Subaru Japanese Language Class

Subaru  Japanese Language Class

Share

Japanese language Class

07/02/2023

ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ ( ) လျှောက်ထားရာတွင် အကျုံးဝင်သည့် သက်သေခံကတ်ပြား (ID) နှင့် ပတ်သက်၍ ကြိုတင်ကြေငြာချက် - ၂

၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပမည့် JLPT စာမေးပွဲမှ စတင်၍ နောင်ကျင်းပမည့် JLPT စာမေးပွဲများအတွက် လျှောက်လွှာလက်ခံရာတွင် အောက်ဖော်ပြပါ သက်သေခံကတ်ပြား (ID) များကိုသာ လက်ခံသွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးကြေငြာပြီးဖြစ်ပါသည်။

သတ်မှတ်ထားသော သက်သေခံကတ်ပြား (ID) များ

(၁) မှတ်ပုံတင် (၁၀ နှစ်ပြည့်ဖြစ်စေ၊ ၁၈ နှစ်ပြည့်ဖြစ်စေ အကျုံးဝင်ပါသည်။)

(၂) သက်တမ်းရှိ နိုင်ငံကူးလက်မှတ်

(၃) သက်တမ်းရှိ ယာဉ်မောင်းလိုင်စင် (က/A ဆိုင်ကယ်လိုင်စင်မှာ မွေးသက္ကရာဇ်မပါသဖြင့် အကျုံးမဝင်ပါ။)

(၄) မွေးစာရင်း (၁၀ နှစ်အောက် လျှောက်လွှာတင်သူများအတွက်သာ အကျုံးဝင်ပါသည်။)

စာမေးပွဲဖြေဆိုရာတွင်လည်း စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) နှင့်အတူ အထက်ပါ သက်သေခံကတ်ပြား (ID) မူရင်း တစ်ခုခုမပါရှိပါက လုံးဝ ဖြေဆိုခွင့်ရရှိမည်မဟုတ်ကြောင်းနှင့် စာမေးပွဲလျှောက်ထားလိုသူများ ကြိုတင်ပြင်ဆင်ထားနိုင်ရန်အတွက် အသိပေးကြေငြာခဲ့ပါသည်။

သို့ရာတွင် ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင် နှင့် ၁၀ နှစ်အောက် စာမေးပွဲလျှောက်လွှာတင်လိုသူများသည် MAJA မှ သတ်မှတ်ပေးမည့်ရက်အတွင်း လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြင့်ဖြစ်စေ သတ်မှတ်နေရာတွင် လျှောက်လွှာ လာရောက်ဝယ်ယူ၍ လျှောက်လွှာတင်ရမည်ဖြစ်သည်။

ထိုသို့လျှောက်ထားရာတွင် ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်များအတွက် သာသနာဝင်စိစစ်ရေးကတ်ပြား၊ သာသနာနွယ်ဝင်စိစစ်ရေးကတ်ပြားဖြင့် လျှောက်လွှာလက်ခံသွားမည်ဖြစ်ပြီး၊ ၁၀ နှစ်အောက် လျှောက်လွှာတင်သူများ အတွက် မွေးစာရင်းဖြင့် လျှောက်လွှာလက်ခံသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

လျှောက်လွှာလက်ခံမည့်ရက်၊ အချိန်နှင့် နေရာအား အသေးစိတ် ထပ်မံကြေငြာပေးပါမည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

Credit - MaJa Japanese Centre

Want your school to be the top-listed School/college in Dagon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Dagon

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00