Orphan school - bago

Orphan school - bago

Share

Education school

Photos from Orphan school - bago's post 24/04/2026

နှလုံးသားလေးထွေးပိုက်ထားတယ်

ကြယ်တွေမစုံတဲ့ လသန်းခေါင်ယံမှာ
မှောင်မိုက်ခြင်းနဲ့ လောကကြီးထဲ
ထိုးဖောက်ရောက်လာသော...

လူသားထဲက လူသားသေးသေးလေးတွေအတွက်တော့....

ရင်ခွင့်မဲ့ကျောင်းလေးရဲ့အမွှေးဆုံး
ပန်းကလေးတွေပါပဲ။

ဘာလို့လဲ.....
လွတ်လပ်ခြင်းနဲ့ ပန်းရနံ့သင်းသင်း
လောကကြီးမှာ ဖူးပွင့်ဝေဆာ
ဖြစ်ခွင့်ရလို့ပါပဲ။

ဒါကြောင့်လည်း မျှဝေသောစိတ်
ကြင်နာသော မေတ္တာ အနန္တဂရုဏာ
ထားကာ ....

#ဒေါက်တာပြည့်ပြည့်ဖြိုးခက် ၏ ၄၀နှစ်ပြည့် မွေးနေ့
အထိမ်းမှတ်ဖြင့်......
ဖြည့်စွက်စာ အာဟာရဒါန
(ရေခဲမုန့်) အား
ကုသိုလ်ပြု လှူဒါန်းခဲ့ပါသည်။

မွေးနေ့ရှင် သည်လည်း
မွေးနေ့ရက်မြတ် ချိန်ခါ
မင်္ဂလာ အဖြာဖြာနှင့်
အစဥ်မကွာ ပြီးပြည့်စုံ၍

လျှောက်သော ဘဝလမ်းမှာ
မရှိစကား၊မလှစကား၊
မဝစကား၊ မသိစကားမကြားရသည်ဖြစ်၍
ကျန်းမာ ချမ်းသာ ခြင်းနှင့်ပြည့်စုံစေပြီး
ချစ်ရသောသူများနှင့် အေးချမ်းပျော်ရွှင်သော
နေ့ရက်များစွာ ပိုင်ဆိုင်နိုင်ပါစေ။

ph-09784740491

Photos from Orphan school - bago's post 24/04/2026

အပြုံးတွေနဲ့ နွေးထွေးစေ...

မွေးနေ့ရှင် #ကိုသက်နိုင်ထွန်း ၏
၃၄ နှစ်ပြည့်မွေးနေ့
အထိမ်းအမှတ် အဖြစ် ....

ကျောင်းရှိ သံဃာတော်များနှင့်ကလေးသူငယ်များအတွက်
နေ့ဆွမ်း၊ နေ့လယ်စာ အာဟာရဒါန၊ ရေခဲမုန့်နှင့် ကိတ်မုန့်များအတွက်
အာဟာရဒါန ကုသိုလ်ပြုငွေ ၉၀၀,၀၀၀ကျပ် ကို လှူဒါန်းခဲ့ပါတယ်။

နွေးထွေးသော အပြုံးများနှင့်
လှပသော နှလုံးသားထဲမှ
ထက်သန်သော သဒ္ဓါတရား..
ကြင်နာမှု ကရုဏာတို့ဖြင့်..

ဤကျောင်းလေး၏
တနပ်စာ အာဟာရဝန်ကို
ပါရမီဖြည့် ဒါနပြုကြည်နူးရင်း
မွေးနေ့မှတ်တိုင်လေး တခု စိုက်ထူခဲ့ပါတယ်။

နောက်လာမယ့် နေ့များကို
စိတ်သစ်လူသစ် ခွန်အားသစ်များနဲ့
ဖြတ်ကျော်ရင်း ...လှပသော ဘဝတစ်ခုကိုဖန်တီးတည်ဆောက်ရဦးမယ်။

မွေးနေ့ရှင်၏ မြတ်သောစေတနာအကျိုးအားကြောင့် ယနေ့ပျော်ရွှင်သော မွေးနေ့မှသည်နောက်ထပ် နောက်ထပ် ပိုမိုကြည်လင်လှပသော
ဘဝနေ့ရက်များကို ပိုင်ဆိုင်နိုင်ပါစေ။

စိတ်ရောကိုယ်ပါ ကြည်မွေ့ချမ်းသာနိုင်ပါစေ။

စစ်မှန်သော ချစ်ခြင်းမေတ္တာတို့ဖြင့်
အေးမြသောဘဝရိပ်မြုံလေးကို
ပိုင်ဆိုင်နိုင်ပါစေ။
ဘာသာ သာသနာအကျိုး အများအကျိုးတို့ကိုဆန္ဒရှိသမျှ သယ်ပိုးဆောင်ရွက်နိုင်ပါစေ။

TikTok · ရင်ခွင်မဲ့ (မိဘမဲ့)ကျောင်း 21/04/2026

TikTok · ရင်ခွင်မဲ့ (မိဘမဲ့)ကျောင်း 93 likes, 6 comments. “သာသနပါလကျောင်းတိုက် ရင်ခွင်မဲ့သူများဆုံဆည်းရာ ဘက်စုံလူငယ်ဖွံ့ဖြိုးရေးကျောင်း ၏ ပဥ္စမအကြိမ်မြော....

Photos from Orphan school - bago's post 21/04/2026

ဝေးရပ်မြေသို့ အကြင်နာလက်ဆောင်..

ကြည်သောအပြုံး..
နူးညံ့သောမျက်နှာ..
ကြင်နာသောနှလုံးသား..
ထက်သန်မွန်မြတ်သော သဒ္ဓါတရားတို့နှင့်အတူ
ရင်ခွင်မဲ့ကမ္ဘာအတွက် ...လိုအပ်ချက်တစ်ခုကို
ကုသိုလ်ယူပါရမီဖြည့်ပေးကြတာကတော့...

မရွှန်းလဲ့ရူပါ (New Zealand)၏
၁၄ နှစ်ပြည့် မွေးနေ့အမှတ်တရ
မြတ်ဒါနကုသိုလ်တော်အဖြစ်..

ချစ်လှစွာသော မိခင်ဖခင်တို့မှ
ကျောင်းရှိသံဃာ ကလေးသူငယ်
ဝေယျာဝစ္စများအားလုံးအတွက်...
အရုဏ်ဆွမ်း၊ မနက်စာ အာဟာရဒါန နှင့် ရာသက်ပန် ပညာရေးပဒေသာပင် အတွက်
ကုသိုလ်ပြုငွေ ၄၅၀,၀၀၀ ကျပ်ကို
စေတနာ ထက်သန်စွာ..လှူဒါန်းသမှု
ပြုခဲ့ပါတယ်။

ဒါနအမှုဟူသော စိတ်စေတနာ..
လူသားချင်း စာနာ ကြင်နာသောနှလုံးသားတို့ဖြင့်
ဘဝ၏ အထင်ကရ နေ့ရက်လေးကို
ကြည်နူးစွာ ဆေးခြယ်ရေးခဲ့ကြပါတယ်။

ရပ်ဝေးမြေခြား တိုင်းတပါးတွင်
ဘဝအတွက် အတွက်
ကြိုးစား နေရပါသော..
ရင်မှမွေးဖွား သမီးလေးအား
ပေးလိုလှတဲ့ မေတ္တာလက်ဆောင်။

လှူလိုသောသဒ္ဓါ ကူလိုသောမေတ္တာတို့ဖြင့်
မွေးနေ့အလှူလေး ကို ပုံဖော်ပေးခဲ့ပါတယ်။

ယနေ့ပြုရ ကုသလတို့ကြောင့်..
ကုသိုလ်ရှင် မွေးနေ့ရှင်..၏ ဘဝတလျှောက်
စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာစွာဖြင့်
မိဘဆွေမျိုး ကျေးဇူးများကို ဆပ်နိုင်ပြီး
အများအကျိုး လောကအကျိုး သာသနာအကျိုး
အသက်ရာကျော် ရွှင်​ပျော်စွာဖြင့်
သယ်ပိုး ထမ်းဆောင်နိုင်ပါစေ။

အိပ်မက် ရည်ရွယ်ချက်များကိုလည်း
လှပစွာ ပုံဖော်ဖန်တီးနိုင်ပါစေ။
ဘေးကင်းရန်ကင်း အန္တရာယ်လည်းကင်းပါစေ။

ကုသိုလ်ရှင်စေတနာရှင်မိသားစုများအားလုံး
နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ။
နိဗ္ဗာန်ချမ်းသာတရားတို့ကိုလည်း
ရှာဖွေတွေ့ရှိနိုင်ကြပါစေ။

Want your school to be the top-listed School/college in Bago?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


ပဲခူးတိုင်းဒေသကြီးဌာနဆိုင်ရာရုံးလမ်း၊ဆည်မြောင်း အုန်းတောဘက်ခြမ်း
Bago