Pool & Spa Myanmar
Pool and Spa Myanmar (PSM) is one of Myanmar’s largest sellers of swimming pool chlorine and equip
19/12/2024
ကွန်ကရစ်ရေကူးကန်နဲ့ ဗီနိုင်းရေကူးကန် ဘယ်ဟာက လူကြီးမင်းတို့အိမ်နဲ့ ပိုအဆင်ပြေမလဲ???
ရေကူးကန်စပြီး ဆောက်မယ်လို့ စဉ်းစားတိုင်း သူဌေးတိုင်း ရွေးချယ်ရခက်တဲ့ မေးခွန်းပါပဲ…
ဒီမေးခွန်းလေးကို ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံလေးကို အခြေခံပြီး ဖြေပေးပါရစေဗျ..
အရင်ဉီးဆုံး သူဌေးတိုင်း စစဉ်းစားမိတဲ့ Budget ကနေစပြောပါမယ်…
ဟုတ်ကဲ့… Budget အနေနဲ့ကတော့ ဗီနိုင်းရေကူးကန်က ကွန်ကရစ်ကန်ထက် အပြတ်အသတ်ကို ဈေးသက်သာပါတယ်ဗျ… ကျွန်တော်ထင်တယ် ထက်ဝက်လောက်တောင် သွားလောက်မယ်ဗျ… အဓိကက ဗီနိုင်းရေကူးကန်မှာ ကြွေပြားက တော်တော်လေးသက်သာသွားပါမယ်… ကြွေပြားနဲ့ပတ်သက်ပြီး နောက်မှ ရေကူးကန်တွက် ဘယ်လိုကြွေပြား အမျိုးအစားရွေးချယ်သင့်လဲ အသေးစိတ် ထပ်ရေးပေးပါမယ်ဗျ…
နောက်တစ်ခု ထပ်ပြောရမယ်ဆို စက်ခန်းနေရာ (Pump Room) ဗီနိုင်းရေကူးကန်တွေတွက် စက်ခန်းက ကန်နဲ့ကပ်လျက်လေးမှာ အလျားအနံအမြင့် သုံးပေပတ်လည်ဆိုလုံလောက်ပေမယ့် ကွန်ကရစ်ကန်အတွက်ကတော့ အနည်းဆုံး ငါးပေပတ်လည်နဲ့ အမြင့်ခြောက်ပေ (လူတစ်ရပ်လွတ်) လောက် လိုအပ်ပါတယ် အဲ့ဒီ့ စက်ခန်းနေရာ အနေအထားကြောင့်လည်း ဗီနိုင်းရေကူးကန်တွေကို Penthouse လိုနေရာမျိုးမှာ တော်တော်လေးအတွေ့ရများပါတယ် ပြီးတော့ Structure ပိုင်းအနေနဲ့ စဉ်းစားရင်လည်း Penthouse လိုနေရာတွေက ဗီနိုင်းရေကူးကန်တွေနဲ့ တော်တော်အဆင်ပြေပါတယ်…နောက်ပြီး တည်ဆောက်ချိန်ဆိုရင်လည်း အများကြီး သိပ်မကြာတတ်ပါဘူး…
ကျွန်တော်ကတော့ ရေကူးကန်ဆောက်ချင်ပေမယ့် အများကြီးလည်း အကုန်အကျမခံချင်ဘူး …. နေရာလည်း လုံလုံလောက်လောက်အများကြီးမရှိဘူးဆိုတဲ့ လူကြီးမင်းတွေကို ဗီနိုင်းရေကူးကန်ကိုပဲ ညွန်းလေ့ရှိပါတယ်…
ကဲ… ဗီနိုင်းရေကူးကန်တွေရဲ့ ကောင်းကျိုးတွေ တော်တော်များများပြောပြီးသွားပြီဆိုရင်တော့ ကွန်ကရိကန်တွေအကြောင်း ဆက်သွားလိုက်ကြရအောင်…
ခုနက ပြောခဲ့သလို ကွန်ကရိကန်တွေက ဗီနိုင်းကန်တွေထက် အများကြီး ပိုအကုန်အကျများသလောက် ဒီဇိုင်းပိုင်းကလည်း တန်အောင်ကို စိတ်ကြိုက်ဖန်တီးလို့ရပါတယ်… နောက်ပြီး ရေရှည်ခံတဲ့နေရာမှာလည်း ကွန်ကရိကန်တွေက အပြတ်အသက်ကို သာပါတယ်…
နောက်ပြီး ကျွန်တော့်ရဲ့ တစ်ကိုယ်ရည်ရှုထောင့်ကနေ ပြောရရင် ရေကူးကန်ကို ကြည့်လိုက်တာနဲ့ ကွန်ကရိကန်တွေရဲ့ ဒီဇိုင်းက Vinyl ကန်တွေထက် အများကြီး ပိုပြီး ဆန်းသစ်တယ်လို့ခံစားရပါတယ်…
ဒါပေမယ့်… Beauty is in the eye of the beholder … ဆိုသလိုပဲ တစ်ယောက်နဲ့ တစ်ယောက်တော့ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်ဗျ…
အားလုံးပဲ မိမိနဲ့ သင့်လျော်ကိုက်ညီတဲ့ ရေကူးကန်လေးတစ်ခု ပိုင်ဆိုင်နိုင်ကြပါစေဗျ…
Hot Line: 01-381608, 01-374848, 09-405777025
# # သင့်ရေကူးကန်အတွက်ဆို အမြဲအသင့်ရှိနေတာ Pool & Spa Myanmar
# # ဆက်သွယ်ရန်လိပ်စာကတော့
Pool & Spa Myanmar Yangon Office & Showroom Address
MWEA Tower # 1-06, 288/290, Shwedagon Pagoda Road, Dagon Township, Yangon
Phone: 01-381608, 01-374848, 09-405777025
Yangon Warehouse Address
No-8/1, Thirimingalar (16) Street, Insein Township, Yangon
E-mail: [email protected]
Website: www.poolandspamyanmar.com
page: Pool & Spa Myanmar
01/10/2020
ဟုတ်ကဲ့…ခုလို ခက်ခဲတဲ့ ကိုဗစ်ကာလမှာတောင် ပုံမှန်ဝယ်ယူအားပေးနေကြတဲ့ ကျွန်တော်တို့ PSM ရဲ့ အမာခံဖောက်သည်များအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်ခင်ဗျာ။ နောက်ထပ် ထပ်မံပြောကြားလိုတာကတော့ ကျွန်တော်တို့အနေနဲ့ လက်ရှိတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးငှာနမှ ထုတ်ပြန်ကြေငြာထားသော အမိန့်အမှတ် -107/2020 အရစက်တင်ဘာလ 21 ရက်နေ့ မှအောက်တိုဘာလ 7 ရက်နေ့အထိ ပုံမှန်ဝန်ဆောင်မှုပေးနေသောရန်ကုန်မြို့တွင်း Free Delivery ၀န်ဆောင်မှုအား ခေတ္တခဏရပ်ဆိုင်းထားပါကြောင်း ပြောကြားလိုပါတယ်ခင်ဗျာ။အစိုးရကြေငြာချက်များအတိုင်း ရုံးများပြန်လည်ဖွင့်ခွင့်ရပါက အရင်လို ၀န်ဆောင်မှုများအား ပုံမှန်အတိုင်းလည်ပတ်သွားမည်ဖြစ်ပါသည်။ ကိုဗစ်ဒုတိယလိုင်းကာလအတွင်း ကျွန်တော်တို့ PSM ဘက်မှ Free Delivery မပို့ပေးနိုင်တဲ့အတွက် ဂိုဒေါင်သို့ ကိုယ်တိုင်လာရောက်၀ယ်ယူအားပေးခဲ့သော Customer များကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ လူကြီးမင်းတို့ အဆင်မပြေမူအတွက် အားလည်းနာရသလို ထပ်မံတောင်းပန်ချင်ပါတယ်ခင်ဗျာ။ အားလုံးပဲ အိမ်မှာပဲနေပြီး ကျန်းမာရေးကို အထူးဂရုစိုက်ကြပါဗျ။
Hot Line: 01-381608, 01-374848, 09-405777025, 09-778959368
# #သင့်ရေကူးကန်အတွက်ဆို အမြဲအသင့်ရှိနေတာ Pool & Spa Myanmar
# # ဆက်သွယ်ရန်လိပ်စာကတော့
Pool & Spa Myanmar Yangon Office & Showroom Address
MWEA Tower # 1-06, 288/290, Shwedagon Pagoda Road, Dagon Township, Yangon
Phone: 01-381608, 01-374848, 09-405777025, 09-778959368
Pool & Spa Myanmar Mandalay Office & Showroom Address
No-(578), 31st St., Bet: 84th x 85th, Chan Aye Tharsan Township, Mandalay
Phone: 09-977182181, 09-897490976
Yangon Warehouse Address
No-8/1, Thirimingalar (16) Street, Insein Township, Yangon
E-mail: [email protected]
Website: www.myanmarpoolspa.com
page: Pool & Spa Myanmar
27/09/2020
ဒီနေ့မှာတော့ ရေကူးကန်အတွက် ရေသန့်စင်တဲ့အခါမှာ အသုံးပြုလေ့ရှိတဲ့ ဆားမှ ကလိုရင်းပြန်လည်ထုတ်ပေးနိုင်သော ဆားစက် (Salt Chlorinator or Salt Sanitizer) နဲ့ပတ်သက်ပြီး မျှဝေပေးချင်ပါတယ်။ Salt Chlorinator ကို အများအားဖြင့် ရေကူးကန် (Swimming Pool)၊ ရေပူကန် (Hot Tub)၊ ရေစိမ်ကန် (whirlpool bath) များမှာ ထည့်သွင်းအသုံးပြုလေ့ရှိကြပါတယ်။ ရေကူးကန်တွင် အများပြည်သူများအတွက် အသုံးပြုသော ရေကူးကန် (Public Pool or Commercial Pool) များထက် နေအိမ်တွင် အသုံးပြုသော ရေကူးကန် (Residential Pool) များတွင် ပိုမိုအသုံးများသည်ကို တွေ့ရှိရပါတယ်။ Salt Chlorinator တွင် Wall mounted control unit နှင့် Salt Cell ဆိုပြီး အပိုင်းနှစ်ပိုင်းပါရှိပါတယ်။ Control Unit တွင် ယေဘူယျအားဖြင့် Display, Salt Level & Timer များထည့်သွင်းထားလေ့ရှိပြီး Salt Cell ဘူးထဲမှာတော့ Ruthenium သို့မဟုတ် Iridium သုတ်ထားတဲ့ Titanium Plates ပြားများပါဝင်ပါတယ်။ ၎င်း Plates ပြားများကိုတော့ ရေတစ်ဆ Hydrochloric Acid or Muriatic Acid ဆယ်ဆအား ရောနှောပြီး ခြောက်လလျှင် တစ်ကြိမ်ခန့် ဆေးကြောသင့်ပါတယ်။ Control Unit မှာတော့ Salt Level ကိုဖော်ပြထားတဲ့အတွက် မိမိရေကူးကန်မှာ ဆားအလုံအလောက်ရှိမရှိကို အလွယ်တကူစစ်ဆေးနိုင်မှာ ဖြစ်ပြီး ပုံမှန်အားဖြင့် Salt Level ကို 3000-5000 PPM ကြားထားလေ့ရှိပါတယ်။ ဆားစက်ရဲ့ လုပ်ဆောင်ပုံကတော့ ဆားမှနေပြီး ကလိုရင်းကို အငွေ့အနေဖြင့် ပြန်လည်ထုတ်လွတ်ပေးခြင်း ဖြစ်ပါတယ်။ အရေးကြီးတဲ့အချက်ကတော့ Salt Chlorinator ကို အစအဦး အသုံးမပြုခင်မှာ မိမိရေကူးကန်မှာရှိတဲ့ PH & Cl Level များကို Ideal Level ဖြစ်အောင် ချိန်ညှိပေးထားဖို့ လိုအပ်ပါတယ်။ Salt Chlorinator နဲ့တွဲဖက်အသုံးပြုရမှာကတော့ ရေကူးကန်သုံးဆား (Pool Salt) ဖြစ်ပြီး တစ်ချို့ရေကူးကန်တွေမှာတော့ အသုံးစရိတ်လျှော့ချတဲ့အနေနဲ့ အိမ်သုံးဆား များကိုလည်း ထည့်သွင်းအသုံးပြုလေ့ရှိကြပါတယ်။ Salt Chlorinator ရဲ့အဓိကအားသာချက်ကတော့ Chlorine ကို လုံးဝနီးပါးထည့်သွင်းစရာမလိုတဲ့အတွက် Chlorine နဲ့ပတ်သက်ပြီး ဓာတ်မတည့်မှုများကို လျော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ဆားကန်ဖြစ်တဲ့အတွက် အရေပြားကျန်းမာရေးအတွက်လည်း အထူးအထောက်အကူပြုစေမှာ ဖြစ်ပါတယ်။ Salt Chlorinator ကို မှာယူအသုံးပြုချင်တယ်ဆိုရင်တော့ PSM မှ သင့်ရေကူးကန်ဆိုဒ်အပေါ်မူတည်ပြီး အသုံးပြုရမည့် Salt Chlorinator ကို တွက်ချက်ပြီး အစအဆုံးတပ်ဆင်ပေးနေပါပြီခင်ဗျာ။
Hot Line: 01-381608, 01-374848, 09-405777025, 09-778959368
# #သင့်ရေကူးကန်အတွက်ဆို အမြဲအသင့်ရှိနေတာ Pool & Spa Myanmar
# # ဆက်သွယ်ရန်လိပ်စာကတော့
Pool & Spa Myanmar Yangon Office & Showroom Address
MWEA Tower # 1-06, 288/290, Shwedagon Pagoda Road, Dagon Township, Yangon
Phone: 01-381608, 01-374848, 09-405777025, 09-778959368
Pool & Spa Myanmar Mandalay Office & Showroom Address
No-(578), 31st St., Bet: 84th x 85th, Chan Aye Tharsan Township, Mandalay
Phone: 09-977182181, 09-897490976
Yangon Warehouse Address
No-8/1, Thirimingalar (16) Street, Insein Township, Yangon
E-mail: [email protected]
Website: www.myanmarpoolspa.com
page: Pool & Spa Myanmar
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
Dagon
11191
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 08:30 - 17:00 |
| Wednesday | 08:30 - 17:00 |
| Thursday | 08:30 - 17:00 |
| Friday | 08:30 - 17:00 |
| Saturday | 08:30 - 12:00 |