Little Scribbles

Little Scribbles

Share

"Whispers from the heart...''

14/05/2026

အိပ်မပျော်တဲ့ညတွေဟာ မှောင်မိုက်အတိနဲ တိတ်ဆိတ်လို့
ခပ်ဖျော့ဖျော့ မြင်နေရတဲ့ အလင်းရောင်ကို
အခန်းထောင့်‌ကနေ အကြောင်းမဲ့ ငါငှေးတယ်။
ပူပန်နေရတဲ့ ငါစိတ်တွေအတွက်
ဆေးလိပ်တိုကို မီးရှို့မယ်၊ အငွေ့တွေ ရှုရှိုက်မယ်
သေခြင်းတရားက ငြိမ်းချမ်းခြင်းအမှန်ဆို
ငါလိုလားကြောင်း လမင်းကိုထိုင်‌ပြောမယ်။
ငါဖြစ်ချင်တာ စိမ်းလန်းစိုပြေနေတဲ့ သစ်ပင်
ဒီလို ခေတ်ပြတ်ထဲက အဆိပ်သင့် လူငယ်မဟုတ်ကြောင်း
သူ''ကိုယ်'' အဆိပ်သင့်တဲ့ ကမ္ဘာကြီးမှာ ဘယ်သူပြေးတိုင်ရပါ့မလဲ
ဘယ်သူကြောင့်ဆိုတဲ့ လက်ညိုး ငါမထိုးတော့ဘူး
ဒီကမ္ဘာမှာရှင်သန်ဖို့ ဘုရားနဲ့လွှဲခဲ့တဲ့ ငါတို့အပြစ်ဘဲမလား။
သေခြင်းဟာ ငြိမ်းချမ်းခြင်းအစစ်အမှန်ဆို
သေ‌မင်းရေ ငါကိုလာခေါ်လှည့်ပါ မကြောက်မရွံလိုက်ပါမယ်လေ။
-ဝေယု

Want your public figure to be the top-listed Public Figure in Dagon?
Click here to claim your Sponsored Listing.

Category

Website

Address


Dagon