Professional Hospitality Learning Partners - PHLP
Professional Hospitality Learning Partner - PHLP4Myanmar Hotel Blogger / Writer / Hospitality Services / Trainer
06/07/2026
Believe it or not as you like. Thanks
Consultant ငှားလိုက်ကာမှ လူတွေထွက်ကုန်တယ်- ပြဿနာက ဘယ်သူ့ဆီမှာလဲ?
"အတိုင်ပင်ခံ (Consultant) ငှားလိုက်ကာမှပဲ လူတွေအချင်းချင်း စိတ်ဝမ်းကွဲပြီး ထွက်ကုန်ကြတယ်၊ အရင်ကမရှိတဲ့ ပြဿနာတွေ ပိုပေါ်လာတယ်၊ နောက်ဆုံးပိုင်ရှင်တွေကို လက်ညှိုးထိုး အပြစ်တင်မယ့်သူ တစ်ယောက် ပိုတိုးလာတာပဲ ဖတ်တင်တယ်..." စသဖြင့်
ဒါဟာ လုပ်ငန်းအသွင်ကူးပြောင်းရေး (Business Transformation) ဒါမှမဟုတ် အဖွဲ့အစည်း စနစ်တကျ ဖြစ်အောင် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ဖူးတဲ့ လုပ်ငန်းဦးဆောင်သူ အတော်များများ ရင်ဖွင့်လေ့ ရှိတဲ့ ညည်းတွားသံတစ်ခု ဖြစ်ပါတယ်။ တကယ်ပဲ Consultant တွေက ပြဿနာရှာတဲ့သူတွေလား၊ ဒါမှမဟုတ် အမြဲတမ်း မျက်ကွယ်ပြုထားခဲ့တဲ့ "အနာဟောင်း" တွေကို ဆရာဝန်က ဓားထည့်လိုက် တာလားဆိုတာ ပညာရှင်ရှုထောင့်ကနေ အရှိကိုအရှိအတိုင်း ခွဲခြမ်းစိတ်ဖြာကြည့်ကြစို့။
Consultant တစ်ယောက်ရဲ့ ပထမဆုံးနဲ့ အရေးကြီးဆုံး တာဝန်က အဖွဲ့အစည်းရဲ့ အားနည်းချက်၊ ပြုပြင် ရမည့်အချက်၊ ဖြည့်စွက်ရမည့်အချက်တွေကို Organizational Information Assessment (OIA) စနစ်တကျလုပ်ပြီး ပွင့်လင်းမြင်သာစွာ (Transparently) အရှိအတိုင်း တင်ပြဖို့ ဖြစ်ပါတယ်။
ဒါကို လုပ်ငန်းရှင်အချို့က "ငါ့လုပ်ငန်းကို လာအပြစ်ပြောနေတယ်" လို့ ခံစားရတတ်ပါတယ်။ အမှန်တော့ အတိုင်ပင်ခံဆိုတာ မှန်ချပ်တစ်ခုလိုပါပဲ။ မှန်ထဲမှာ ကိုယ့်မျက်နှာက အမည်းစက်ကို မြင်ရတဲ့အခါ မှန်ကိုရိုက်ခွဲရမှာ မဟုတ်ဘဲ အမည်းစက်ကို ဆေးကြောဖို့ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။
စနစ်မရှိတဲ့ လုပ်ငန်းတစ်ခုမှာ Consultant ဝင်လာတဲ့အခါ ပြောင်းလဲမှုတွေ စတင်ပါတယ်။ ဒီအခါမှာ လူထွက်ရတဲ့ အဓိက အကြောင်းရင်း (၃) ချက် ရှိပါတယ်။
အလကားနေရင်း အခွင့်ထူးခံနေသူများ (Free Riders) ပေါ်သွားခြင်းကြောင့်ပါ၊ စနစ်မရှိခင်က သူတစ်ပါး လုပ်အားပေါ် ခိုစားနေသူတွေ၊ Transparency မရှိလို့ လာဘ်ပေးလာဘ်ယူ သို့မဟုတ် အာဏာပြခွင့် ရနေသူတွေဟာ အကဲဖြတ်စနစ် (KPIs / OKRs) တွေ ဝင်လာတဲ့အခါ ရေရှည် မရပ်တည်နိုင်တော့ဘဲ ကိုယ်တိုင် ထွက်သွားကြခြင်း ဖြစ်ပါတယ်။
ပြောင်းလဲမှုကို ကြောက်ရွံ့ခြင်း (Resistance to Change)ကြောင့်လည်းပါပါတယ်၊ "အရင်ကလည်း ဒီလိုပဲ လုပ်လာတာ အဆင်ပြေတာပဲ" ဆိုတဲ့ Comfort Zone ထဲက မထွက်ချင်တဲ့ ဝန်ထမ်းတွေဟာ စနစ်သစ်၊ Process အသစ်တွေကို လက်မခံချင်ဘဲ တွန်းလှန်ရင်း ထွက်ခွာသွားတတ်ကြပါတယ်။
Expectation Misalignment (မျှော်မှန်းချက် မကိုက်ညီခြင်း)ကြောင့်လည်းဖြစ်ပါသေးတယ်၊ Consultant က တင်ပြတဲ့ အနာအဆာတွေကို ပိုင်ရှင် (Owner) က လက်ခံပြီး ချက်ချင်း အပြတ်အသတ် မကိုင်တွယ်ဘဲ ဝေဝေဝါးဝါး လုပ်နေတဲ့အခါ၊ တကယ် အလုပ်လုပ်ချင်တဲ့ Key Players တွေက လုပ်ငန်းအပေါ် စိတ်ပျက်ပြီး ထွက်သွားတတ်ကြပါတယ်။
"Consultant ဝင်လာလို့ လူထွက်တယ်ဆိုတာ အဖွဲ့အစည်း ရှင်သန်ဖို့အတွက် Detox (အဆိပ်ထုတ်) တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်လေ့ရှိပါတယ်။ ထွက်သွားတဲ့သူတွေဟာ လုပ်ငန်းအတွက် တကယ်မရှိမဖြစ်တဲ့ Core Talent တွေလား၊ ဒါမှမဟုတ် စနစ်သစ်ကို မလိုက်နိုင်တဲ့သူတွေလားဆိုတာ လုပ်ငန်းရှင်က အေးအေး ဆေးဆေး ခွဲခြားကြည့်ဖို့ လိုပါတယ်။"
တကယ်တမ်းတော့ တကယ့် Professional Consultant ကောင်းတစ်ယောက်ဟာ ပိုင်ရှင်ကို အပြစ်တင်ဖို့ လာတာ မဟုတ်ပါဘူး။ လုပ်ငန်းရှင် အမြဲတမ်း အလုပ်များလွန်းလို့ မမြင်မိတဲ့၊ ဒါမှမဟုတ် ဝန်ထမ်း တွေက ပိုင်ရှင်ကို မပြောရဲလို့ ဖုံးကွယ်ထားတဲ့ "အမှန်တရား" တွေကို မျက်နှာစာဆီ ယူဆောင်လာ ပေးတာ ဖြစ်ပါတယ်။
အဲဒီ အမှန်တရားတွေက ခါးသီးနိုင်ပါတယ်၊ ကိုယ်ယုံကြည်ခဲ့ရတဲ့ လုပ်သက်ရင့် မန်နေဂျာတစ်ယောက်ရဲ့ Performance အားနည်းချက် ဖြစ်နိုင်သလို၊ မိသားစုဆန်ဆန် သွားနေတဲ့ လုပ်ငန်းယဉ်ကျေးမှုရဲ့ အားနည်းချက်လည်း ဖြစ်နိုင်ပါတယ်။ ဒါကို အရှိအတိုင်း မတင်ပြဘဲ ပိုင်ရှင် သဘောကျမယ့် စကားလုံးအလှလေးတွေပဲ သုံးသွားတဲ့ အတိုင်ပင်ခံဟာ လုပ်ငန်းကို ဖျက်ဆီးမယ့်သူသာ ဖြစ်ပါတယ်။
တကယ်လို့ ကိုယ့်လုပ်ငန်းကို အဆင့်မြှင့်တင်ဖို့ Consultant ငှားတော့မယ် (သို့မဟုတ်) ငှားထား တယ်ဆိုရင် အောက်ပါအချက် (၃) ချက်ကို ပြင်ဆင်ထားသင့်ပါတယ်။
Mindset shift (အတွေးအခေါ် ပြောင်းလဲပါ)၊ Consultant ကို ကိုယ့်လုပ်ငန်းရဲ့ အားနည်းချက်တွေကို ရှာဖွေဖော်ထုတ်ပေးဖို့ ငှားတာဖြစ်တဲ့အတွက် အားနည်းချက် ပေါ်လာတဲ့အခါ "ငါ့ကို အပြစ်တင်တယ်" လို့ မမြင်ဘဲ "ဒါဟာ ငါတို့ ပြုပြင်ရမယ့် အခွင့်အလမ်း" လို့ မြင်ပေးပါ။
Be Prepared for Friction (ပွတ်တိုက်မှုများကို မျှော်လင့်ထားပါ)၊ စနစ်တစ်ခု ပြောင်းလဲတဲ့အခါ ပွတ်တိုက်မှု (Friction) နဲ့ လူအပြောင်းအလဲ (Staff Turnover) ဆိုတာ မလွဲမသွေ ဖြစ်တတ်ပါတယ်။ အဓိကကတော့ Right People ကို Right Place မှာ ထားနိုင်ဖို့အတွက် စကာတင် စစ်ထုတ်တဲ့ ဖြစ်စဉ်လို့ မှတ်ယူရပါမယ်။
Ex*****on is Yours (အကောင်အထည်ဖော်မှုက ကိုယ့်အလုပ်ဖြစ်ပါတယ်)၊ Consultant က လမ်းပြမြေပုံ (Roadmap) နဲ့ အဖြေ (Solutions) ကို ပေးနိုင်ပေမယ့်၊ တကယ်တမ်း ဆုံးဖြတ်ချက်ချပြီး တွန်းတွန်းတိုက်တိုက် အကောင်အထည်ဖော်ရမှာက Business Owner နဲ့ ခေါင်းဆောင်ပိုင်းတွေရဲ့ တာဝန်သာ ဖြစ်ပါတယ်။
Consultant ဆိုတာ ကိုယ့်လုပ်ငန်းရဲ့ ရောဂါကို မှန်မှန်ကန်ကန် စစ်ဆေးပေးတဲ့ ဆရာဝန် ဖြစ်ပါတယ်။ ဆရာဝန်က ရောဂါအခြေအနေကို အရှိအတိုင်း ပွင့်ပွင့်လင်းလင်း ပြောပြတဲ့အခါ လူနာက စိတ်ဆိုးပြီး ဆေးမသောက်ရင်တော့ ရောဂါက ကျွမ်းရုံပဲ ရှိပါလိမ့်မယ်။ အမှန်တရားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြီး စနစ်တကျ ပြုပြင်ပြောင်းလဲဖို့ သံနိဋ္ဌာန်ချထားတဲ့ လုပ်ငန်းရှင်တွေအတွက်တော့ Consultant အစစ်အမှန်တွေဟာ လုပ်ငန်းကို Multi-Billion Company ဖြစ်အောင် ပံ့ပိုးပေးနိုင်တဲ့ အကောင်းဆုံး မဟာဗျူဟာမြောက် မိတ်ဖက် (Strategic Partners) တွေ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Bago