IDEA Mobile-Bago
ဈေးနူန်းမှန်ကန်ပြီးအာမခံအပြည့်အဝပါတဲ့
Secondဖုန်းလေးတွေကိုင်ချင်ရင်IDEA Mobile
ကိုသတိရလိုက်ပါနော်.
25/04/2022
ချစ် Customers များသတိထားစေရန်အလို့ငှာ🥰
#အပူချိန်အရမ်းမြင့်တက်နေပါတယ်။
တစ်နေ့တစ်ခြားပိုပို ပူလာနေတဲ့အတွက်
စိုထိုင်းဆလည်း အရမ်းလျော့နည်းနေပါတယ်။
ဒီအခြေအနေဟာ တော်သေးတယ်လို့
ပြောလို့ ရပေမယ့်အပူဒဏ်ပို ခံစားရနိုင်ပါတယ်။
ဒီအချိန်မှာ အစားအစာ၊ အနေအထိုင်သတိပြုကြပါ။
အအေးစာတွေက အပူစုပ်နိုင်ပေမယ့်
အပူရှပ်ခြင်းကိုအဓိက ဖြစ်စေပါတယ်။
အရေးကြီးတာကနေပူထဲမှာ
နံက် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်း
သွားလာ လှုပ်ရှားအလုပ်လုပ်ကိုင်ခြင်း ရှောင်ကြဉ်ကြပါ။
ဗမာချည်သား အဝတ်ထူထူတွေက
အပူဒဏ်ကို ကာကွယ်ပေးနိုင်ပါတယ်။
အပူက ပြန်ရောက်လာစဉ်
အဝတ်များ ချွတ်ခြင်း၊ ရေခဲရေသောက်ခြင်း၊
ရေချိုးခြင်းတို့ ရှောင်ပါ။
ဆားနှင့် ရေသောက်ခြင်းကိုလည်း
မပြုလုပ်ကြပါနဲ့။
အပူက ပြန်ရောက်စဉ် ၅ မိနစ်ခန့်
ပြန်လာစဉ်ကအတိုင်း နေပေးကြပါ။
အဲယားကွန်းခန်းအတွင်း အဝင်အထွက် လုပ်ကိုင်သွားလာနေရသူများသတိပြုကြပါ။
အပူမှ ပြန်ရောက်ချိန်
အဲကွန်းခန်းအတွင်းရုတ်တရက် ဝင်ရောက်ပါက
ခန္ဒာကိုယ်အရေပြားမှ သွေးများ ဗဟို သွေးလှည့်အဖွဲ့ထဲ
ရောက်ရှိပြီးရုတ်တရက် သွေးပေါင်တက်ကာ
လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်းတို့
ဖြစ်တတ်ပါတယ်။
အဲကွန်းခန်းထဲ ကြာရှည်နေရသူများ
အပူထဲသို ထွက်ချိန်မှာသွေးပေါင်ထိုးကျပြီး
မူးဝေတတ်ပါတယ်။
ရေများများ သောက်ပါ။
အငန်/အချိုလျော့စားကြပါ။
ချွေးထွက်လွန်သူမှ လွဲ၍
ဓာတ်ဆားရေ သောက်ခြင်း လျော့ပါ။
ဟင်းကျန်ထမင်းကျန်များ စားခြင်း ရှောင်ပါ။
ဟင်းကျန်များ နွေးရာတွင်
ရေဖြည့်ထည့်၍ နွေးပါ။
လက်သုပ်များ လျော့စားပါ။
မိဘပြည်သူအများ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ။
လေးစားစွာဖြင့်ပေးပါသည်။
Mobile
24/04/2022
မကြာခဏဖြေရှင်းရတဲ့ ပြဿများအတွက်
🙋♂️ဖုန်းကအရမ်းပူတာပဲ ဘာလို့ပူနေရတာလဲ?
💁♀️ဟုတ်ကဲ့ ဒီအချိန်မှာ ဖုန်းတင်မဟုတ်ပါဘူး
လူလည်းပူနေပါတယ်။
ရာသီဉတုပူရင်တော့ ဖုန်းလည်းပူမှာပါ။
🙋♂️iPhone တွေ အားသွင်းနေရင်း
80% မှာဘာလို့ရပ်သွားလဲ?
💁♀️ရာသီဉတုအရမ်းပူလို့ပါ
Weather App ကနေ
ဒီနေ့ အပူချိန်ဘယ်လောက်ရှိလဲ
အရင်ကြည့်ပါ
iPhone ရဲ့ခံနိုင်တဲ့ ပြင်ပရာသီဉတုအပူချိန်က
0º and 35º C (32º to 95º F) အထိရှိပါတယ်
တကယ်လို့ ကိုအားသွင်းနေတဲ့အချိန်မှာ
ရာသီဉတုအပူချိန်က အဲ့ဒီအပူချိန်ထပ်
ပိုနေရင် ဖုန်းကစပူလာပြီးတော့
80% အထိသာဆက်သွင်းပေးမှာဖြစ်ပါတယ်။
80% မှာပဲရပ်နေရင် ဆက်မသွင်းပါနဲ့
အပူချိန်နည်းတဲ့အချိန် မနက်အစောပိုင်း
ဒါမှမဟုတ် ညနေပိုင်း
ညပိုင်းလောက်မှ အားပြန်သွင်းပါ။
🙋♂️အဲ့ဒါဆို 100% အပြည့်ရချင်တယ်
ဘယ်လိုသွင်းမလဲ?
💁♀️အပေါ်မှာပြောခဲ့သလို အပူချိန်နည်းတဲ့အချိန်
မနက်အစောပိုင်း ဒါမှမဟုတ် ညနေပိုင်း ညပိုင်းလောက်မှာ အားသွင်းနေရင်း ဖုန်းကိုမသုံးပဲနဲ့
အားသွင်းပါ။
🙋♂️ရာသီဉတုပူပြီး ဖုန်းအရမ်းပူလာရင်
ဘာတွေဖြစ်မလဲ?
💁♀️ဖုန်းအားသွင်းတာ နှေးသွားမယ်
☄️Display Brightness မှိန်သွားမယ်
(Game ဆော့နေရင်း Brightness
မှိန်သွားတာဖုန်းပူနေလို့ပါ)
☄️Connection တွေနှေးသွားမယ်
☄️Camera Flash မီးတွေ ခဏတဖြုတ်
မလင်းတာတွေဖြစ်မယ်
☄️Performance တွေနှေးသွားမယ်။
🙋♂️ဒီလိုရာသီဉတုအရမ်းပူနေတော့
ဖုန်းမပူအောင်ဘယ်လိုသုံးမလဲ?
💁♀️အပူချိန်မြင့်မားတဲ့ မွန်းတည့်ချိန်တွေမှာ
Performance မြင့်တဲ့ Game
ဆော့တာတွေအားသွင်းတာတွေ
ရှောင်ရမယ်။
အဲ့ဒီအချိန်မှာ Cellular Data အစား Wifi သုံးပါ။
ဖုန်းကို အပူချိန်များတဲ့ နေရာတွေမှာ(နေရောင်ခြည်တိုက်ရိုက်ထိတွေ့တဲ့နေရာ)တွေမှာမထားပါနဲ့။
နှစ်ဆန်း1ရက်နေ့ဆိုင်ပြန်ဖွင့်ပြီနော်။
Click here to claim your Sponsored Listing.
Category
Website
Address
��IDEA Mobile, ��မှော်ကန်22လမ်း, ��ပုဏ္ဏားစုရပ်ကွက်, ��ပဲခူးမြို့
Bago
8011