Sharing Is Caring
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sharing Is Caring, Digital creator, Bago.
31/10/2023
Hello 🙋
အားလုံးပဲ မင်္ဂလာပါ ဒီနေ့sharing လုပ်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ ကိုယ်တိုင် passport📕 သွားလုပ်မယ့် ဘာမှမသိသေးတဲ့ သူများအတွက် admin ကိုယ်တိုင် လုပ်ခဲ့တဲ့ အတွေ့အကြုံလေးကို sharingလုပ်ပေးချင်တာပဲဖြစ်ပါတယ်
🔜 online booing တင်နည်းမသိသေးသူများအတွက်လဲ နောက်ရက်မှာ online booking တင်နည်းကို sharingလုပ်ပေးပါမယ်ရှင်
ကဲခုတော့ issue dateမှာ passport ရုံးသွားရင်လိုအပ်မယ့်ပြင်ဆင်စရာရှိတာလေးတွေကိုပြောပြမယ်နော်
1.QR codeပါတဲ့စာရွက်ကို ၂စုံ printထုတ်သွားပါ
2.မှတ်ပုံတင် မိတ္တူ ၂စုံ
3.မှတ်ပုံတင်မူရင်း
4.အိမ်ထောင်စုစာရင်း မိတ္တူ၂စုံ
5.အိမ်ထောင်စုစာရင်းမူရင်း
6.ကိုယ်ရေးမှတ်တမ်းထိန်းသိမ်းမှုပုံစံ Form
(🖇️Form ကို online bookingတင်တဲ့နေရာမှာ downလို့ရပါတယ် Formပုံစံကို commentမှာလဲ ကြည့်နိုင်ပါတယ်)
7.Labour ကတ်( PJ လျှောက်ထားသူများသာLabour ကတ်ကိုယူသွားရပါမယ်)
ပထမဆုံးအနေနဲ့ Online booking တင်တုန်းက QR codeမှာပါတဲ့ သတ်မှတ်ရက်နဲ့ အချိန်အတိုင်း သွားဖို့လိုပါတယ် အချိန်ကတော့ သတ်မှတ်ချိန်အတိုင်းရောက်အောင်သွားပါ (သတ်မှတ်ရက် မသွားနိုင်ပါက (၇)ရက်အတွင်း သွားလို့ရပါတယ် အချိန်ကတော့ အရင်အချိန်အတိုင်းပါပဲရှင်)
Warning
❗️ passport📕ရုံးအတွင်း ဖုန်းနဲ့ဖိုင်အကြည်ပဲ ယူသွားလို့ရပါတယ်
🙅🚫ပိုက်ဆံအိတ် ထီး ဦးထုပ်ကအစ ရုံးပေါက်၀မှာ အကုန်ထားခဲ့ရတာမို့ အဖော်မပါရင် တန်ဖိုးကြီးတာဘာမှမသယ်ခဲ့ပါနဲ့ ပျောက်တက်လို့ပါ
🏫passportရုံးရောက်ရင် အပြင်ဖက်မှာအရင်ဆုံးတန်းစီရပါတယ် ( အကုန်လုံးကိုယ်တိုင်လုပ်ရမှာမို့ ပွဲစားတွေစကားနားမယောင်ပါနဲ့ တန်းစီပါ )
တန်းစီတဲ့နေရာမှာ QR codeပါတဲ့စာရွက်ကို တခါပြရပါတယ်
အ၀င်၀နားရောက်ရင် ရုံး၀န်ထမ်းဦးလေးကြီးတွေက QR codeပါတဲ့စာရွက်နဲ့ မှတ်ပုံတင်ထုတ်ထားဖို့ပြောပါတယ်
ရုံးထဲ၀င်တာနဲ့ QR codeကို scanဖတ်ပါတယ် ပြီးရင် ဖြည့်လာတဲ့ ကိုယ်ရေး မှတ်တမ်းထိန်းသိမ်းမှုပုံစံ စာရွက်ကို တုံးထုပေးပါတယ် 💰၁၀၀၀ကျပ် ပေးရပါတယ်
( Formမပါလာခဲ့ရင် အဲ့မှာ၀ယ်ပြီး ဖြည့်လို့ရပါတယ် But တခါထဲဖြည့်ခဲ့တာပိုကောင်းပါတယ် )
တုံးထုပြီးတာနဲ့ နောက်ထပ် counterကိုထပ်သွားပါလူနဲတဲ့ counterမှာတန်းစီပါ တန်းစီနေရင်း counterမှာပေးဖို့စာရွက်တွေထုတ်ထားပါ
1.QR codeပါတဲ့ စာရွက် ၂စုံ
2.မှတ်ပုံတင် မိတ္တူ ၂စုံ
3.မှတ်ပုံတင်မူရင်း
4.အိမ်ထောင်စုစာရင်း မိတ္တူ ၂စုံ
5.အိမ်ထောင်စုစာရင်းမူရင်း
ကောင်တာမှာ မှတ်ပုံတင်နံပါတ်နဲ့ဖုန်းနံပါတ်မေးပါတယ် အဲ့ကောင်တာက ကို့မှတ်ပုံတင်နံပါတ်၊ နာမည် တို့ကို လ.၀.ကစာရင်းနဲ့ မှန်/မမှန် တိုက်စစ်တာပါ
❌မှားနေတဲ့သူများအတွက် အောက်ဆုံးမှာရေးပေးထားပါတယ်(အမှန်ပြင်ပြီးမှ အောက်ကအဆင့်တွေဖတ်ပါ)
✔️မှန်ရင် လက်မလက်ဗွေနှိပ်ရပါတယ်
ပုံရိုက်ပါတယ် ပြီးရင် ကောင်တာနောက်ဖက် ကိုသွားခိုင်းပါတယ် စာရွက်တွေကိုတုံးထုပေးပါတယ် 💰၅၀၀၀ကျပ်ပေးရပါတယ်
📸 ဓါတ်ပုံရိုက်တဲ့ဆီဆက်သွားရပါမယ်
ဓါတ်ပုံရိုက်ပေးတဲ့အခန်းတွေအများကြီးရှိပါတယ် လူနဲတဲ့နေရာမှာ တန်းစီပါ
အထဲမှာ တုံးထုပေးထားတဲ့စာရွက်တွေနဲ့ မှတ်ပုံတင်မူရင်း အိမ်ထောင်စုစာရင်းမူရင်းပြရပါတယ်
အဲ့ထဲမှာ မှတ်ပုံတင်က မွေးနေ့နဲ့ အိမ်ထောင်စုစာရင်း က မွေးနေ့တိုက်တာပါ ( 📌မတူရင် passportရုံးမလာခင် ကိုယ့်မြို့နယ် လ.၀.က ရုံးမှာတခါထဲကြိုပြင်ထားပါ 📌)
စစ်ပြီးရင် 💰၅၀၀၀ကျပ်ပေးရပါတယ် ဓါတ်ပုံရိုက်ပါတယ် လက်နှစ်ဖက်လုံးလက်ဗွေနှိပ် လက်မှတ်ထိုးရပါတယ်
အဲ့တာတွေပြီးရင်တော့ နောက်ဆုံးမှာ စလစ်ထွက်လာပါပြီ Yay👏👏
🛑မှတ်ပုံတင်မူရင်းနဲ့အိမ်ထောင်စုစာရင်းမူရင်း ပြန်ယူလာဖို့မမေ့ပါနဲ့
🔍စလစ်မှာ ကို့နာမည် စာလုံးပေါင်း အဖေနာမည် မွေးနေ့ သေချာပြန်စစ်ပါ
📜စလစ်ရပြီးနောက်ဆယ်ရက်ကနေ ရက်ပေါင်း၉၀အတွင်း (ရုံးပိတ်ရက်မှလွဲ၍) ကြိုက်တဲ့ရက်သွားထုတ်လို့ရပါတယ်
📕စာအုပ်ထုတ်မယ်ဆိုရင်တော့ စလစ်စာရွက်နဲ့ မှတ်ပုံတင်မူရင်းယူသွားရုံပါပဲရှင်
စာအုပ်ထုတ်ရင်တော့အထဲမှာ ငွေ3000ထပ်ပေးရပါတယ်ရှင့်
ကုန်ကျစရိတ်လေးတွက်ပြမယ်နော်
online booking 💰35000
passportရုံးအတွင်းပေးရငွေ 💰11000
စာအုပ်ထုတ်ခ 💰 3000
စုစုပေါင်း 💰49000
ပဲ ကုန်ပါတယ် ပွဲစားတွေနဲ့အပ်ရင် သိန်းဂဏန်းလောက် ကုန်တာမို့ အလျင်မလိုဘူးဆိုရင်တော့ ကိုယ်တိုင်လျှောက်ကြည့်စေချင်ပါတယ်ရှင့်
📢📢📢လ.၀.က စာရင်းနဲ့ မှတ်ပုံတင် သို့မဟုတ် နာမည် လွဲနေခဲ့သူများ ဖတ်ပေးပါရှင်
ကောင်တာမှာ သူတို့စစ်လို့လွဲနေရင် ပြောပါတယ် တချို့က နာမည်မှားနေတာ စာလုံးကျန်ခဲ့တာ မှတ်ပုံတင်နံပါတ်မှားနေတာ မှတ်ပုံတင်နံပါတ်ထပ်နေတာတွေ အမျိုးမျိုးရှိကြပါတယ်
မှတ်ပုံတင်နဲ့အိမ်ထောင်စုစာရင်းမှာ မှန်နေပေမယ့် ကိုယ့်မြို့နယ် လ.၀.က စာရင်းမှာ မှားနေတာပါ
အဲ့တာကြောင့် မြို့နယ် လ.၀.က ကို အိမ်ကလူပဲဖြစ်ဖြစ် အသိရှိရင်ဖြစ်ဖြစ်ပြင်ဖို့ သွားခိုင်းရပါမယ်🏃♀️🏃♀️🏃♀️
ပြင်ပြီးမှ သာ ကောင်တာက တုံးထုပေးတာမို့ ကျန်တဲ့အဆင့်တွေဆက်လုပ်လို့ရပါမယ်ရှင်
အားလုံးပဲ အဆင်ပြေချောမွေ့ကြပါစေရှင်
Click here to claim your Sponsored Listing.
Category
Website
Address
Bago