Go Cora LX

Go Cora LX

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Go Cora LX, บล็อกเกอร์, Aungban.

17/04/2026

မင်္ဂလာရှိသော မြန်မာနှစ်သစ်ကူးလေး ဖြစ်ပါစေရှင် 🙏✨

နှစ်သစ်မှာ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး သွားချင်တဲ့ ခရီးစဉ်တွေကို လွတ်လွတ်လပ်လပ်နဲ့ ပျော်ပျော်ရွှင်ရွှင် သွားနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ✈️🌍

Cora ကလည်း ဒီနှစ်သစ်မှာ နေရာသစ်တွေ အများကြီးသွားပြီး အမိုက်စား Travel Vlog တွေ အများကြီး ထပ်တင်ပေးသွားမှာမို့ Stay Tuned ပါနော်။ အားလုံးပဲ ပျော်ရွှင်စရာ နှစ်သစ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။ 💛✈️📸

10/08/2025

ဟိုတနေ့က ရန်ကုန်လေဆိပ် အတွေ့အကြုံလေးတွေ ပြောပြပြီးဆိုတော့ ဒီနေ့မှာတော့ ရန်ကုန်လေဆိပ်ကလာပြီး ဘနိကောက် သုဝဏ္ဏဘူမိ (Suvarnabhumi) လေဆိပ်မှာ လေယာဉ်ဆိုက်တာနဲ့ ဘယ်ကိုသွားရမယ်၊ ဘာတွေလုပ်ရမယ်ဆိုတာကို အခု video လေးထဲမှာ ပြောပြပေးထားတာကြောင့် အဆုံးထိကြည့်ပေးခဲ့ပါဦးနော် 🥰

TDAC form ဘယ်လိုဖြည့်ရမလဲ ဆိုတာ ဒီ link လေးကနေကြည့်လို့ရပါတယ်ရှင့်

https://fb.watch/BnZP1fZx6E/?

Travel Experience at Suvarnabhumi Airport

Photos from Go Cora LX's post 02/08/2025

ဘန်ကောက်က မြန်မာသံရုံးမှာ သံရုံးထောက်ခံစာ ဘယ်လိုယူမလဲ

ဒီနေ့မှာတော့ Cora က ထိုင်းနိုင်ငံကို အလည်လာပြီး အကြောင်းအမျိုးမျိုးကြောင့် မပြန်ဖြစ်သေးဘဲ ထိုင်းမှာဆက်နေချင်တယ်ဆိုရင် Visa သက်တန်းတိုးဖို့လိုပါတယ်။

ဗီဇာသက်တန်းတိုးဖို့အတွက် မြန်မာသံရုံးထောက်ခံစာယူဖို့ကလဲ မဖြစ်မနေလိုအပ်လာပါပြီ။

ကိုယ်ကအချိန်လဲရတယ်၊ အေးဂျင့်လဲမအပ်ချင်ဘူး၊ အတွေ့အကြုံရအောင် ကိုယ်တိုင် မြို့ထဲအလည်သွားရင်းနဲ့ ထောက်ခံစာသွားယူမယ်ဆိုရင် လိုအပ်တဲ့ စာရွက်စာတန်းတွေနဲ့ ဘယ်လိုသွားရမလဲဆိုတာ ပြောပြပေးပါမယ်ရှင်။

ထောက်ခံစာယူဖို့ လိုအပ်တဲ့စာရွက်စာတန်းတွေကတော့
🔸ဘဏ်ငွေသွင်းချလံ
🔸Passport Bio Page မိတ္တူ
🔸Visa Page မိတ္တူ
(Visa ကသက်တန်းကုန်ခါနီး ၇ ရက်အလို ဖြစ်ရပါမယ်/ visa သက်တန်း ၇ ရက်နဲ့အထက်ဆို ထောက်ခံစာထုတ်မပေးပါဘူးရှင့်)

ဘန်ကောက်မြို့ မြန်မာသံရုံး လိပ်စာကတော့
📍132 N Sathon Rd, Si Lom, Bang Rak, Bangkok
Saint Louis station နားမှာ ဖြစ်ပါတယ်

မြန်မသံသံရုံးရဲ့ Google map link

https://maps.app.goo.gl/TsWo4LZYntvTyN2C7?g_st=ipc

သံရုံးကိုရောက်တဲ့ Bus တွေကတော့ 17, 77, 116, 149, 167, 21E နံပါတ်တွေရောက်ပါတယ်

ရထားစီးရင်တော့ Silon လိုင်းကိုစီးပြီး Saint Louis (S4) station မှာဆင်းရပါမယ်

Saint Louis Station ကိုရောက်ရင် လမ်းဘယ်ဘက်အခြမ်းက Saint Louis Hospital အကျော်လေးမှာ Bangkok Bank မှာ ကိုယ်ရဲ့ passport ပြပြီး ဘတ် ၁၅၀ ကို မြန်မာသံရုံးအကောင့်ထဲငွေသွင်းပြီး ငွေသွင်းချလံယူရပါမယ်။

ပြီးရင် ဘဏ်ရဲ့မျက်စောင်းထိုးမှာ မြန်မာသံရုံးရှိပါတယ်။ လမ်းကူးပြီး မြန်မာသံရုံးဆိုင်းဘုတ်ဘေးက အပေါက်လေးကနေ တန်းစီပြီးဝင်သွားလိုက်ပါ။

အထဲရောက်ရောက်ခြင်း ပထမဆုံးတွေ့ရတဲ့ကောင်တာမှာ တုံကင်နံပါတ်ယူပြီး အလှည့်ကျရင် ကောင်တာနံပါတ် ၅ မှာ ဘဏ်ချလံနဲ့ မိတ္တူစာရွက်တွေပေးခဲ့လိုက်ပါ။ ပြန်ယူရမယ့် အချိန်ကိုပြောလိုက်ပါလိမ့်မယ်။ ကိုရာသွားတုန်းကတော့ ညနေ ၅ နာရီနောက်ပိုင်း ပြန်ချိန်းပါတယ်။

🔺 ၁၂ နာရီ မတိုင်ခင် စာရွက်တွေတင်ရပါမယ်ရှင် 🔻

ထောက်ခံစာပြန်ယူဖို့စောင့်ရင်း သံရုံးအနီးနားမှာ
🔹The Empire Tower
🔹King Power Mahanakon
🔹Lumphini ပန်းခြံ
🔹Icon Siam တို့ကိုအလည်သွားလို့ရပါတယ်။

ညနေကျ သံရုံးကိုပြန်လာ ဝင်ဝင်ခြင်းကောင်တာမှာ တုံကင်ယူပြီး အလှည့်ကျရင် ကောင်တာ ၅ မှာဘဲ passport စာအုပ်ပြပြီး ထောက်ခံစာပြန်ထုတ်ပေးပါလိမ့်မယ်။

ဒါဆိုရင် ထောက်ခံစာဘယ်လိုယူရမလဲ သိသွားပြီလို့ထင်ပါတယ်။

TikTok မှာလဲ video လေးနဲ့ရှင်းပြပေးထားပါတယ်။
အခု link ကနေ ဝင်ကြည့်လို့ရပါတယ်ရှင့် ❤️

https://vt.tiktok.com/ZSSyw8Ewh/

၁၄ရက်အလည် visa နဲ့လာပြီး ထိုင်း Immigration ရုံးမှာ တစ်လသက်တန်း ဘယ်လိုတိုးရမလဲဆိုတာ နောက် post မှာ ပြောပြပေးပါမယ်ရှင်။

အခု Cora ရဲ့ post လေးက အထောက်အကူဖြစ်တယ်ဆိုရင် like & share နဲ့ Cora ရဲ့ page လေးကို like လုပ်ခဲ့ပေးပါဦးနော်

# FYI

Want your public figure to be the top-listed Public Figure in Aungban?
Click here to claim your Sponsored Listing.

Telephone

Website

Address


Aungban