Bago Post
နိုင်ငံသားတိုင်း၏ သတင်းသိပိုင်ခွင်
28/01/2020
ရွှေကျင်မြို့တွင်အနာဂတ်လူငယ်များကိုခြိမ်းခြောက်နေသောလက်တစ်ကမ်းမှအန္တရာယ်များခေါင်းစဉ်ဖြင့်အသိပညာပေးဟောပြောပွဲကျင်းပ
ဇန်နဝါရီ ၂၈၊ ၂၀၂၀။
ပဲခူးတိုင်းဒေသကြီး၊ရွှေကျင်မြို့နယ် အ-ထ-က(ရွှေကျင်)ကျောင်း၊ပညာရတနာခန်းမတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဌာနဆိုင်ရာများနှင့်လူမှုရေးအသင်းအဖွဲ့များပူးပေါင်းကျင်းပသော၊အနာဂတ်လူငယ်များကိုခြိမ်းခြောက်နေသောလက်တစ်ကမ်းမှအန္တရာယ်များခေါင်းစဉ်ဖြင့်အသိပညာပေးဟောပြောပွဲကို၊ဇန်နဝါရီ၂၈ ရက်နံနက်၁၀ နာရီက ကျင်းပသည်။
ရွှေကျင်မြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဦးတင်မိုးညွန့်ကအခမ်းအနားကျင်းပရခြင်း၏ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပေးသည်။ဆက်လက်ပြီးရွှေကျင်မြို့နယ်အမျိုးသမီးရေးရာ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌဒေါ်မြင့်သန်းနုက ကလေးသူငယ်များ၏လူနေမှုဘဝဆိုင်ရာအကြောင်းများ၊မြို့နယ်ရဲတပ်ဖွဲ့မှဒုရဲအုပ်ဖြိုးဝေက လူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင်းများ၊လူမှုဝန်ထမ်းဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဒေါ်မိုးဝါက ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်မှုအကြောင်းများ၊စာရေးဆရာအသင်းဥက္ကဌဦးသန်းဝင်း(သာထက်အောင်)က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းများ၊မြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့အတွင်းရေးမှူးဒေါ်ခင်တည်က ဥပဒေရေးရာနှင့်ပတ်သတ်သည့်အကြောင်းများနှင့်ပြစ်မှု၊ပြစ်ဒဏ်များစသည့်အကြောင်းများကိုဟောပြောပေးခဲ့သည်။
ထို့နောက်အခမ်းအနားသို့တက်ရောက်လာသောကျောင်းသားကျောင်းသူလေးများ၏သိလိုသည့်မေးမြန်းချက်များကိုတာဝန်ရှိသူများကအသီးသီးပြန်လည်ဖြေကြားရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်းသိရသည်။
ထွန်းထွန်းဇော်(ရွှေကျင်)
26/01/2020
ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအားကြည့်ရှုစစ်ဆေး
ဇန်နဝါရီ ၂၆၊ ၂၀၂၀။
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ပေါက် ခေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ထားရှိလေုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့သည်။
တင်ဒါအောင်မြင်သော Jone Four ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့သည့် မြေသားရေကန်တူးဖော်ခြင်း၊သောက်သုံးရေအတွက် စက်ရေတွင်းတူးဖော်ခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ(VDP)ဖြင့်ဆောင်ရွက်သည့် ကျေးရွာတွင်းလမ်းများအားမြေနီလမ်းခင်းပေးခြင်းပြီးစီးမှု
လုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးသက်စိုး၊ဒုတိယဦးစီးမှူး ဦးခင်မောင်ဝင်း၊မြို့နယ်စာရင်းစစ်အရာရှိဒေါ်အိအိဌေး၊စာရင်းစစ်မှူးဒေါ်သန္တာဝင်းနှင့်တာဝန်ရှိသူများ၊
ကျေးရွာဖွံ့ဖြိုးရေးကော်မတီ ဉက္ကဌနှင့်အဖွဲ့ဝင်များ လိုက်ပါ၍ ကြည့်ရှူ့ခဲ့သည်။
ဖွံ့ဖြိုးရေးလုပ်ငန်းများစံချိန်စံညွှန်းနှင့်အတိုင်းအတာ ပြည့်မီခြင်း
ရှိ/မရှိ တို့ကို ဇန်နဝါရီနောက်ဆုံးပတ်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရပြီး၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့သည့်အတွက် မြို့နယ်အတွင်း ကျေးရွာ ၁၄ ရွာရှိ အိမ်ထောင်စု ၂၆၀၀ ကျော်မှဒေသခံပြည်သူ၉၅၀၀ ကျော်အနေဖြင့် အဆိုပါဒေသများ၏ဖွံ့ဖြိုးတိုးတက်မှု ဘက်ပေါင်းစုံအကျိုးခံစားမှု အခွင့်အလန်းများရရှိခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရှိရသည်။
ယောဟန်(ပေါင်းတည်)
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Bago City
Bago