိုဆန့်ကျင်သူများကိုကာ အပူတပြင်းလိုက်လံရှာဖွေဖမ်းဆီးလျက်ရှိသည်။

Want your business to be the top-listed Media Company in Aungban?
Click here to claim your Sponsored Listing.

Website

Address


Pyi Htaung So Road
Aungban