Win Latt Htwe
အေးချမ်းသာယာသော ပုဂံဘုရားဖူး ခရီးစဉ်ဖြစ်ဖို့ တာဝန်ယူပေးပါရစေ
21/01/2023
ရန်ကုန် - ပုဂံအမြန်ရထား ပြန်လည်ပြေးဆွဲမည်
*****************************************
Yangon. 20.1.2023
မြန်မာ့မီးရထား၊ ရထားစီးခရီးသည်များ ခရီးသွားလာမှုအဆင်ပြေစေရေးအတွက် ၂၃.၁.၂၀၂၃ ရက်နေ့မှစ၍ အမှတ်၆၁အဆန် ရန်ကုန် - ပုဂံ အမြန်ရထားကို နေ့စဥ်ပြေးဆွဲပေးသွားမည် ဖြစ်ပြီး ၂၄.၁.၂၀၂၃ ရက်နေ့မှစ၍ အစုန်/အဆန် ပြေးဆွဲပေးသွားမည် ဖြစ်ပါသည်။
အမှတ်၆၁အဆန်အမြန်ရထားသည် ရန်ကုန်ဘူတာမှ ညနေ ၄နာရီ ၁၅မိနစ်တွင်ထွက်ခွာပြီး ပုဂံဘူတာသို့ နောက်တနေ့ နေ့လည် ၁၂နာရီ တွင် ရောက်ရှိပါမည်။
အမှတ်၆၂အစုန်အမြန်ရထားသည် ပုဂံဘူတာမှ ညနေ ၄နာရီ ၁၅မိနစ်တွင် ထွက်ခွာပြီး ရန်ကုန်ဘူတာသို့ နောက်တနေ့ နေ့လည် ၁၂နာရီ တွင် ရောက်ရှိမည် ဖြစ်ပါသည်။
လမ်းခရီးတွင် ၂၃ဘူတာ ရပ်တန့်ပေးမည်ဖြစ်ပြီး ၄င်းဘူတာများမှာ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ္တလင်း၊ ပေါင်းတည်၊ ပုတီးကုန်း၊ သဲကုန်း၊ ဆင်မြီးဆွဲ၊ ရွှေတံခါး၊ အောင်လံ၊ ဆတ်သွား၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်၊ လေးအိမ်၊ သာမြှား၊ ပင်းချောင်း၊ ကျောက်ပန်းတောင်း၊ ငါ့မင်းမေး၊ စုတည်ဘူတာတို့ ဖြစ်ပါသည်။
အမှတ်၆၁အဆန် /၆၂အစုန် ရန်ကုန် - ပုဂံ - ရန်ကုန်အမြန် ရထားအား ရိုးရိုးတန်း ၅တွဲ၊ အထက်တန်းထိုင်ခုံ ၁တွဲ၊ အထက်တန်းအိပ်စင် ၁တွဲ၊ ဘရိတ်တွဲ ၁တွဲတို့ဖြင့် တွဲဆိုင်းဖွဲ့ဆင်ပြေးဆွဲပေးမည် ဖြစ်ပါသည်။
ရထားလက်မှတ်ခများမှာ ရိုးရိုးတန်း ၇၂၀၀ကျပ်၊ အထက်တန်းထိုင်ခုံ ၁၄၄၀၀ကျပ်နှင့် အထက်တန်းအိပ်စင် ၁၉၈၀၀ကျပ် တို့ဖြစ်ပါသည်။
ရန်ကုန်ဘူတာကြီးအနေဖြင့် အထက်တန်းလက်မှတ်များကို ၃ရက်ကြိုတင်၍လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်များကို ၁ရက်ကြိုတင်၍လည်းကောင်း လက်မှတ်ရုံများတွင် ရောင်းချပေးသွားမည် ဖြစ်ပါကြောင်း ခရီးသွားပြည်သူများအား အသိပေးကြေငြာအပ်ပါသည်။
*******
မြန်မာ့မီးရထား
အမှတ် (၇)တိုင်း၊ ရန်ကုန်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Bagan