KNUE Studio

KNUE Studio

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KNUE Studio, TV Channel, Ayadaw.

Photos from KNUE Studio's post 19/07/2020

Today Activities..

Teamတွေ /Playersတွေအနေနဲ့ အဆင်မပြေတာများရှိရင် ချက်ခြင်းဆက်သွယ်နိုင်ပါတယ်ဗျ။
ကျနော်တို့ဖက်က လုပ်ပေးလို့ရသလောက် လုပ်ပေးသွားမှာဖြစ်ပြီး၊ Admin Teamရဲ့ တစ်ချို့သော လိုအပ်ချက်များကိုလည်း နားလည်ပေးစေလိုပါတယ်ဗျ။
ကျေးဇူးတင်စွာဖြင့်.....Admin Team

16/07/2020

😔အာဇာနည်နေ့ဝမ်းနည်းခြင်းအထိမ်းအမှတ်😔
Mobile Legends (E-sport) ပြိုင်ပွဲ

(၇၃)နှစ်မြောက်ဘအာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် online မှ တစ်ဆင့် အရာတော်မြို့နယ်လုံးဆိုင်ရာ Mobile Legends E-sport ပြိုင်ပွဲကို onlineမှတဆင့် (19.7.2020)ရက်နေ့တွင် က​ျင်းပသွားမှာ ဖြစ်ပါတယ်ခဗျ။ ပြိုင်ပွဲဝင်ကြေးအနေဖြင့် တစ်သင်းလှ ျင် ၁၀၀၀၀ကျပ် ပေးသွင်းရပါမယ်ခဗျ။

ပေးအပ်သွားမဲ့ဆုတွေကတော့----🏆🏆🏆
*🥇Winner.= 100000 ကျပ်💵.
*🥈First Runner up. = 50000ကျပ်💵.
*🏅The Best Player. = Dia 500💎. တို့ကို
ထိုက်ထိုက်တန်တန် ချီးမြင့်သွားမှာဖြစ်ပါတယ်။

❌စည်းကမ်းချက်များ❌
-ကစားမဲ့ ပြိုင်ပွဲဝင်များအနေဖြင့် တစ်သင်းလှ ျင်
အများဆုံး ကစားသမား(၆)ယောက်သာ လက်ခံမည်ဖြစ်သည်။
-ပွဲစဥ်အတွင်း စာရင်းသွင်းထားသည့်ကစားသမားများမှ လွဲ၍ ပြင်ပကစားသမားအားဝင်ရောက်ကစားခြင်းမပြု။
-ပွဲမစခင် ၁၅မိနစ် ​ကြိုတင် ၍ Gameအတွင်းရောက်ရှိနေရမည်။
-၁၅မိနစ်သာ နောက်ကျခွင့်ပြုသည်။ ၁၅မိနစ်
အထက်နောက်ကျလှ ျင် အလိုအလျောက် ရှုံး
နှိမ့်မည်ဖြစ်သည်။
- ပြိုင်ပွဲတွင် Stickerပို့ခွင့်ပြုသည်။ All chatဖြင့်
နစ်နာစေသောစကားများပြောခွင့်မပြု။
-ယှဥ်ပြိုင်နေစဥ်အတွင်း အကြောင်းအမျိုးမျိုး
အတွက် တစ်ဖက်လှ ျင် (၃)ကြိမ် Pause တောင်း ခွင့်ပြုသည်။(Battle) ဆိုင်နေစဥ်အတွင်း pause မပေး ပါ။
-Pauseတောင်းလှ ျင် All Chatဖြင့် P ဟု ပို့ရမည်။
-Team Leaderမှ Admin၏ game accကို လာအပ်ရန် လိုအပ်ပါသည်။
-Team Leaderမှ Adminတို့နှင့် Massager Gpဖွဲ့
ပြီး လိုအပ်သည်များကိုဆက်သွယ်သွားမည်
ဖြစ်သည်။
-အငြင်းပွားဖွယ်ရာများ ဖြစ်လာပါက Adminsတို့၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။

📥စာရင်းသွင်းရန် - K.nue Vlog၏ page massager နှင့် အောက်ပါဖုန်းနံပါတ်များသို့လည်းစာရင်းပေးသွင်းနိုင်ပါသည်။

📞📞📞📞📞📞📞📞📞
09-400531521(Ko Nue)
09-772211805(Ko Yazar)
09- 978191342(Broken)

📱📱📱📱📱📱📱
ွပွဲစဥ်များအားလုံးကို K.Nue Vlog facebook PageမှLive ထုတ်လွှင့်သွားမည်ဖြစ်ပါသည်။

🥋🥋အရာတော်မြို့နယ် မှ Mobile Legends ကစားသမားများ အားလုံးကို ဝင်ရောက်ယှဥ်ပြိုင်ရန် ဖိတ်ခေါ်အပ်ပါတယ်။🥋🥋

မရှင်းလင်းတာများရှိပါက K.Nue Vlog Page သို့ လာရောက်ဆက်သွယ်နိုင်ပါသည်။

02/07/2020

How motion picture begin
ရုပ်ရှင်ဘယ်ကစ?

(အစကတော့ vlogလုပ်မလို့ပါပဲ၊ ပျင်းသွားတာနဲ့ စာနဲ့ပဲရေးလိုက်ပါတယ်😅😅)
Pcနဲ့ရေးထားတာဖြစ်လို့ /ပြည်ထောင်စု font လဲ မပြောင်းရသေးလို့ fonts အမှားအယွင်းရှိပါတယ်။

အရုပ်များရှင်သန်နေသောကြောင့် ရုပ်ရှင်ဟုခေါ်သော်လည်း အမှန်တကယ် အရုပ်များရှင်သန်နေခြင်း မဟုတ်ပေ။ ပိတ်ကားပေါ်တွင် အရုပ်များလှုပ်ရှားနေသယောင် ပုံရိပ်များဖြစ်နေခြင်းမှာ `Persistence of vision` (အမြင်ကျန်ခြင်း) ကြောင့်ဖြစ်သည်။ အမြင်ကျန်ခြင်းဆိုသည်မှာ လူသားတစ်ဦးသည် တစ်စက္ကန့်တွင် (၂၄)ပုံခန့် မြင်ရပြီး ပုံရိပ်တစ်ခုသည် ခြောက်ဆယ်ပုံတစ်ပုံခန့် အမြင်အာရုံတွင်ကျန်နေကာ ထိုပုံရိပ်များကို အတူတကွပေါင်းစည်းလိုက်သောအခါ အရုပ်များရှင်သန်လာသည်။ Peter Mark Rogetက အမြင်ကျန်ခြင်းသည် ရုပ်ပုံတစ်ခုကို ဖယ်လိုက်သည့်တိုင်အောင် စက္ကန့်၏အစိတ်အပိုင်းတစ်ခုမျှ မှတ်မိနေသော မျက်ကြည်လွှာ၏ လုပ်ဆောင်မှုပုံရိပ်ကျန်နေသော စွမ်းရည်ဟု ဆိုသည်။ သို့သော် ထိုသို့ အရုပ်များရှင်သန်လာရခြင်းမှာ ရုတ်ချည်းပြောင်းလဲသွားသော ရုပ်ပုံတစ်ခုချင်းစီကို မခွဲခြားနိုင်သော ဦးနှောက်၏လုပ်ဆောင်မှုကြောင့်သာဖြစ်သည်။
နောက်ပိုင်းတွင် အမြင်ကျန်ခြင်းနိယာမကို အသုံးပြုကာ Mutoscope, Zoetrope, Kinetoscope, Phonoscope စသည့် လက်လှည့်မျက်လှည့်စက်များ ကမ္ဘာအနှံ့အပြားတွင် ပေါ်ပေါက်လာသည်။ တရုပ်၊ ဂျာဗား၊ ပြင်သစ် နှင့် တစ်ချို့သောနိုင်ငံများတွင် Shadow Puppel(အရုပ်ပြပွဲများ)၊ Magic Lattern show(မီးအိမ်ဆန်းပြပွဲ)များ ခေတ်စားလာခဲ့သည်။ Shadow Puppel ပြပွဲများတွင် မီးတုတ်၊ မီးတိုင်၊ ဆီမီး၊ ဖယောင်းမီး စသည်တို့ဖြင့် အနောက်ဖက်မှ အလင်းရောင်ထိုးပေးထားပြီး ရုပ်ပုံကားချပ်များကို အလယ်တွင်ထားရှိကာ ရှေ့ဆုံးတွင် ပိတ်စပါးပါးကို ဖြန့်ကျက်ပြီး ထောင်ကာထားသည်။ ပုံဖော်ဖြတ်ညှပ်ထားသည့် စက္ကူကတ်ထူများကို ကြိုးဖြင့်ဖောက်သီကာ ၀ဲ၊ယာ တစ်ဖက်တစ်ချက် ရစ်ပတ်ဆွဲယူလိုက်လျှင် ပိတ်ကားပေါ်၌ အရုပ်များလှုပ်ရှားပုံကို အရိပ်အဖြစ်တွေ့မြင်ရသောကြောင့် လူအများက နှစ်သက်သဘောကျခဲ့သည်။ Magic Lattern ကမူ စက္ကူကတ်ထူများနေရာတွင် မှန်သားပေါ်တွင်ရေဆွဲထားသော ပန်းချီမှန်ချက်များဖြင့်လည်းကောင်း၊ ဓါတ်ပုံမှန်ချပ်များကိုလည်းကောင်း ဖန်မီးအိမ်၏အလင်းရောင်ဖြင့် အနောက်ဖက်မှထိုးလိုက်သောအခါ ပန်းချီမှန်ချပ်နှင့် ဓါတ်ပုံမှန်ချက်များပေါ်ရှိ ပုံရိပ်များအတိုင်း အရှေ့ဖက်ရှိ ပိတ်ကားပြင်ပေါ်တွင် ကျရောက်ထင်ပေါ်လာစေသည်။ ၁၉ရာစု အကုန် ၂၀ရာစုအစောပိုင်းတွင် ပေါ်ပေါက်လာသော Shadow Puppel နှင့် Magic Lattern တို့သည် ရုပ်ရှင်ရုံများ၏ ရှေ့ပြေးနိမိတ်ပုံရိပ်များဖြစ်လာသည်။
၁၈၇၂ခုနှစ်တွင် အမေရိကန်၊ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချူပ်ရေးမှူးအဟောင်း(ဘုရင်ခံ)၊ စီးပွားရေးလုပ်ငန်းရှင် လီလဲန်စတင်းဖို့ဒ်(Leland Stanford) သည် မိတ်ဆွေတစ်ဦးနှင့် စကားစပ်မိရာမှ မြင်းများ ကဆုန်ပေါက်ပြေးရာတွင် မြင်းခြေ မြင်းလက် လေးဖက်လုံး မြေပြင်နှင့် လွတ်မလွတ်ကို အလောင်းအစားဖြင့် အငြင်းပွားကြခြင်းဖြစ်သည်။ ထိုငြင်းခုန်ချက်ကို မှန်မမှန် သာဓကပြရန် Eadweard Muybridge ဟုခေါ်သော ဓါတ်ပုံဆရာကို ဆောင်ရွတ်စေသော်လည်း စိတ်ကြေနပ်မှုမရသဖြင့် အင်ဂျင်နီယာ John.D Issec ကိုပါ ခေါ်ယူဆောင်ရွတ်စေသည်။ ဓါတ်ပုံကင်မရာ (၂၄)လုံးကို မြင်းပြေးလာမည့်လမ်းကြောင်းတွင် အကွာအဝေးညီညီထားစေပြီး ကင်မရာခလုတ်များကို ကြိုးဖြင့် ဆက်သွယ်ထားစေသည်။ ထိုလမ်းကြောင်းမှ မြင်းများဖြတ်ပြေးသောအခါ ကြိုးများပြတ်သွားပြီး ဓါတ်ပုံ(၂၄)ပုံ ရိုက်ပြီးသားဖြစ်သွားသည်။ ရိုက်ကူးပြီး နဂ္ဂတစ်များကို ကြည့်လိုက်သောအခါ မြင်းခြေလတ်လေးဖက်လုံး မြေပြင်နှင့်မထိဘဲ လွတ်နေသည်ကိုတွေ့ရပြီး စတင်းဖို့ဒ် အနိုင်ရသွားခဲ့သည်။
ထို့နောက် လှုပ်ရှားမှုအစဉ်အတိုင်းကို ဓါတ်ပုံများဆက်တိုက်ရိုက်ကာ ဆက်စပ်လိုက်လျှင် အရုပ်များ လှုပ်ရှားသွားနိုင်သည်ကို သိရှိသွားသောအခါ နိုင်ငံတကာမှ နည်းပညာရှင်များက ဓါတ်ပုံကင်မရာအစား ဖလင်များထည့်ကာ ရိုက်ကူးနိုင်သော ရုပ်ရှင်ကင်မရာတီထွင်ရန် ကြိုးစားလာကြသည်။ John Zahnက ၁၈၆၅ခုနှစ်တွင် ပထမဆုံးကင်မရာပုံစံကို ဖန်တီးခဲ့သည်။ ၁၈၁၄ခုနှစ်ရောက်မှသာ Joseph Nicephore က ပထမဆုံးဓါတ်ပုံ ရိုက်နိုင်ခဲ့သည်။ ၁၈၂၇လောက်တွင် ကင်မရာFunctionပုံစံအတိုင်းကို ပထမဆုံးဖန်တီးနိုင်ခဲ့ပြီး Heliography ဟုခေါ်သည်။ ၁၈၂၉ တွင် ပြင်သစ်အနုပညာရှင်၊ ဓါတ်ပုံပညာရှင် Louis Daguerre နှင့် ပူးပေါင်းမိပြီး Nicephore ဆုံးသွားသောအခါ Daguerreက ဆက်လက်လုပ်ကိုင်ခဲ့သည်။ ၁၈၄၀ခုနှစ်နောက်ပိုင်းတွင် Fox Talbot က Photograph လုပ်ငန်းကို တိုးတက်အောင် ကြိုးစားခဲ့သည်။ ၁၈၈၈ခုနှစ်တွင် အဆင့်မြင့်သော နည်းပညာဖြင့်ဖန်တီးထားသော Kodak Black Camera ကို George Eastman က ချပြခဲ့သည်။ သို့သော် ကင်မရာများသည် ဓါတ်ပုံကင်မရာအဖြစ်သာရှိသေးသည်။
၁၈၄၅ခုနှစ်တွင် Francis Ronalds က ရုပ်ရှင်ကင်မရာကို စတင်တီထွင်ရန် ကြံဆခဲ့သည်။ အလင်းအသိရှိသော မျက်နှာပြင်(Photosensitive surface) သည် ကင်မရာ၏ အလင်းဝင်ပေါက်ကိုဖြတ်ပြီး နာရီလက်တံကဲ့သို့လှည့်သော စက်ပစ္စည်းတစ်ခုပေါ်တွင် အခြေပြုကာ ၁၂နာရီ (သို့) ၂၄နာရီအထိ မရပ်နားဘဲဆက်တိုက် မှတ်တမ်းတင်နိုင်သည်ကို တွေ့ခဲ့သည်။ Kew Observatory ပြုလုပ်သော စမ်းသပ်မှုများကို မှတ်တမ်းတင်နိုင်ရန် Ronaldsက ကြိုးစားခဲ့သည်။ ၁၈၇၆ တွင် Wordsworth Donisthorpe သည် မှန်ပြားများပေါ်တွင် ဓါတ်ပုံများရိုက်ကူးပြီး paper film တွင် ဓါတ်ပုံကူးယူနိုင်သော ကင်မရာတစ်မျိုးကို တီထွင်ပြန်သည်။ ၁၈၈၈တွင် ပြင်သစ်ပညာရှင် Louis Le Prince က မှန်ဘီလူးတစ်မျိုးတည်း အသုံးပြုသော ကင်မရာကို တီထွင်နိုင်ခဲ့သည်။ သူသည် ၁၈၈၇တွင် မှန်ဘီလူး (၈)ခု အသုံးပြုသောကင်မရာကို တီထွင်နိုင်ခဲ့သော်လည်း errorတော်တော်များသဖြင့် အလုပ်မဖြစ်ခဲ့ပေ။ ရုပ်ရှင်ကင်မရာများတီထွင်ခဲ့ကြသော်လည်း ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်မြောက်သည်အထိ မစွမ်းနိုင်ခဲ့ကြသေးပေ။ ၁၈၉၁ခုနှစ်တွင် Thomas Edison က Kinetograph ကင်မရာကို တီထွင်နိုင်ခဲ့သည်။ ရုပ်ပုံများကို ရိုက်ကူးနေရင်းမှ ဖလင်ပြတ်တောက်သွားခြင်းမရှိစေဘဲ Frame တစ်ကွက်ချင်းစီတွင် အပြည့်အ၀ Expose လုပ်ပြီးမှ ရွေ့သွားစေသော sprocket wheelကို ထည့်ပေးထားပြီး ပထမဆုံးလက်တွေ့ကျသော High-speed stop-and-go film movement ပြုလုပ်နိုင်သော ကင်မရာဖြစ်လာပြီး နောင်နှစ်ပေါင်းများစွာတွင် ပေါ်ထွက်လာမည့် ရုပ်ရှင်ကင်မရာများ၏ အခြေခံဖြစ်လာခဲ့သည်။
ပြင်သစ်နိုင်ငံသား ညီအကိုနှစ်ဦးဖြစ်သူ Louis နှင့် Auguste Lumiere ညီအကို နှစ်ဦးက ဓါတ်ပုံနှင့် ရုပ်ရှင်ပြစက်ပေါင်းထားသောစက်ကို ၁၈၉၅ခုနှစ်အစောပိုင်းတွင် တီထွင်ခဲ့ပြီး ၁၃ရက် ဖေဖော်ဝါရီလ ၁၈၉၅ခုနှစ်တွင် ထိုစက်ကို Cinematographeအမည်နှင့် မှတ်တမ်းတင်နိုင်ခဲ့သည်။ ၂၈ရက် ဒီဇင်ဘာလ ၁၈၉၅ခုနှစ်တွင် ပြင်သစ်နိုင်ငံရှိ Grand Cafe တွင် တစ်မိနစ်နီးပါးရှိသော ရုပ်ရှင်တိုလေး( one-scens film) (၁၀)ကားခန့်ကို ပြသခဲ့သည်။ ၎င်းမှာ ပထမဆုံးပရိတ်များထိတွေ့ခွင့်ရခဲ့သည့် ရုပ်ရှင်များဟု ဆိုနိုင်မည်ဖြစ်ပါသည်။

02/06/2020

ရှိမ်းမကား သို့..

Want your business to be the top-listed Media Company in Ayadaw?
Click here to claim your Sponsored Listing.

Category

Website

Address


Ayadaw