Golden Brother

Golden Brother

Share

ပဲခူးအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း Ph-09-780969523၊09-882067747(စေတနာကောင်းလျှင်ကံကောင်းမည်။ရိုးသားခြင်းက တိကျမှန်ကန်စေပါတယ်။)

Photos from Golden Brother's post 15/07/2026

🙏H.26173🙏💎မဟာမြိုင်ဗထူး
💰စျေးနှုန်း (သိန်း 1600)(ဥဿာမြို့သစ်၄၀´×၆၇´ပေ)
📜ဂရမ် နမည်ပေါက်📜 💢ရေလုံးဝမကြီးပါ💢

🤝 ( ပိုင်ရှင်တိုက်ရိုက်)(အလျော့တင်းရှိ)🤝

🏵 ပိုင်ဆိုင်မှုခိုင်မာ၊အရှုပ်ရှင်းကင်းအာမခံ၊ခြံ။🏵

🚌🛣️အ.ထ.က(၇)ကျောင်းအနီး၊ဗထူးစျေးအနီး🛣️🚌

🗺🏞--​သာဝတိံသာလမ်း၊ရပ်ကွက်ကြီး(၂)၊မြေတိုင်း(၃)၊ဥဿာမြို့သစ်၊ပဲခူးမြို့။
🍱🏯🏥---စျေးနီး၊ကျောင်းနီး၊ဆေးရုံဆေးခန်းနီး။🎟️

🏞🗺 --၄၀´×၆၇.၅´ပေ( ခြံသီးသန့်)

🎰🎰🎰 အရပ်မျက်နှာ - စီးပွားရေးတက်စေမည့်
( ​​​အရှေ့ အရပ်လှည့်)

🏞--- ကျယ်အဝန်း-၄၀´×၆၇.၅´ပေ(ခြံသီးသန့်)

📜📜 ---ဂရမ်နမည်ပေါက်
(အရှုပ်ရှင်းကင်း💯အာမခံ)

🎗🎗🎗
#အကျိုးဆောင်ခအနေဖြင့်

#ဝယ်ယူသူဘက်မှပေးရန်မလိုပါ။
#အဌား-လဝက်စာ(စရံချသည့်နေ့တွင်အိမ်ရှင်၊အိမ်ဌား နှစ်ဖက်လုံးမှပေးရန်)
#အရောင်း- ၂%ရာခိုင်နှုန်း(စရံချသည့်နေ့တွင် ရောင်းသူမှပေးရန်၊ဝယ်သူမှပေးရန်မလို။
💢လိပ်စာအတိကျတင်ပေးခြင်းသည် ရောင်းသူ/ဝယ်သူအဆင်ပြေရေးအတွက်သာဖြစ်သည်။ စည်းမဲ့ ကမ်းမဲ့များအတွက်မဟုတ်ပါ 💢
🛑🚷⛔🚫
ကျော်အခွဆရာကြီးများနှင့် ဒိုင်ပင်ထိုးခြင်း၊လမ်းကြုံဝင်ကြည့်ခြင်းသည်းခံပါ။
☎☎☎
#ဆက်သွယ်ရန် Cb(or)Viber
09-780969523၊ 09-882067747

⏱⏱⏱ ကြည့်ရှု့လိုပါက ၁နာရီကြိုတင်ဖုန်းဆက်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်)
#ပုံနှင့်စာသားတို့အားကူးယူဖော်ပြခြင်းသည်းခံပါ။

#လူကြီးမင်းတို့၏ အိမ်၊ခြံ၊မြေ၊ကွန်ဒို၊တိုက်ခန်း၊ဟိုတယ်၊စက်ရုံ၊ဂိုထောင် ၊စက်မှုဇုံဧကကွက် များအားရောင်းချ/ဌားရန်း လိုပါက ယုံကြည်စိတ်ချစွာဆက်သွယ်အပ်ဖို့ရန်ဖိတ်ခေါ်အပ်ပါသည်။

https://www.facebook.com/hwasumaytkyalsin?mibextid=ZbWKwL

https://www.facebook.com/groups/782320056865960/?ref=share_group_link

Telegram
https://t.me/+RHxe29WCHUVhZmY1



#ပဲခူးအိမ်ခြံမြေ
#ပဲခူးအိမ်ခြံမြေRealEstate


#မြို့မြေ
#ဘိုးဘပိုင်မြေ
#ဂရမ်မြေ
#စလစ်မြေ

13/07/2026

#အပိုင်း(၁၀) အကြောင်း⭐⭐⭐
🙏🙏🙏အားလုံးပဲ မင်္ဂလာပါခင်ဗျာ.🙏🙏🙏
GP နှင့် SP အကြောင်း သိကောင်းစရာ

GP ( General Power )
အထွေထွေကိုယ်စားလှယ်လွှဲစာဟု အဓိပါဆယ်ယ်ရပြီး လူတစ်ဦးမှ အခြားလူတစ်ဦးကို မိမိ၏ ပိုင်းရေးဆိုင်ခွင့် အားလုံးကို စီမံခန့်ခွဲနိုင်ပြီး မိမိ၏ ကိုယ်စား အလုံးစုံဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ G.P ခေါ် အထွေထွေ ကိုယ်စားလှယ်လွှဲစာ ကို ပေးအပ်ခြင်းဖြစ်ပါသည်။

S.P ( Special Power )
အထူးကိုယ်စားလှယ်လွှဲစာဟု အဓိပါယ်လူတစ်ဦးမှ မိမိပိုင်းရေးဆိုင်ခွင့်အားလုံးထဲမှ တစ်စုံတစ်ခုကို သီးသန့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ S.P ခေါ် အထူးကိုယ်စားလှယ်လွှဲစာကို ပေးအပ်ခြင်း ဖြစ်ပါသည်။
( အထူးသဖြင့် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်လုပ်ရာတွင် အမည်ပေါက် ပိုင်ဆိုင်သူမှ တဆင့် ဝယ်ယူသို့ရောင်းချရာတွင် ဝယ်ယူသူအမည်ပေါက်ရရှိရေးအတွက် သက်ဆိုင်ရာ ရုံးဌာန အသီးသီးတွင် လိုက်လံ ဆောင်ရွက်နိုင်ရန် Special Power ကိုသာ ပေးလေ့ရှိပါသည်။

- S.P ပေးသည်ဆိုရာ၌ မြေ အမည်ပေါက်သူ ကိုယ်တိုင် ပေးရမည်ဖြစ်ပြီး မြေကွက်တစ်ခု၏ S.P ရထားသူမှ အခြားသူတစ်ဦးသို့ယင်းမြေကွက်နှင့် ပတ်သက်ပြီး ထပ်ဆင့် S.P ပေးလို့မရပါ။

- S.P သို့ G.P ပေးသူ ကွယ်လွန်သွားပါက ယင်း S.P (သို့) G.P မှာ ပျက်ပျယ်သွားမည်ဖြစ်ပါသည်။

- S.P ပေးလို့ရသော မြေများမှာ ဂရံမြေ၊ ဘိုးဘွားပိုင်မြေ ( မြေပိုင်မြေ )၊ လန -၃၉ နှင့် ၃ ( ခ ) တို့ဖြစ်ပြီး..စလစ်မြေ၊ ပါမစ်မြေ၊ ကျူးကျော်မြေ တို့မှ S.P ပေးလို့မရပါ။

- လယ်မြေ နှင့် ဥယျာဉ်ခံမြေ တို့တွင် အမည်ပေါက် ပုံစံ (၇) ကျပြီးပါက S.P ပေးလို့ရပါသည်။

- S.P (သို့) G.P ပေးရာတွင် သက်ဆိုင်ရာ ကြေးတိုင်းနှင့် မြေစာရင်းရုံးတွင် မှတ်ပုံတင်အရာရှိရှေ့တွင် မှတ်ပုံတင်ပြီး ပေးမှ တရားဝင်မည်ဖြစ်ပါသည်။

- G.P / S.P တွင် ပေးသူ၊ လက်ခံသူ၊ သက်သေ (၂) ဦး၏ အမည်၊ အဖအမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ နှင့်တကွ ပေးအပ်မည့် ပစ္စည်းကို သေချာစွာဖော်ပြ၍ လက်မှတ်ရေးထိုးရမည်ဖြစ်ပါသည်။

GP ၊ SP ဘာကြာလဲ. . ?

ဒီနေ့ မိတ်ဆွေတစ်ယောက်သူဝန်ထမ်းဘဝတုန်းက ရောင်းခဲ့ပီးသားမြေကွက်လေး ကို လက်ရှိဝယ်ထားတဲ့သူတွေက သူ့ကိုပြန်လာရှာပီး S.P ပြန်လွှဲယူချင်လို့တဲ့လာမေးနေတယ်တဲ့ ၊ငါကရောင်းခဲ့ပီးသားတဲ့ ၊အဲ့အချိန်က သူတို့ခေါ်တဲ့ရုံးမှာလည်း ငါ G.P လွှဲပေးခဲ့ပီးပီတဲ့၊အဲလိုပြန်လွှဲပေးဖို့လိုလို့လားတဲ့ ။ G.P နဲ့ S.P ဘာကွာလဲတဲ့?
ဒါနဲ့ကျနော်ကလည်း စာလုံးပေါင်းကွာတယ်လို့ပြောလိုက်တယ်။သူကရယ်တယ်။
ဟုတ်တယ်လေ G.Pဆိုတာ General Power ၊ S.Pဆိုတာ Special Power ။
Power ချင်းတော့တူတယ်လို့

General Power ဆိုတာ အထွေထွေကိုယ်စားလှယ်လွှဲအပ်စာ၊
Special Power ဆိုတာ အထူးကိုယ်စားလှယ်လွှဲအပ်စာ စာကို ခေါ်ကြတာပါ။
အတိုG.P,S.P လို့အလွယ်ပဲခေါ်ကြပါတယ်။

ပါဝါလွှဲထားလိုက်ပေါ့၊ပါဝါယူထားလေ၊ပါဝါလွှဲပေးလိုက်မယ်လေ....စသည်ဖြင့် အပြင်မှာ ၊အိမ်ခြံမြေလောကမှာ ဒီစကားတွေကအမြဲကြားနေရပေမယ့်၊G.P နဲ့ S.P ဘာကွာတယ်ဆိုတာတော့ ကွဲကွဲပြားပြားသိပ်မသိကြပါဘူး။

ကျနော်သိထားသလောက်လေးပြောရရင်တော့...

(၁) တစ်စုံတစ်ယောက်ကိုယ်စား ၊သူကိုယ်တိုင်လုပ်ရမဲ့ကိစ္စရပ်များအပေါ်မှာ ၊သူ့ကိုယ်စား၊သူကိုယ်တိုင်ဆောင်ရွက်လုပ်ကိုင်ဘိသကဲ့သို့ဆောင်ရွက်လုပ်ကိုင်နိူင်ရန်အတွက် ၊သက်ဆိုင်ရာရုံးတွေမှာ သူကိုယ်တိုင်ဆောင်ရွက်လုပ်ကိုင်ဘိသကဲ့သို့ လက်မှတ်ရေးထိုးလုပ်ကိုင်ဆောင်ရွက်နိူင်စေရန်အတွက် အထွေထွေကိုယ်စားလှယ်လွှဲစာ (G.P) လွှဲအပ်ရယူကြပါတယ်။

(၂) တရားစွဲဆိုခြင်းကိစ္စရပ်များအတွက်လည်း အခြားသူတို့နှင့်အမှုကိစ္စဆောင်ရွက်ရာ၌ သူ့ကိုယ်စားဆောင်ရွက်လုပ်ကိုင်နိူင်ရန်အတွက် အထွေထွေကိုယ်စားလှယ်လွှဲစာ (G.P)လွှဲအပ်ရယူကြပါတယ်။

(၃) အိမ်ခြံမြေအရောင်းအဝယ်ကိစ္စရပ်တွေမှာလည်း ချက်ချင်း မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ချုပ်၊အခွန်ဆောင်ကိစ္စရပ်များမလုပ်ကိုင်နိူင်သေးသည့်အခြေအနေတွင် ၊အဆင်ပြေသည့်အချိန်တွင် လုပ်ကိုင်ဆောင်ရွက်နိူင်ရန်အတွက် အထွေထွေကိုယ်စားလှယ်လွှဲစာ (G.P)လွှဲအပ်ရယူကြပါတယ်။

(၄) ရုံးလုပ်ငန်းကိစ္စဆောင်ရွက်စရာရှိတဲ့

ပုဂ္ဂိုလ်တစ်ယောက်ဟာ သူလုပ်ကိုင်ရမဲ့နေရာမှာ အဆင်သင့်မရှိ တဲ့အချိန် ဥပမာ....

- ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်နေရတဲ့အချိန် ရုံးကိစ္စလုပ်စရာပေါ်လာတာ
- နိူင်ငံခြားရောက်နေတာ၊ကျောင်းသွားတက်နေတာ၊အလုပ်သွားလုပ်နေတာ၊တစ်ခြားအရပ်ဒေသမှာ တာဝန်ထမ်းဆောင်နေရတာ
- ကံမကောင်းစွာနဲ့ အချုပ်ကျနေတာ၊ ထောင်ကျနေတာ၊ထောင်ထဲရောက်နေတုံး ကျန်ခဲ့တဲ့မြေကွက်လေးငွေလိုလို့ရောင်းချင်တာ
- တရားစခန်းဝင်နေတာ၊ သီလရှင်ဝတ်နေတာ၊ဘုန်းကြီးခဏဝတ်နေတာ....စတဲ့ အကြောင်းအမျိုးမျိုးနဲ့ ကိုယ်တိုင်ကိုယ်ကျ လာရောက်လို့အဆင်မပြေတဲ့အခါမျိုးတွေမှာ အထွေထွေကိုယ်စားလှယ်လွှဲစာ (G.P)လွှဲအပ်ရယူကြပါတယ်။

(၅) ရုံးအမျိုးမျိုးမှာ၊ အကြောင်းအရာအမျိုးမျိုးနဲ့ လိုအပ်ရင်လိုအပ်သလို အသုံးပြုလို့ရအောင်လည်း အထွေထွေကိုယ်စားလှယ်လွှဲစာ (G.P)လွှဲအပ်ရယူကြပါတယ်။
(၆) (S.P)လည်းဒီလိုပဲ လွှဲအပ်သူနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာ အမျိုးမျိုးအပေါ်မှာ မဟုတ်ပဲ လွဲအပ်သူလွဲအပ်တဲ့ အကြောင်းအရာ ၊အထူးပြုတဲ့ အကြောင်းအရာအပေါ်ပဲကိုယ်စားဆောင်ရွက်စေလိုတဲ့အခါ အထူးကိုယ်စားလှယ်လွှဲစာ(S.P) ကိုလွှဲအပ်ရယူကြပါတယ်။ဥပမာ...

- ကျနော် အမည်နဲ့သုံးစွဲခွင့်ရတဲ့တယ်လီဖုန်းနံပါတ် ၀၉။။။။။။။။ အတွက်ရုံးသွားထုတ်ဖို့လိုတဲ့အခါ(ဒီကိစ္စရပ်တစ်ခုတည်းအတွက်)
- ကျနော့အမည်ပေါက်ကားလေး 5M ။။။။ သက်တမ်းကိစ္စ အတွက်ပဲ ရုံးသွားဖို့ လိုလာတဲ့အခါ(ဒီ ကားအတွက်ပဲ)
- ကျနော်ပိုင်တဲ့ မြေကွက် ၃ ကွက်အနက် ချမ်းမြသာစည်မြို့နယ်၊မြို့သစ်(-)၊ အကွက်(-)၊ဦးပိုင်(-)၊ မြေဧရိယာ (-) ကျယ်တဲ့ မြေကွက်အတွက်ပဲရုံးကိစ္စဆောင်ရွက်ဘို့ လိုလာတဲ့အခါမှာ၊အဲဒီမြေကွက်ကို အခြားသူကိုရောင်းချတဲ့အခါ(ဒီမြေကွက်အတွက်ပဲ) အထူးကိုယ်စားလှယ်လွှဲစာ(S.P) ကိုလွှဲအပ်ရယူကြပါတယ်။

(၇) ကျန်တာတွေကတော့ အထက်အပိုဒ်(၁)၊(၂)၊(၃)၊(၄)ထဲကအတိုင်း အခြေအနေတွေမှာလည်း အထူးကိုယ်စားလှယ်လွှဲစာ(S.P) ကိုလွှဲအပ်ရယူကြပါတယ်။

(၈) G.P ပဲလွှဲလွှဲ၊ S.P ပဲလွှဲလွှဲ ဥပဒေအရကတော့....

- အသက် ၁၈ နှစ်ပြည့်ပီးသူတွေဖြစ်ရပါမယ်။
- ရူးနေတဲ့သူ၊စိတ်ပေါ့သွပ်တဲ့သူ မဖြစ်ရပါဘူး။
- တစ်ယောက်ထဲကနေ အများကို လွှဲအပ်နိုင်သလို၊အများကလည်း တစ်ယောက်ထဲကို လွှဲအပ်နိူင်ပါတယ်။
- G.P လွှဲမယ်ဆိုရင်တော့လူနဲ့၊မှတ်ပုံတင်၊ပဲလိုပီး S.Pလွှဲမယ်ဆိုရင်တော့ လူနဲ့ မှတ်ပုံတင်အပြင် မိမိ အထူးပြုလွှဲမဲ့ကိစ္စရပ်အတွက် မိမိပိုင်ကြောင်း ပိုင်ဆိုင်မှု အထောက်အထား(နာမည်ပေါက်) စာရွက်စာတမ်းတွေလိုပါမယ်။
- G.P လွှဲစာဆိုရင်တော့ လက်ရှိရုံးခွန်၊တံဆိပ်ခွန်အရ ၁၀၀၀ ကျပ် ထမ်းဆောင်ရပါတယ်။
- S.P လွှဲစာဆိုရင်တော့ လက်ရှိရုံးခွန်၊တံဆိပ်ခွန်အရ ၃၀၀ ကျပ် ထမ်းဆောင်ရပါတယ်။
လက်ခံသူ ၅ ယောက်အောက်ပေါ့

(၉) G.P ပဲလွှဲလွှဲ၊ S.P ပဲလွှဲလွှဲ ဥပဒေအရကတော့....

- လွှဲတဲ့သူဖြစ်စေ၊လက်ခံတဲ့သူဖြစ်စေ သေသွားရင် ၊ ရူးသွားရင်ဖြစ်စေ ၊လွှဲတဲ့သူက ရုပ်သိမ်းလိုက်ရင်ဖြစ်စေ၊လက်ခံတဲ့သူက ငြင်းပယ်ရင်ဖြစ်စေ အဲ့ ကိုယ်စားလှယ်စာဟာ ရပ်ဆဲသွားပါတယ်။
- လွှဲအပ်တဲ့အကြောင်းအရာ ပီးသွားရင်/လွှဲအပ်တဲ့အကြောင်းအရာနဲ့ပတ်သက်ပီး ဆက်လုပ်စရာမရှိတော့ရင်လည်း အဲဒီပါဝါက ရပ်ဆဲသွားပါတယ်။
- ဒါကြောင့် G.P, S.P ပဲမူလက ရယူထားပီး ငွေကြေးအဆင်ပြေတဲ့အချိန်မှ မှတ်ပုံတင်စာချုပ်ပြုလုပ်ချုပ်ဆိုဖို့ ပြင်ဆင်တဲ့အချိန်မှာ G.P, S.P ရယူထားသူအား လွှဲအပ်ထားတာမှန်ကြောင်း၊လွှဲအပ်သူသက်ရှိထင်ရှားရှိသေးကြောင်း၊ပြန်လည်ရုပ်သိမ်းထားခြင်းမရှိကြောင်း တရားရုံးကျမ်းကျိန်ချက် ပြုလုပ်ခိုင်းတာဖြစ်ပါတယ်။

(၁၀) အိမ်ခြံမြေအရောင်းအဝယ်ကိစ္စတွေမှာတော့ -

- ဝယ်တဲ့သူဟာနာမည်ပေါက်လုပ်ချင်ရင် ထမ်းဆောင်ရတဲ့အခွန်ဟာ လက်ရှိအချိန်မှာ များတာကြောင့် အများအားဖြင့် မိမိကို ရောင်းတဲ့သူဟာ နာမည်ပေါက်ပိုင်ရှင်ဆိုရင် (S.P)၊လွှဲယူကြပါတယ်၊
- မိမိကိုရောင်းတဲ့သူဟာနာမည်မပေါက်သေးဘူး သူကိုယ်တိုင်ကို ရုံးကိစ္စဆက်လုပ်စရာကျန်သေးတဲ့အခြေအနေဆိုရင် (G.P) လွှဲယူကြတာများပါတယ်။
- ကိုယ်လုပ်တဲ့အကြောင်းအရာပေါ်မူတည်ပီးလည်း သင့်တော်သလို G.P သို့မဟုတ် S.P လွှဲယူကြပါတယ်။
- အိမ်ခြံမြေ နာမည်ပေါက်လုပ်ဖို့ကိစ္စရပ်တွေဆိုရင် အပြင်အခေါ် ရုံးကြီး(စာချုပ်စာတမ်းမှတ်ပုံတင်ရုံး)၊နယ်အခေါ် မြေစာရင်းရုံးမှာလွှဲယူကြပါတယ်။
- အဲလိုလွှဲတဲ့အခါ လွှဲချင်တဲ့သူက နယ်မြို့မှာရောက်နေရင် အဲဒီ နယ်မြို့မှာရှိတဲ့ ရုံးက လွှဲပေးလိုက်ရုံပါပဲ
- လွှဲမယ့်သူက နေမကောင်းလို့ ဆေးရုံပေါ်ရောက်နေရင်လည်း ဆေးကုနေကြောင်း အထောက်အထား၊သတိကောင်းကြောင်း အထောက်အထားများရယူပီး သက်ဆိုင်ရာ ရုံး ကို ပြင်ပသို့လိုက်ပါမှတ်ပုံတင်ပေးရန်(visit) လျှောက်ထားပီး လွှဲအပ်ရယူလို့ရပါတယ်။ရုံးကိုထမ်းစင်ကြီးနဲ့ခေါ်လာစရာမလိုပါဘူး
- လွှဲအပ်မယ့်သူက နိူင်ငံခြားရောက်နေတာဆိုရင်တော့ သူရောက်နေနဲ့ နိူင်ငံမှာ မြန်မာနိူင်ငံဆိုင်ရာ သံရုံး တာဝန်ရှိသူရှေ့မှောက်မှာ လွှဲအပ်လို့ရပါတယ်၊သံရုံးမရှိရင်တော့ ကောင်စစ်ဝန်ရုံးမှာ လွှဲရပါတယ်၊သံရုံးရော၊ကောင်စစ်ဝန်ရုံးရောမရှိတဲ့ဒေသရောက်နေတာဆိုရင်တော့ ရှိတဲ့ဆီသွားလွှဲရပါတယ်
- လွှဲတဲ့သူက ရဲအချုပ်ကျနေရင် စခန်းမှူး၊တာဝန်မှူး ရှေ့မှာ လွှဲရပါတယ်၊ထောင်ကျနေတာဆိုရင်တော့ တာဝန်ခံထောင်မှူးရှေ့မှာ လွှဲအပ်ရယူနိူင်ကြပါတယ်။
(၁၁) လက်ရှိအပြင်မှာတော့ နာမည်ကိုယ်တိုင်မပေါက်တဲ့မြေတို့၊သူကိုယ်တိုင်လည်း ပါဝါပဲယူထားတဲ့မြေတို့၊ရွေ့ပြောင်း နိူင်သောပစ္စည်းနဲ့ပတ်သက်လို့ ရုံးကိစ္စလုပ်စရာရှိရင်တော့ ၊လိုအပ်တဲ့အချိန်မှာ လိုအပ်သလို အသုံးပြုလို့ရနိူင်ရန် အရပ်အခေါ်နိုတြီ( Notary Public ) G.P,S.P များ လွှဲအပ်ရယူကြပါတယ်။
တရားရုံးတရားသူကြီးရှေ့မှောက်မှာလဲ ကိုယ်စားလှယ်လွှဲစာလွှဲအပ်ရယူကြပါတယ်။ အပြင်မှာ၊အိမ်ခြံမြေလောကမှာ အများဆုံးတွေ့ရတဲ့ဟာတွေပေါ့။အဆိုပါ ပါဝါတွေနဲ့ နာမည်ပေါက်လုပ်တဲ့အချိန် တရားဝင်မှတ်ပုံတင်စာချုပ်ချုပ်လို့မရပေမယ့်ကျန်တဲ့နေရာတွေမှာသုံးလို့ရနေတာကြောင့် ပါဝါလေးတော့ လွှဲယူထားမှ အဆင်ပြေကြပါတယ်လို့ အိမ်ခြံမြေလောကမှာတွေ့ကြုံနေရပါတယ်။

G.P,S.P နဲ့ ပတ်သက်လို့ အခြားအကြောင်းအရာတွေလည်း အများကြီးကျန်ပါသေးတယ်၊ဒါက မပြည့်စုံသေးပါဘူး။အခြေခံလေးတွေပဲရှိပါသေးတယ်။

တစ်ချို့ကရှိတယ် S.Pပဲလွှဲပေးနိူင်မယ်၊G.P တော့မပေးနိူင်ဘူးတို့ရှိတက်ပါတယ်

G.P နဲ့ S.P ဘာလွှဲပေးသင့်သလဲဆိုတဲ့အပေါ်မှာတော့ လက်ရှိ ကိုယ့်ဆီမှာရှိတဲ့စာရွက်စာတမ်း အနေအထားအခြေအနေနဲ့ အသုံးပြုချင်တဲ့အကြောင်းအရာပေါ်ပဲမူတည်ပါလိမ့်မယ်။
ဒါနဲ့ကျနော်မိတ်ဆွေကိုပြောလိုက်တယ်၊ခင်များဟာခင်များ လက်ရှိအခြေအနေနဲ့စဉ်းစားပီး ကိုက်ညီတဲ့ဟာလွှဲပေးလိုက်ပေါ့ဗျာလို့။

ခင်များအဲလိုပြန်လွှဲပေးတော့ ခင်များကို သူတို့က ဂါရဝပြု ကြမှာပေါ့လို့ပြောလိုက်တော့ ဟုတ်တယ်တဲ့၊ သူ့ကို ၅ သိန်းတောင်ပေးမယ်လို့ပြောတယ်တဲ့ ။ငါရောင်းခဲ့တုန်းကတောင် အဲ့လောက်မရခဲ့ဘူးတဲ့။ငွေကြေးကိစ္စကတော့ ကျနော်မပြောလိုပါဘူးဗျာ၊ထီပေါက်သလောက်မရပေမဲ့ ချဲပေါက်သလောက်တော့ ခင်များရတာပေါ့လို့။ကိုယ့်ကြောင့်တစ်ပါးသူ စိတ်ချမ်းသာရရင် ....
သူတစ်ပါးတွေကြောင့်လည်း ကိုယ်လည်း အမြဲစိတ်ချမ်းသာရပါတယ်လို့ ပြောလိုက်မိပါတယ်။

*အချက်(၇)ချက်ကြောင့် SP, GP တွေ ပျက်ပြယ်နိုင်*

ကျွန်တော်တို့ဟာ ကိုယ့်လက်ထဲမှာရထားတဲ့ Special Power ၊ General Power တွေကို အလွန်ခိုင်မာတယ်ဆိုပြီး ဝမ်းသာတတ်ကြပါတယ်။
အိမ်ခြံမြေ ဝယ်သူတိုင်း Special Power ၊ General Power တွေကို ကိုင်ပြီးကျေနပ် ကြပါတယ်။
Special Power ၊ General Power တွေဟာ အခြေနေ (၇)မျိုးမှာ ပြန်လည်ပျက်ပြယ်သွားနိုင်ပါတယ်..

အဲဒီအခြေအနေတွေကတော့...

(၁) SP, GP အားပြန်လည်ရုပ်သိမ်းသောအခါ

SP, GP ကိုလွှဲပေးသူကအကြောင်းခိုင်လုံမှုရှိရင် မိမိသဘောအရ ပြန်လည်ရုပ်သိမ်းနိုင်ပါသည်။ ထိုသို့ရုပ်သိမ်းသောအခါ SP, GP တွေဟာ ပျက်ပြယ်သွားတတ်တယ်။

(၂) လက်ခံသူမှငြင်းပယ်၍ ပျက်ပြယ်ခြင်း

SP, GP တို့ကို တစ်စုံတစ်ယောက်သောသူက ကိုယ်စားလှယ်လွှဲအပ်ပေးပေမယ့် လက်ခံရမယ့်သူက
အကြောင်းတစ်စုံတစ်ရာပြပြီး လက်ခံခြင်းမရှိခဲ့လ ြှငျ ထို SP, GP တို့ဟာ ပျက်ပြယ်ပါတယ်။

(၃) ကိစ္စပြီးဆုံးလျှင်လည်း ပျက်ပြယ်ပါသည်

SP တစ်စောင်ကို အကြောင်းအရာတစ်ခုဖြင့် လွှဲအပ်ပေးပါတယ်။ ဥပမာ- မြေပုံမြေရာဇဝင်ထုတ်ယူဖို့နဲ့ ခြံစည်းရိုးခတ်ရန်။ အဲဒီလိုအကြောင်းအရာနှစ်ခုနဲ့ လွှဲအပ်ပေးထားတဲ့ SP တစ်စောင်ဟာ မြေပုံမြေရာဇဝင် ထုတ်ယူဖို့နဲ့ခြံစည်းရိုးနဲ့ပတ်သက်တဲ့ ကိစ္စအဝဝပြီးဆုံးသွားပြီဆိုတဲ့အချိန်မှာ ထို SP သည် ပြီးဆုံးခြင်း၊ ပျက်ပြယ်ခြင်းသို့ရောက်ပါတယ်။

(၄) လွှဲအပ်/ လက်ခံသူတစ်ဦးဦးသေဆုံးခြင်း

SP, GP တို.ကို လွှဲအပ်သူ(သို့)လွှဲအပ်ခြင်းလက်ခံသူတစ်ဦးဦးသေဆုံးသွားခဲ့လ ြှငျ ထို SP, GP တွေဟာ
ပျက်ပြယ်ခြင်း၊ ပြီးဆုံးခြင်းသို့ ရောက်ပါတယ်

(၅) ရူးသွပ်ကြခြင်း

အလားတူပင် SP, GP တို့ကို လွှဲအပ်/ လက်ခံသူတစ်ဦးဦး ရူးသွပ်သွားခဲ့လ ြှငျလညျး ထို SP, GP တို.သည် ပျက်ပြယ်သည်(သို့) ပြီးဆုံးခြင်းသို့ရောက်ပါတယ်။

(၆) နှစ်ရှည်ထောင်ကျခြင်း

SP/GP တို့ကို လွှဲအပ်သူ(သို့)လက်ခံသူတစ်ဦးဦးသည် နှစ်ရှည်အကျဉ်းထောင်ကျခြင်းခံခဲ့ရပါမူ ထို SP, GP တို့သည် ပျက်ပြယ်ခြင်း(သို့) ပြီးဆုံးခြင်းသို့ရောက်ပါတယ်။

(၇) လူမွဲအဖြစ်ခံယူကြခြင်း

SP/GP တို.ကို လွှဲအပ်သူ(သို့) လက်ခံသူတစ်ဦးဦးက လူမွဲအဖြစ်ခံယူလိုက်လျှင် အဲဒီ SP, GP တို့ပျက်ပြယ်ခြင်း(သို့) ပြီးဆုံးသွားပြီးလို့မှတ်ယူရပါမယ်။

အဲဒီတော့ SP, GP တွေကို တရားလွန်ကြီးယုံစား၍မရနိုင်ပါ။ ဘာကြောင့်လဲဆိုတော့ အကျိုးဆောင်ကြီးများက ကိုယ်တိုင်ဝယ်တာဖြစ်ဖြစ်၊ တစ်ဦးတစ်ယောက်ကဝယ်တာပဲဖြစ်ဖြစ် SP, GP ကို ထည့်သွင်းဆောင်ရွက်ပေးကြရပါတယ်။ သို့မဟုတ် စစ်ဆေးပေးကြရပါတယ်။ အဲဒီလိုဆောင်ရွက်/ စစ်ဆေးပေးကြရာတွင် အကြောင်းတစ်ခုခု တိုက်ဆိုင်နေလျှင် တဖက်ကတင်ပြတောင်းဆိုလာတဲ့ SP, GP ဟာခိုင်လုံခြင်းရှိ/မရှိဆိုတာ တိတိကျကျဆုံးဖြတ်ကြရပါမယ်။ အခု ကျွန်တော်ပြောနေတာတွေသည် ကျွန်တော်ရဲ့လက်တွေ့တွေပါသလို၊ ပဋိညာဉ်အက်ဥပဒေပုဒ်မ (၂၀၁) အတိအလင်းဖော်ပြထားပါတယ်။



#ပဲခူးအိမ်ခြံမြေRealEstate
#မြို့မြေ
#စလစ်မြေ
#ဘိုးဘပိုင်မြေ
#ဂရမ်

#ဥယာဥ်ခြံ
#လယ်မြေ
#စက်မှု့မြေ
#အိမ်ရှင်
#အိမ်ဌား

11/07/2026

#အပိုင်း(၉) #စလစ် ပါမစ်မြေကိုဂရမ်လျောက်လို့ရလား?
စလစ်မြေဆိုရင်လည်း
မြေပေးမိန့်ကို သေချာစစ်
ဂရမ်ထုတ်ထားချင်းရှိမရှိသေချာစစ်
အဆင့်ဆင့်ရောင်းထားရင်
စာချုပ်အဆက်ဆက်သေချာစစ်
မူလပိုင်ရှင်ရ မရမေး
သတင်းစာမှာ ကန့်ကွက်ထည့်
==============================

အခုရှုပ်မှ နောင်ရှင်းတာ
ခိုင်ခိုင်မာမာဖြစ်အောင် ရှေ့နေနှင့်စာချုပ်ချုပ်
စာရွက်စာတမ်းကြေးအပါ ကုန်ကျစရိတ်က
နည်းနည်းကုန်ကျတာ။

အချို့က လွယ်လွယ်ပဲ လုပ်ကြတာ
စားသောက်ဆိုင်မှာ အရပ်စာချုပ်ချုပ်ဝယ်
နှစ်ဦးနှစ်ဘက် သဘောတူနေတာပဲ
ဘာမှ မလိုဘူး ထင်ပြီး လွယ်လွယ်လုပ်တာ

ပြဿနာဖြစ်လာရင်
ဘာအထောက်အထားမှ မပြနိုင်တော့
တရားရုံးမှာ ရင်ဆိုင်ရ။ အချိန်ကုန် လူပမ်း

မြေတစ်ကွက်တည်းကိုပဲ
စလစ် မိတ္တူပေါင်တာ တစ်ဦး
ဂရံစာအုပ်ပေါင်တာ တစ်ဦး
အရပ်စာချုပ်နဲ့ ရောင်းတာ တစ်ဖုံ
မိန်းမ မသိ မိဘ မသိ သားသမီး မသိလို့
သဘောမတူပါဘူး ဆိုတာက တစ်သွယ်

အဲဒီလို ပြဿနာ မဖြစ်အောင်
အပေါ်က အကြံပြုချက်အတိုင်း
လုပ်ကိုင် ဆောင်ရွက်ကြပါ။

အချိန် နဲ့ ငွေကြေး အနည်းငယ်
ပိုမို ကုန်ကျပေမယ့် စိတ်ချမ်းသာတယ်။

မြေဆိုတာ( အဝီစိအထိ ပိုင်တာ
ယူဇနာပေါင်း ၂၄၀၀၀၀ ရှိတယ် 😁
မြေပေါ်က မြေကွက်လေးတင်မဟုတ်ဘူး။)

အဲဒါကြောင့် မြေဝယ်မယ်ဆိုရင်
ခိုင်မာမှု ရှိ /မရှိ သေချာစစ်
စျေးချို ပြီးရော မလုပ်ဘဲ
ရောင်းမှား ဝယ်မှား မဖြစ်ရအောင်
စနစ်တကျနဲ့ သေချာ စီစစ်ဝယ်ကြပါလို့

အဲဒီလို ခိုင်ခိုင်မာမာ
လုပ်ထားခြင်းအားဖြင့်
ပြဿနာဖြစ်လာရင်
ဗဟိုတရားရုံးချုပ် မကလို့
အာကာသအထိပဲ တက်တက်
ကိုယ့်ဘက်က အေးဆေး။

သားစဥ်မြေးဆက် စိတ်ချမ်းသာတယ်
🙏🙏🙏အားလုံးပဲ မင်္ဂလာပါခင်ဗျာ.🙏🙏🙏

#ပဲခူးအိမ်ခြံမြေRealEstate
#မြို့မြေ
#စလစ်မြေ
#ဘိုးဘပိုင်မြေ
#ဂရမ်

#ဥယာဥ်ခြံ
#လယ်မြေ
#စက်မှု့မြေ
#အိမ်ရှင်
#အိမ်ဌား

Photos from Golden Brother's post 10/07/2026

🙏H..26176🙏💎ဆည်မြောင်းကျောကပ် ဥဿာမြို့သစ်
💰စျေးနှုန်း (သိန်း3600)(ဥဿာမြို့သစ်၈၀´×၆၀´ပေ)
📜ဂရမ် အမည်ပေါက်📜💢ရေလုံးဝမကြီးပါ💢

🏆၂ခါပြန်မရသည့် 👍👍👍အခွင့်အရေးကြီး

🤝 ( ပိုင်ရှင်တိုက်ရိုက်)(အလျော့တင်းရှိ)🤝

🏵 ပိုင်ဆိုင်မှုခိုင်မာ၊အရှုပ်ရှင်းကင်းအာမခံ၊ခြံ။🏵

🚌🛣️ဆည်မြောင်းလမ်း(ခ)ဓမ္မစေတီလမ်းကျောကပ်🛣️🚌

🗺🏞--​ဆည်မြောင်းကျောကပ်၊ရပ်ကွက်ကြီး(၃)၊မြေတိုင်း(၁၀)၊ဥဿာမြို့သစ်၊ပဲခူးမြို့။
🍱🏯🏥---စျေးနီး၊ကျောင်းနီး၊ဆေးရုံဆေးခန်းနီး။🎟️

🏞🗺 --၈၀´×၆၀´ပေ( ခြံသီးသန့်)

🎰🎰🎰 အရပ်မျက်နှာ - စီးပွားရေးတက်စေမည့်
( ​​​တောင်အရပ်လှည့်)

📜📜 ---ဂရမ် အမည်ပေါက်
(အရှုပ်ရှင်းကင်း💯အာမခံ)

🎗🎗🎗
#အကျိုးဆောင်ခအနေဖြင့်

#ဝယ်ယူသူဘက်မှပေးရန်မလိုပါ။
#အဌား-လဝက်စာ(စရံချသည့်နေ့တွင်အိမ်ရှင်၊အိမ်ဌား နှစ်ဖက်လုံးမှပေးရန်)
#အရောင်း- ၂%ရာခိုင်နှုန်း(စရံချသည့်နေ့တွင် ရောင်းသူမှပေးရန်၊ဝယ်သူမှပေးရန်မလို။
💢လိပ်စာအတိကျတင်ပေးခြင်းသည် ရောင်းသူ/ဝယ်သူအဆင်ပြေရေးအတွက်သာဖြစ်သည်။ စည်းမဲ့ ကမ်းမဲ့များအတွက်မဟုတ်ပါ 💢
🛑🚷⛔🚫
ကျော်အခွဆရာကြီးများနှင့် ဒိုင်ပင်ထိုးခြင်း၊လမ်းကြုံဝင်ကြည့်ခြင်းသည်းခံပါ။
☎☎☎
#ဆက်သွယ်ရန် Cb(or)Viber
09-780969523၊ 09-882067747

⏱⏱⏱ ကြည့်ရှု့လိုပါက ၁နာရီကြိုတင်ဖုန်းဆက်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်)
#ပုံနှင့်စာသားတို့အားကူးယူဖော်ပြခြင်းသည်းခံပါ။

#လူကြီးမင်းတို့၏ အိမ်၊ခြံ၊မြေ၊ကွန်ဒို၊တိုက်ခန်း၊ဟိုတယ်၊စက်ရုံ၊ဂိုထောင် ၊စက်မှုဇုံဧကကွက် များအားရောင်းချ/ဌားရန်း လိုပါက ယုံကြည်စိတ်ချစွာဆက်သွယ်အပ်ဖို့ရန်ဖိတ်ခေါ်အပ်ပါသည်။

https://www.facebook.com/hwasumaytkyalsin?mibextid=ZbWKwL

https://www.facebook.com/groups/782320056865960/?ref=share_group_link

Telegram
https://t.me/+RHxe29WCHUVhZmY1



#ပဲခူးအိမ်ခြံမြေ
#ပဲခူးအိမ်ခြံမြေRealEstate


#မြို့မြေ
#ဘိုးဘပိုင်မြေ
#ဂရမ်မြေ
#စလစ်မြေ

Want your business to be the top-listed Realtor/realty Service in Bago?
Click here to claim your Sponsored Listing.

Telephone

Address


Bago
BAGO