Nway Oo Thit Library

Nway Oo Thit Library

Share

နွေဦးသစ်စာကြည့်တိုက်၏ တရားဝင်စာမျက်နှာဖြစ်ပါသည်။

26/07/2024

''ရိက္ခာသယ်ဖို့ ကားကူစို့''

🔰 ဒီလိုအချိန်ကာလမျိုးမှာ ကားလိုအပ်ချက်အတွက် campagin ပြုလုပ်ရတာဟာ ထူးဆန်းနေပေမယ့် ကြယ်နီတပ်ဦး ကရဲဘော်တွေအသုံးပြူနေတဲ့ ကားလေး မီးလောင်ဆုံးရှုံးသွားတဲ့အတွက် ဒီproject လေးကိုပြုလုပ်ရတာဖြစ်ပါတယ်ဗျ။

- စစ်ကိုင်းအတွင်းမှာရှိတဲ့ ကြယ်နီတပ်ဦးမှ ရဲဘော်များအတွက် သယ်ယူပို့ဆောင်ရိက္ခာသယ်ဆောင်ဖို့ရန်အတွက် မဖြစ်မနေလိုအပ်ချက်အရ ပြုလုပ်ရခြင်းဖြစ်ပါတယ်ဗျ။

- project ပုံစံလေးကတော့ မိမိတို့တတ်နိုင်သလောက်ကူညီပါဝင်ထောက်ပံ့​နိုင်အောင်​ပြုလုပ်ထားပြီး target လေးက သိန်း ၁၀၀ ကျပ်ပဲဖြစ်ပါတယ်။

(KBZ pay,Wave money, NUG pay, SDB) စတာတွေနဲ့ ကူညီထောက်ပံ့နိုင်ပါတယ်ခင်ဗျ။

Campagin ကာလကတော့ July လလကုန်အထိပြုလုပ်မှာဖြစ်ပြီး တတ်နိုင်တဲ့ဘက်ကနေကူညီပါဝင်ထောက်ပံ့ပေးကြဖို့ မေတ္တာရှေ့ထားကာ နိုးဆော်လိုက်ရပါတယ်ဗျ❣

#စာအုပ်ကာစရာမလိုပါ
#ရိက္ခာသယ်ဖို့ကားကူစို့

02/12/2023

▪လာမယ့်ဆောင်းရာသီ

မလုံခြုံမှုမီးခိုးများဟာ
အူနေတယ်

လေထု ပွန်းပဲ့
ရဟတ်များလည်ပတ်လျက်
ခြောက်ကပ်လယ်ယာမြေပေါ်
စိုစွတ်နေတဲ့သွေးစ
အသားစ
အရိုးစ

အပူချိန်ဟာ
အိမ်ခေါင်မိုးတွေဆီကနေ
ဖြာကျ

တခါတခါ
ကလေးတယောက်ရဲ့ငိုသံ

တခါတခါ
အမယ်အိုတယောက်ရဲ့ညည်းသံ

“စစ်ဖြစ်နေမှတော့
အချစ်စစ်နဲ့လည်းဘယ်တွေ့နိုင်ပါ့မလဲ”
လူငယ်တယောက်က အံကြိတ်ပြီးပြောတယ်

“ခွေးမသားတွေ
ခွေးကျွေးတောင်မစားဘူး” တဲ့
အဖိုးအိုတယောက်က
တောက်ခေါက်တယ်

ဆေးမရှိတဲ့ရောဂါနဲ့တူတဲ့
လမ်းကမှားနေတယ်

ဆောင်းဝင်တော့မယ်
အချစ်ထက်ပိုပြီး
ဘယ်မီးဖိုက နွေးပါ့မလဲ

နာကျင်မှုကိုသာ
လှုံကြ။

- ကြည်ဇော်အေး
2 October 22

လူငယ်သစ်

Photo Credit

20/05/2022

လေးစားပါတယ်

26/06/2021

အနယ်နယ်အရပ်ရပ်မှ မိဘပြည်သူများခင်ဗျာ

စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ပွဲဝင်နေသော ကျန်ုပ်တို့နှင့် ရင်းနှီးသည့်လူငယ်ရဲဘော်များ၊
နည်းမျိုးစုံတိုက်ပွဲပုံဖော်နေကြသည့် တော်လှန်ရေးရဲဘော်များအတွက် အထွေထွေလိုအပ်ချက်များဖြည့်ဆည်းရန် အလှူငွေများလိုအပ်လျှက်ရှိပါသည်။ မိမိတတ်အားသ၍ ပူးပေါင်းပါဝင်
လှူဒါန်းနိုင်ပါသည်။

KBZPay, Wavemoney, M PiteSan စသည်တို့ဖြင့် လှူဒါန်းနိုင်ပါသည်။

ဆက်သွယ်ရန်

09780266726 09771661701

Want your organization to be the top-listed Government Service in Bogale?
Click here to claim your Sponsored Listing.

Category

Address


Bogale

Opening Hours

Tuesday 09:30 - 16:30
Wednesday 09:30 - 16:30
Thursday 09:30 - 16:30
Friday 09:30 - 16:30
Saturday 09:30 - 16:30
Sunday 09:30 - 16:30