DICA Bago
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from DICA Bago, Government Organization, Bago.
27/05/2022
ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကျင်းပ
ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးကို ယနေ့ (၂၇-၅-၂၀၂၂) နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ရာ ကော်မတီ ဉက္ကဋ္ဌ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ကော်မတီဝင်များနှင့် သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေး၌ ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှစ်ခုမှ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း နှင့် အားကစားလက်အိတ်များ ထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်ခွင့်ပြုရန် အတည်ပြုမိန့် လျှောက်ထားလာခြင်းတို့အပေါ် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှစ်ခုအနေဖြင့် အတည်ပြုမိန့်ရရှိပြီးပါက ပဲခူးတိုင်း ဒေသကြီးအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၆.၁ သန်း စီးဝင်လာမည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်း စုစုပေါင်း ၁၄၀၀ကျော် ဖော်ဆောင်နိုင်မည် ဖြစ်ပါသောကြောင့် ဒေသခံ များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူကောင်းများ ရရှိလာမည်ဖြစ် ပါသည်။
Bago Region Investment Committee (BRIC )Meeting (5/2022) was convened at Tawwin Hanthar Meeting room of Bago Region Government Office on 27-5-2022 and attended by Chief Minister H.E U Myo Swe Win; Chairman of BRIC ,members of the Committee and responsible persons from respective companies.
At the meeting, the Committee discussed and constructively made decision concerned with two wholly Foreign owned enterprises which will carry out manufacturing of garments and manufacturing of sport gloves on CMP basis.
If the submitted enterprises approved to pursue the business, the investment capital which amount to USD $ 6.1 million will flow into the region .And also those enterprises are expected to create over 1400 job opportunities which assist the socio- economic development of the residents in Bago Region.
29/04/2022
ပဲခူးတိုင်းဒေသကြီးအတွင်းသို့ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု မြန်မာကျပ်ငွေ ၁၂၀၀ သန်း ဝင်ရောက်
ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ကော်မတီ ဉက္ကဋ္ဌ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ကော်မတီဝင်များနှင့် သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူ များ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေး၌ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုမှ အဆင့်မြင့်ဆန်အမျိုးမျိုး ကြိတ်ခွဲထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုရန် အတည်ပြုမိန့်လျှောက်ထား လာခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုမှ ကုန်ကြမ်းအမျိုးအစားအသစ် ထပ်မံတင်သွင်း ခြင်း အပါအဝင် ကုန်ချောများပြောင်းလဲထုတ်လုပ်ခြင်းနှင့် အခြားကုမ္ပဏီများမှ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များလျှောက်ထားလာခြင်းတို့အပေါ် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။ ထို့အပြင် အီလက် ထရောနစ် တွေ့ဆုံဆွေးနွေးခြင်းဝန်ဆောင်မှုစနစ်(DICA Online Solution-DOSo)နှင့် ပတ်သက် ၍ ကော်မတီဝင်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
အဆိုပါလုပ်ငန်းဆိုင်ရာတင်ပြချက်များအာ အတည်ပြုခွင့်ပြုပြီးပါက ပဲခူးတိုင်းဒေသကြီး အတွင်းသို့ ရင်းနှီးမြှုပ်နှံမှုပမာဏ မြန်မာကျပ်ငွေ ၁၂၀၀ သန်း စီးဝင်လာမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ယနေ့အထိ အလုပ်အကိုင်အခွင့်အလမ်း စုစုပေါင်း (၆၀၀၈) ဦး ဖော်ဆောင်နိုင်မည် ဖြစ်ပါသောကြောင့် ဒေသခံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူကောင်းများ ရရှိလာမည်ဖြစ်ပါသည်။
Bago Region Investment Committee (BRIC )Meeting (4/2022) was convened at Tawwin Hanthar Meeting room of Bago Region Government Office on 29-4-2022 and attended by Chief Minister H.E U Myo Swe Win; Chairman of BRIC ,members of the Committee and responsible persons from respective companies.
At the meeting, the Committee discussed and constructively made decision upon wholly Myanmar owned enterprise which will carry out production, distribution and sale of various types of high quality rice applied for endorsement and one foreign enterprise which will carry out manufacturing of earphones on CMP basis , import of new types of raw materials and conversion of finished products and application of business concerned issues by existing enterprises. And then DICA Online Solution- (DOSo) was explained to the committee members by Daw Hmwe Hmwe Thin, Deputy Director from DICA Bago Region.
If the submitted enterprises approved to pursue the business, the investment capital amount to 1200 million kyats will flow into the region. And also the total enterprises in Bago Region are expected to create six thousands and eight job opportunities from 1st February 2021 to present and support the socio- economic development of the residents in Bago Township.
08/04/2022
ရင်းနှီးမြုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး အစီအစဉ်များ ရှင်းလင်းပွဲကျင်းပပြုလုပ်
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဉီးစီးမှူးရုံးအနေဖြင့် အီလက်ထရောနစ်တွေ့ဆုံဆွေးနွေးခြင်းဝန်ဆောင်မှုစနစ် (DICA Online Solution-DOSo)၊ တစ်နေရာတည်း အလုံးစုံဝန်ဆောင်မှုပေးသည့်အဖွဲ့ (One Stop Service)၏စံချိန်စံညွှန်းမီလုပ်ထုံးလုပ်နည်းများ(Standard Operation Procedures)၊ Cost of Doing Business in Myanmar Survey Report 2022 နှင့် DICA Info Android Mobile Application အစီအစဉ် (၄) ခုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ၈-၄-၂၀၂၂ ရက်နေ့၊ မွန်းလွဲ (၁၄:၀၀)နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဉီးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီးကုန်သည်နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် ပြည်တွင်း/ပြည်ပ ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ပါသည်။
DICA Bago Branch gives a seminar on Investment Promotion and Facilitation
The DICA Bago Branch gave a seminar "Investment Promotion and Facilitation by streamlining the virtual system" on 8-4-2022 at DICA Bago Branch Meeting Room. In this Seminar, DICA Online Solution (DOSo), Standard Operation Procedures of One-Stop Service, Cost of Doing Business in Myanmar Survey Report 2022, and DICA Info Android Mobile Application were made further clarification to the attendees by U Ko Ko Latt; Director, Daw Hmwe Hmwe Thin; Deputy Director, Daw Thaw Mon Naing; Staff Officer, Daw May Zin Oo; Deputy Staff Officer and Daw Hnin Ei Moe; Deputy Staff Officer of DICA Bago.
The seminar was attended by the Regional Level Officials from the Bago Region Government Office, members of the Bago Region Investment Monitoring Team and Bago Region Chamber of Commerce and Industry, and responsible persons from domestic and foreign enterprises pursuing business in the Bago Region.
27/12/2021
ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၁)ကြိမ်မြောက်အစည်းအဝေးကျင်းပ
ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆ /၂၀၂၁) ကြိမ်မြောက်အစည်းအဝေးအား ယနေ့ (၂၇-၁၂-၂၀၂၁) နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ကော်မတီဉက္ကဋ္ဌ ဝန်ကြီးချုပ် ဉီးမျိုးဆွေဝင်း၊ ကော်မတီဝင်များနှင့် သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီတစ်ခုမှ အဆင့်မြင့်ဆန်အမျိုးမျိုးကြိတ်ခွဲထုတ်လုပ်၍ ပြည်ပသို့ ၁၀၀% တင်ပို့ရောင်းချခွင့်ပြုပါရန် အတည်ပြုမိန့်လျှောက်ထားလာခြင်း အပေါ်ဆွေးနွေး ဆုံးဖြတ် ခဲ့ပါသည်။ ယခုကဲ့သို့ စိုက်ပျိုးရေးထွက်ကုန်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်မည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများပေါ်ထွက်လာခြင်း၊ ပြည်ပသို့ Value added Product အဖြစ်တင်ပို့ခြင်းစသည့် ဆောင်ရွက် မှုများကြောင့် ဒေသတွင်း လူမှုစီးပွားဘဝတိုးတက်ရေး အတွက် အထောက်အကူကောင်းဖြစ်လာပြီး နိုင်ငံခြား ဝင်ငွေတိုးမြင့် ရရှိလာမည်ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း ပဲခူးတိုင်းဒေသကြီး အတွင်းသို့ ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၉၁ သန်း ကျော်နှင့် ကျပ်ငွေ ၂.၅ ဘီလျံခန့် ဝင်ရောက်လာပြီးဖြစ်ကာ အလုပ်အကိုင်အခွင့်အလမ်း ၄၇၀၀ ကျော် ဖန်တီးပေးခဲ့ပြီး ဖြစ်ပါသည်။
Bago Region Investment Committee's (6/2021) meeting was convened at Tawwin Hanthar Meeting Room of Bago Region Government Office this morning (27-12-2021) and attended by Chief Minister U Myo Swe Win; Chairman of Bago Region Investment Committee, members of the committee and responsible persons from concerned enterprises.
At the meeting, the committee made the constructive decision on the proposal, submitted by a citizen enterprise to operate the business of husking rice and export agricultural goods, and other investment related matters. The emergence of local businesses, invest in agricultural sector and export value added products to foreign countries, assists the development of socio- economy and foreign income. The Bago Region has received foreign and domestic investments that amount to USD 91 million and Kyats 2.5 Billion and created over 4700 job opportunities from 1 February to date.
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Bago