Language Zone-Bago

Language Zone-Bago

Share

ဂျပန်ဘာသာ ကိုရီးယားဘာသာ တို့အားသက်? Japanese language,Korea language, Chinese language English4skills,IELTS

25/05/2022

ဂျပန်နိုင်ငံရောက်တဲ့အခါ သိသင့်တဲ့ ဂျပန်လူမျိုးတို့ရဲ့ ရိုးရှင်းတဲ့ အခြေခံယဥ်ကျေးမှုတွေကိုသိရှိသလောက် အနည်းငယ်ဝေမျှပေးပါရစေနော်။

📌လုပ်ဖော်ကိုင်ဖက်များနှင့် အရက်သောက်တဲ့ပါတီပွဲ၊ညစာ၊စားပွဲတွေမှာ အရက်ငှဲ့၍ လောင်းထည့်ပေးတာနှင့် မိမိသောက်မယ့် အရက်ခွက်အချိုရည်ကို လောင်းခွင့်ပေးရတာကလည်း ဂျပန်တို့ရဲ့ ယဥ်ကျေးမှုတစ်ခုပါပဲ။

📌ဦးတည်ရာနေရာ သို့မဟုတ် လူအများကို ညွှန်ပြတဲ့အခါ လက်ချောင်းများကို အသုံးပြုပြီးညွှန်ပြခြင်းကို ကြိုက်နှစ်သက်ကြပါတယ်။ စားလက်စတူချောင်းတို့နှင့်ညွှန်ပြခြင်းကို ဂျပန်လူမျိုးတို့က မကြိုက်နှစ်သက်ကြပါ။

📌စက်လှေကားများတွင် မတ်တပ်ရပ်ပြီးစီးတဲ့အခါ ဘေးကပ်ပြီး အရှေ့လူများ ဘယ်ဘက်(သို့မဟုတ်)ညာဘက် ကပ်လားဆိုတာကိုကြည့်ပြီး ရပ်ပေးခြင်းကလည်း ယဥ်ကျေးမှုတစ်ခုပါပဲ။ ဒါမှအလျင်လိုသူများအတွက် တက်ရ၊ဆင်းရလွယ်မှာဖြစ်လို့ပါ။

📌ရထားစီးတဲ့အခါ ဆူညံနေတဲ့ခရီးသည်များဟာစိတ်အနှောက်အယှက်ပေးသူများလို့လည်း ဂျပန်လူမျိုးတို့ ထင်မှတ်ကြပါတယ်။ ရထားပေါ်မှ အများစုလူတွေက မိမိတို့လိုရာခရီးမရောက်ခင် စာဖတ်ခြင်း၊ အနားယူခြင်း၊ အတွေးမြင်များကိုတွေးတောနေတက်ကြတဲ့အခါ ဆူညံခြင်းကလည်းစိတ်အနှောက်အယှက်ပေးခြင်းတစ်မျိုးပဲလေ။

📌လူအများကြားတွင် အကာကွယ်မလုပ်ပဲနှာချေခြင်း တို့ကိုလည်းရှောင်ကြဥ်ရမယ့်အချက်ထဲမှာပါ ပါတယ်။

📌အများသူငှာ ရေချိုးကန်၊ရေပူစမ်းများတွင် ဆပ်ပြာဖြင့်ခေါင်းမှခြေဖျားအထိသီးသန့်ရေချိုးခန်းများတွင်ရေချိုးသန့်စင်ပြီးမှ အများသုံးရေချိုးကန်ထဲသို့ဝင်ကြပါတယ်။ဒီအတိုင်းဘာမှမပြုလုပ်ဘဲ အများသုံးကန်ထဲသို့ တန်းဝင်ခြင်းကိုလည်းမနှစ်မြိုကြပါ။

📌Tatamiဟုလူသိများသော ရိုးရာဂျပ်ထည်ကြမ်းခင်းများကို နင်းသည့်အခါ ဖိနပ်ချွတ်၍ ခြေအိတ်ဖြင့် လျှောက်ခြင်းကလည်း ယဥ်ကျေးမှု တစ်ခုပါပဲ။ Tatami ကြမ်းခင်းအချို့ကို ဂျပန်စတိုင် တည်ခိုခန်းများ၊ရိုးရာစားသောက်ဆိုင်များ၊လက်ဖက်ရည်ဆိုင်များတွင်တွေ့ရှိနိုင်ပါတယ်။

📌လူစည်ကားသောနေရာအချို့တွင် လမ်းလျောက်ရင်းဆေးလိပ်သောက်ခြင်းတို့ကိုလည်းမနှစ်မြိုကြပါ။ ဂျပန်နိုင်ငံရဲ့နေရာအများစုတွင် လမ်းလျှောက်ပြီးဆေးလိပ်သောက်ခြင်းကိုတားမြစ်ထားကြပါတယ်။ တစုံတယောက်မျက်နှာပေါ် ဆေးလိပ်များဖြန်းလိုက်သလိုဖြစ်တဲ့အခါ ရိုင်းစိုင်းတယ်ဟုဂျပန်လူမျိုးတို့ထင်မှတ်ကြပါတယ်။

📌ဂျပန်လူမျိုးအများစုက လမ်းလျှောက်ပြီးအစားအသောက်စားခြင်းကိုလည်းမကြိုက်နှစ်သက်ကြပါ။ ထိုင်ဖို့နေရာတစ်နေရာရှာခြင်း(သို့မဟုတ်) လမ်းဘေးတစ်နေရာတွင်ရပ်ပြီး အစားသောက်များကိုသုံးဆောင်တက်ကြပါတယ်။

📌အမှိုက်စွန့်ပစ်သည်​​နေရာတွင်လည်းဂျပန်လူမျိုးတို့သည် အင်မတန်စည်းကမ်းကြီးကြပါတယ်။ အမှိုက်များကိုတွေ့ရာနေရာမှာလွှစ်ပစ်ခြင်းကိုလည်းရှောင်ကြဥ်ပြီး သတ်မှတ်ထားသောနေရာများတွင် သတ်မှတ်ထားသည့်ပုံစံအတိုင်းအမှိုက်များကိုစွန့်ပစ်ပေးရပါမယ်။

ဒါတွေကတော့ဂျပန်လူမျိုးတို့ရဲ့အခြေခံယဥ်ကျေးမှုများအကြောင်းကိုသိရှိသလောက်ဝေမျှပေးလိုက်ပါတယ်နော်။ နောက်အပတ်တွေမှာလည်း ဂျပန်နိုင်ငံနဲ့ပတ်သက်တဲ့ ရိုးရာယဥ်ကျေးမှု ဓလေ့စရိုက်များကိုလည်းသိရှိသလောက်ဝေမျှပေးသွားပါဦးမယ်။

14/05/2022

ဂျပန်နိုင်ငံမှာရှိတဲ့ ရာသီဥတု အမျိုးအစားများကို ဗဟုသုတအနေနဲ့ ကျောင်းသား၊ကျောင်းသူများကိုပြော​ပြပေးချင်ပါတယ်။
ဂျပန်နိုင်ငံမှာကတော့တစ်နှစ်ကို ရာသီဥတု (4)မျိုးရှိပါတယ်။ နွေဦး ရာသီ၊ နွေ ရာသီ၊ ဆောင်းဦး ရာသီ နှင့် ဆောင်း ရာသီ ရယ်လို့ရှိကြပါတယ်။
ရာသီဥတုတွေရဲ့ ကာလအပိုင်းခြားတွေကတော့...
😍 March လမှ Mayလက နွေဦး ရာသီဖြစ်ပါတယ်။
June😍 လမှ August လထိကတော့ နွေ ရာသီဖြစ်ပါတယ်။
Septemberလမှ😍 November လအထိကတော့ဆောင်းဦး ရာသီဖြစ်ပြီး
December😍 လမှ February လ အထိကတော့ ဆောင်း ရာသီဖြစ်ပါတယ်။
ကျောင်းသား၊ကျောင်းသူတို့လည်း ဂျပန်နိုင်ငံသို့ ရောက်မယ့်အချိန်ကို သိတဲ့အခါ ကိုယ်ရောက်ရှိမယ့် ဂျပန်နိုင်ငံရဲ့ ရာသီဥတုကိုကြိုတင်တွက်ဆပြီး ဘာတွေဝတ်ဆင် သွားရမလဲဆိုတာကို ​ ကြိုတင်ပြင်ဆင်နိုင်ဖို့အတွက် ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။
ဂျပန်နိုင်ငံရဲ့ သဘာဝရာသီဥတုအလှအပ ဓါတ်ပုံများကိုလည်းဖော်ပြပေးလိုက်ပါတယ်နော်😇😊🤗

Want your school to be the top-listed School/college in Bago?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Bago