E-Outfitting Royal Inn Bagan

E-Outfitting Royal Inn Bagan

Share

E-Outfitting Royal Inn is a lovely destination for nature lovers. We offer a beautiful blend of great service & comfort.

25/12/2024

Best wishes for a joyous Christmas filled with love, happiness and prosperity!

May all that is beautiful, meaningful and brings you joy be yours this holiday season and throughout the coming year!

🥰🌲❄️☃️🌲🥰

Photos from E-Outfitting Royal Inn Bagan's post 27/09/2024

မြစေတီကျောက်စာ (ခ) ရာဇကုမာရ်ကျောက်စာ
(အစောဆုံးကျောက်စာ)

#အေဒီ ၁⁠၁၁၃ ခုနှစ် က ကျောက်တုံးပေါ်တွင် ရေးထိုးခဲ့သော မြစေတီကျောက်စာ သည် မြစေတီ ခြေရင်းနားတွင် တွေ့ရှိရသည်။

ပုဂံမြို့တောင်ဖက်၊ မြင်းကပါရွာရှိ မြစေတီဘုရားအနီး၌ တွေ့ခဲ့သည်ကို အကြောင်းပြု၍ မြစေတီ ကျောက်စာဟု အမည်တွင်လျက်ရှိသော ကျောက်စာကား ရှေးပုဂံခေတ်ဟောင်းတွင် ရေးထိုးသော ကျောက်စာများအနက် လက်ဦးကျရုံမကဘဲ သမိုင်းနှင့် စာပေတို့ကို ခန့်မှန်းသုံးသပ်ရာ၌ အထောက်အကူပြုသောကြောင့် အလေးတမူ ဂရုပြုကာ အရေးထားအပ်သော ကျောက်စာဖြစ်၏။ ယင်းကျောက်စာကို ဂူပြောက်ကြီး ကျောက်စာဟူ၍လည်းခေါ်ကြသည်။

#ရာဇကုမာရ် ရေးထိုးခဲ့သောကြောင့် ရာဇကုမာရ်ကျောက်စာဟုလည်းခေါ်သည်။

အလားတူ ကျောက်စာတစ်ခုကိုလည်း မြစေတီအနီးရှိ အဆောက်အဦးတွင်လည်း တွေ့ရသည်။

#မြစေတီ ကျောက်စာတိုင်သည် အမြင့် ၅၅ လက်မ ရှိ၍ လေးဖက်လုံးတွင် အကျယ် ၁၄ လက်မရှိသည်။

မြစေတီကျောက်စာအရ ရာဇကုမာရ်မင်းသားသည် ကျန်စစ်သားမင်းနှင့် ကြင်ရာတော် သမ္ဘူလ၏သားဖြစ်သည်ဟု သိရသည်။

#ကျန်စစ်သား မင်းဖြစ်သောအခါ သမ္ဘူလနှင့်သား
(ရာဇကုမာရ်) မြို့တော်သို့ ရောက်လာသည်။

သို့သော် သားအရင်းဖြစ်သည့် ရာဇကုမာရ်အား ထီးနန်းအရိုက်အရာမပေးနိုင်ပဲ သမီးဖြစ်သူ ရွှေအိမ်စည် နှင့် မွန်ဘုရင် မနူဟာ၏မြေးတော်သူတို့မှ ဖွားမြင်သည့် မြေးတော်အလောင်းစည်သူ အားနန်းလျာထားပြီးဖြစ်သဖြင့် ရာဇကုမာရ်အား ဓညဝတီတောင်စဉ် ၇ ခရိုင်အားပေးခြင်းဖြင့် နှစ်သိမ့်ခဲ့သည်။

ရာဇကုမာရ်ကလည်း ကျေးဇူးသိတတ်သောအားဖြင့် ကျန်စစ်သား နာမကျန်းဖြစ်ချိန်တွင် မိမိပိုင်ရွှေ၊ငွေ ဥစ္စာများဖြင့် ဗုဒ္ဓရုပ်ပွားတော်များ သွန်းလုပ်ပူဇော်ပေးခဲ့သည်။ ထိုသို့သော ကုသိုလ်အကြောင်းကို မြစေတီကျောက်စာအဖြစ် ရေးထိုးခဲ့ခြင်းဖြစ်သည်။

ကျောက်စာတွင် ဆုတောင်းလွှာ နှင့် ကျိန်စာများ ပါရှိသည်။

#မြစေတီ ကျောက်စာတိုက်နှစ်တိုင်ရှိရာ၊ ပုဂံပြတိုက်တွင် ကျောက်စာတိုင် တစ်ခုရှိ၍၊ မြင်းကပါ မြစေတီ ရင်ပြင်ပေါ်တွင်ကျောက်စာတိုင် တစ်ခုကို စိုက်ထူထား၏။

ပုဂံပြတိုက်တွင်ရှိသော ကျောက်စာတိုင်ကို ခရစ်နှစ် ၁၈⁠၈၆ - ၈၇ ခု( မြန်မာ ၁၂၄၈ ခုနှစ်ခန့်) တွင် ရန်ကုန်အစိုးရ ကောလိပ်ပါဠိစာ ပါမောက္ခနှင့် အစိုးရ ကျောက်စာဝန်အဖြစ် တွဲဖက်ရွက်ဆောင်သော ဂျာမန်ပညာရှိ ဒေါက်တာ ဖိုရှမ်းမားသည် ပုဂံမြို့ တောင်ဖက် မြင်းကပါရွာအနီး မြစေတီခြေရင်း၌ ကပ်လျက်စတင်တွေ့ရှိခဲ့၏။

#မြစေတီ ရင်ပြင်ပေါ်တွင်စိုက်ထူထားသော ကျောက်စာတိုင်ကိုမူ ဂူပြောက်ကြီးလိုဏ်ဂူအတွင်း၌ ၃ ပိုင်း ကျိုးပြတ်လျက် စတင်တွေ့ခဲ့ရလေသည်။

#ကျောက်စာတိုင် တစ်တိုင်တွင် ၄ မျက်နှာရှိရာ၊ တစ်မျက်နှာလျှင် ဘာသာတစ်မျိုးစီရှိလျက် ပါဠိ၊မြန်မာ၊ မွန်နှင့်ပျူစာ ၄ မျိုးရေးထိုးထား၏။

#ထိုမြစေတီ ကျောက်စာကို ပျူစာ၊ မွန်စာတို့ဖြင့် ရေးထိုးထားသည်ကိုတွေ့ရသော ကြောင့်လည်း မြန်မာစာနှင့် ယှဉ်ကာ၊ အဓိပ္ပါယ် ဖော်နိုင်ကြ၍ အထူးသဖြင့် ပျူစာကိုလေ့လာရာ၌ သဲလွန်စရနိုင်သဖြင့် နှောင်းပညာရှိတို့အတွက် အဖိုးထိုက်တန်လှသော ကျောက်စာ ဖြစ်ပေသည်။

ထို့အပြင် ရာဇကုမာရ်သည် ထီးနန်းစည်းစိမ်ကို မဆက်ခံရသော်လည် အမိအဖိ၏ ဂုဏ်ကျေးဇူးကို မည်မျှ သိတတ်ရိုသေ ကိုင်းရှိုင်းတတ်သော သားကောင်းရတနာ ဖြစ်ကြောင်း ဤမြစေတီကျောက်စာကို ဖတ်ရှုခြင်းဖြင့် သိသာနိုင်ပေသည်။

Want your hotel to be the top-listed Hotel in Bagan?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Kyauk Sit Kan Village
Bagan
05231