Authentic Bagan

Authentic Bagan

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Authentic Bagan, Eco tour agency, Bagan.

05/09/2024

🤍သူများရောက်နေတဲ့နေရာကို လှမ်းကြည့်တဲ့ ခဏ ကအဆင်ပြေတယ်။

🚦ဒါပေမယ့် သူများရောက်နေတဲ့နေရာကိုတော့ ငေးကြည့်မနေနဲ့။

🚦သူများမှာလည်း
သူများ ဒုက္ခကြီး ရှိတယ်။

🔺သူများကို မမှီလို့ ဖြစ်ရတဲ့
စိတ်ဒုက္ခက ကုသရ ခက် တတ်တယ်။

မိမိအခုရောက်နေတဲ့ နေရာကနေ ပိုမြင့် ပိုကောင်းတဲ့ နေရာကို ရောက်ချင်ရင်…⁉️

👣မိမိ ခြေလှမ်းတွေကိုသာ သေချာစောင့်ကြည့်နေပါ။

❌ဘယ်ဖိနပ်စီးပြီး သွားမှ ခရီးရောက်မယ်ဆိုတာ တွေးပြီး တောင့်တ နေရမယ့်အချိန်ကောင်း မဟုတ်ဘူး။

🤍ဘယ်နေရာ သွားချင်တာလဲ။
🤍ဘာကြောင့် သွားချင်တာလဲ။
ဆိုတာသိရင် ရပြီ။

👣 ခြေလှမ်းပြင်ပြီး ဦးတည်လိုက်ပါတော့။

ပြီးရင်တော့ တစိုက်မတ်မတ်နဲ့ ခြေလှမ်းတွေကို ရွေ့နေလိုက်ရင်ရပြီ။

🌱အဲဒါ မသင်းလုပ်ခဲ့တဲ့ … လုပ်နေဆဲ ခြေလှမ်းခြင်းအနုပညာရပ်ပါပဲ။

#သင်းပုဂံ
#လိုချင်တာသာရမှာသေချာတယ်

04/09/2024

ဟုတ်တယ်နော်… အားလုံးနဲ့တူတူပဲ … ဘဝက ခက်ခဲကျပ်တည်းတယ်။
အသက်ရှင်သန်ဖို့ ရုန်းကန်ရတယ်။

သေသွားရင် ဘာမှ မသိနိုင်တော့ဘူးဆိုပေမယ့် …

မသေခင်မှာ - သေသွားခဲ့ရင်
ကိုယ်ချစ်တဲ့သူတွေ
ဘယ်လိုရှင်ကျန်နေခဲ့မလဲ
အဆင်မှ ပြေကြပါ့မလားလို့ တွေးမိကြမှာပေါ့။

အဲဒီအတွေးလည်း …အတူတူပဲ။

#သင်းပုဂံ

Want your business to be the top-listed Travel Agency in Bagan?
Click here to claim your Sponsored Listing.

Category

Website

Address


Bagan