San Chain Mhe Laboratory

San Chain Mhe Laboratory

Share

The Best Medical Laboratory in Bago

13/12/2023

""ဝန်ထမ်းအလိုရှိသည်""

🧑‍💻Urgent Position
Sale & Marketing Staff - Female (1)

Age. - 23 to 35 years
Salary. - 200,000 Ks

🕘Working Time: 9:00AM To 5:30 PM
( တစ်လလျှင် ၁၉ ရက်သာ အလုပ်ဆင်းရမည်, စနေ တနင်္ဂနွေ အားလုံး ပိတ်သည်)

Job Requirement
-Sale & Marketing ကိုအမှန်တစ်ကယ်စိတ်ဝင်စားသူဖြစ်ရမည်။
-Teamwork ဖြင့် အလုပ်လုပ်ကိုင်နိုင်ပြီး အလုပ်မှ ချမှတ်ထားသော စည်းကမ်းများကို သေချာစွာ လိုက်နာနိုင်သူဖြစ်ရမည်။
-အထက်တန်း အောင်မြင်ပြီးသူ (သို့) ကျောင်းကိစ္စကင်းရှင်းသူဖြစ်ရမည်။
-ရုပ်ရည်အသင့်တင့်ရှိပြီး ဆက်ဆံရေးကောင်းမွန်၍ အများနှင့်ပူးပေါင်းလုပ်ဆောင်နိုင်သူဖြစ်ရမည်။
-​ ဆိုင်ကယ်ရှိသူဦးစားပေးသည် ဆီဖိုးပါဝင်သည် ဆေးခန်းများ သင်တန်းကျောင်းများအား လိုအပ်သလိုသွားလာနိုင်ရမည်

CV ဖောင်ဖြင့် Viber သို့တိုက်ရိုက်ပေးပို့လျှောက်ထားရန်
Viber- 09 530 1346

16/04/2023

အစာအိမ်ရောဂါဖြစ်စေတဲ့ရောဂါပိုးမွှားတမျိုး

🔺ပုံမှန်အားဖြင့် အစာအိမ်ရောဂါဖြစ်ရခြင်းအကြောင်းရင်းများမှာ အပူအစပ်များစားသုံးခြင်း, အစာအိမ်ထိခိုက်စေသော ဆေးများမှီဝဲခြင်း, အစားစားချိန် မမှန်ခြင်း, စိတ်ဖိစီးမှုများခြင်း, အရက်သေစာသောက်စားခြင်း အစရှိသည်တို့ကြောင့်ဖြစ်ရခြင်း ဖြစ်ပါသည်

🔺အထက်ဖော်ပြပါ အကြောင်းရင်းများ အပြင် အစာအိမ်ရောဂါဖြစ်စေနိုင်သော အကြောင်းရင်းတခုလဲရှိနေတတ်ပါသည်
ထိုအကြောင်းရင်းမှာ အစာအိမ်နံရံကို တိုက်ခိုက်တတ်သော ပိုးမွှားတမျိုးကြောင့်ဖြစ်ပါသည်

🔺ထိုပိုးမွှားနာမည်မှာ Helicobacter pylori ဟုခေါ်တွင်ပြီး တချိန်တခါက ဆေးပညာရှင်များကို အံ့အားသင့်စေခဲ့သောပိုးမွှားဖြစ်ခဲ့ပါသည်
ထိုပိုးမွှားအား ၁၉၈၂ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ကြခြင်းဖြစ်သည်

🔺၁၉၈၂ မတိုင်ခင်က ဆေးပညာရှင်များက အစာအိမ်သည် အက်ဆစ်များဖြင့်ပြည့်နှက်နေတဲ့ အတွက် မည်သည့် ပိုးမွှားမှ မရှင်သန် မပေါက်ဖွားနိုင်ဟု ယုံကြည်ခဲ့ကြသည်
🔺၁၉၈၂ ခုနှစ်တွင် ထိုပိုးမွှားအား ဩစတေးလျ ဒေါက်တာ Barry Marshall နှင့် Robin Warren တို့ နှစ်ဦးမှ အစာအိမ်ရောဂါများနဲ့ ဆက်စပ်နေကြောင်း သက်သေပြနိုင်ခဲ့ကြပြီး ထိုတွေ့ရှိချက်ဖြင့် နိုဗယ်ဆုရရှိခဲ့ကြသည်

🔺အဆိုပါပိုးမွှားသည် အက်ဆစ်ဓာတ်ကို ခံနိုင်ရည်ရှိပြီး အစာအိမ်နံရံအားဖျက်ဆီးက အနာဖြစ်စေခြင်း ရောင်ရမ်းခြင်းများကို ဖြစ်စေပါသည်

🔺၁၉၈၂ မတိုင်ခင်က အစာအိမ်အား အက်ဆစ်လျှော့ချရန်အတွက်သာကုသခဲ့ကြပြီး ထိုနောက်ပိုင်းမှသာ အဆိုပါပိုးမွှားအား သတ်ရန် ပဋိဇီဝဆေးများဖြင့် စတင်ကုသခဲ့ကြရာ ယနေ့တိုင်ထိ ပိုးသတ်ဆေးများဖြင့်ကုသနေဆဲဖြစ်ပါသည်

🔺အဆိုပါပိုးမွှား ရှိမရှိအား သွေးစစ်ခြင်း /ဝမ်းစစ်ခြင်း/ အစာအိမ်မှန်ပြောင်း အသားစစစ်ခြင်း အစရှိသော စစ်ဆေးခြင်းမျိုးစုံဖြင့် စစ်ဆေးနိုင်ပါသည်

04/04/2023

💠စံချိန်မီ ၂၄ နာရီ ဓာတ်ခွဲခန်းမှာ ယခုနှစ် အသစ်ထွက်ရှိလာသော
💠ရာသီ တုပ်ကွေးကာကွယ်ဆေး အသစ် (၂၀၂၃ strains) 🔸🔸Seasonal Influenza Vaccine - Vaxigrip Tetra 2023🔸စတင်ထိုးနှံနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်

✅အသက် ၆ လ မှစတင်၍ ထိုးနှံနိုင်ပြီး
✅တုပ်ကွေးကာကွယ်ဆေးထိုးပြီး ၂ ပတ်အကြာမှ စတင်ပြီး ခုခံအားရရှိမည်ဖြစ်သောကြောင့်
✅မိုးရာသီ(တုပ်ကွေးရာသီ) အစ မတိုင်မီ စောစီးစွာကြိုတင်ထိုးနှံကာကွယ်ထားသင့်ပါသည်

✅ထိုးနှံထားပါက ရောဂါဖြစ်ပွားခြင်းကိုကာကွယ်ပေးရုံ မက ဖြစ်ပွားလာပါကလဲရောဂါပြင်းထန်မှုကိုလျှော့ချပေးနိုင်ပါသည်

✅စံချိန်မီဓာတ်ခွဲခန်းတွင် ကိုယ်တိုင်လာရောက်ထိုးနှံနိုင်သလို
✅အိမ်တိုင်ရာရောက် ကာကွယ်ဆေးထိုးနှံပေးမည့် service လည်းရှိသောကြောင့်
💠လူကြီးမင်းတို့ အနေဖြင့် တစ်ရက် ကြိုတင် ဖုန်းဆက် Booking တင်ထားနိုင်ပါသည်

💠ဖုန်းနံပါတ် - 09 260 88 1200 , 09 260 88 1400
(Or) 💠Page Chatbox ကို အသေးစိတ်မေးမြန်းစုံစမ်းနိုင်ပါသည်

💠ရာသီတုပ်ကွေးကာကွယ်ဆေး ပိုမိုထိူးနှံသင့်သူများမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်
၁. အသက် ၆၀ နှစ်အထက်လူကြီးများ
၂. ကိုယ်ခံအားနည်းရောဂါ ကင်ဆာရောဂါ အခံရှိသူများ
၃. နှလုံး ကျောက်ကပ် အသည်း အဆုတ် သွေးတိုး ဆီးချို နာတာရှည်ရောဂါဝေဒနာရှင်များ
၄. ကိုယ်ဝန်ဆောင်မိခင်များ
၅. အသက် ၆ လ မှ ၁၁ နှစ်အတွင်း ကလေးငယ်များ
၆. လူအများနှင့် ထိတွေ့ လုပ်ငန်းခွင်ဝင်ရသူများ
၇့. ကိုဗစ်ရောဂါဖြစ်ခဲ့ဖူးပြီး အဆုတ်ထိခိုက်ထားသူများ

💠အသက် (၉) နှစ်အောက်ကလေးများ အနေနှင့် ယခင်က ထိုးနှံဖူးခဲ့ခြင်း မရှိပါက ၄ ပတ် ခြားကာ ကာကွယ်ဆေး ၂ ကြိမ်ထိုးရန်လိုအပ်ပါသည်

💯စံချိန်မီ ၂၄ နာရီ အဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွင်💯
• သွေး ဆီး ဝမ်း သလိပ် အသားစ ဓာတ်ခွဲစစ်ဆေးခြင်းမျိုးစုံ
• ၂၄ နာရီ ပိတ်ရက်မရှိ ဓာတ်ခွဲဝန်ဆောင်မှုပေးခြင်း
• အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးခြင်း
• နိုင်ငံခြား(ဂျပန်,ကိုရီးယား,မလေးရှား) သွားမည့်
ကျောင်းသား/ကျောင်းသူများအတွက် ရောဂါစစ်ဆေးခြင်း Package များ
• ကာကွယ်ဆေး ထိုးနှံခြင်းများ (B ပိုးကာကွယ်ဆေး , ရာသီတုတ်ကွေး ကာကွယ်ဆေး)
• Medical Checkup Package များ
အစရှိသော ဝန်ဆောင်မှုများ ရရှိနိုင်ပြီ

#️⃣09 260 88 1200
#️⃣09 260 88 1400

🔺370, ပြည်သာယာလမ်း ပြည်တော်အေး ၂ လမ်းထိပ် ပဲခူးဆေးရုံကြီး အရိုးဆောင်ရှေ့ ပဲခူးမြို့

31/03/2023

❤️နိုင်ငံခြား သွားမည့်သူများအတွက်❤️
🔺ကျန်းမာရေး Package များ အထူးဈေးနှုန်းဖြင့် စစ်ဆေးပေးနေပါပြီ🔺

🔺သွေးပိုးလေးမျိုးနှင့် သွေးအုပ်စုစစ်ဆေးခြင်း Package

🔺ဆီးစစ်ခြင်း မျက်စိစစ်ဆေးခြင်း Package

🔺ဓာတ်မှန်နှင့် နှလုံး ECG စစ်ဆေးခြင်း Package များ

💯ရရှိနိုင်ပါပြီ💯

❗❗ပိုးလေးမျိုး စစ်ဆေးပြီး အသည်းရောင် အသားဝါ B ပိုးကင်းစင်သူများအတွက် B ပိုးကာကွယ်ဆေးအား အထူးဈေးနှုန်းဖြင့် ထိုးနှံပေးနေပါပြီ

#️⃣09 260 88 1200
#️⃣09 260 88 1400

🔺370, ပြည်သာယာလမ်း ပြည်တော်အေး ၂ လမ်းထိပ် ပဲခူးဆေးရုံကြီး အရိုးဆောင်ရှေ့ ပဲခူးမြို့

Want your practice to be the top-listed Clinic in Bago?
Click here to claim your Sponsored Listing.

Category

Website

Address


(၃၇၀) ပြည်သာယာလမ်းမပေါ် ၊ ပြည်တော်အေး၂လမ်းထိပ် ၊ ပဲခူးဆေးရုံကြီးအရိုးဆောင်ရှေ့၊ ပဲခူးမြို့
Bago