Ko Zaw

Ko Zaw

Share

စစ်မှန်သောပစ္စည်းများကိုသာရောင်းပေ?

14/07/2022

You sent...
ာတွေဖြစ်လဲဆိုတော်တော်ခံရတယ်၊ Omicron အစနဲ့ BA.2ထက် သုံးလေးဆပိုထိတယ်၊ အဓိကအနေနဲ့ တစ်ယောက်ကနေ တစ်ယောက်ကူးစက်တာ အရမ်းမြန်တယ်၊ အခုစကားလေးငါးခွန်းပြောလိုက်၊ ချက်ချင်းကူးသွားနိုင်ပြီး နောက်ရက် လက္ခဏာ ဈပေတာ့တာပဲ၊ ပြဿနာက ကလေးတွေကိုပါ ကူးစက်ပြီး ကိုဗစ်လက္ခဏာတွေ ခံစားရတာပဲ..
Day 0 - ကူးစက်ခံရတယ်ဆိုပါတော့..
Day 1 - မွာ ချမ်းစိမ့်ပြီး ကိုယ်လက်တွေ မအီမသာစဖြစ်မယ်၊ ခေါင်းတွေ အုံလာမယ်၊ သိသိသာသာကြီးအားနည်းလာမယ်..
Day 2 - တစ်ဝက်လောက်က စဖျားမယ်၊ ချမ်းတုန်နေမယ်၊ အမ်ားစုက မခံနိုင်လောက်အောင် ခေါင်းစကိုက်မယ်၊ ကိုယ်တွေလက်တွေ ရိုက်ထားသလိုနာမယ်၊ ထိုင်းမှိုင်းနေမယ်၊ အစာမဝင်တော့ဘူး၊ ညဖက်တွေ အိပ်မပျော်တော့ဘူး၊ လည်ပင်းထဲ နေလို့မကောင်းတော့ဘူးတွေ စဖြစ်လာပါမယ်..
Day 3 - လည်ပင်းစနာလာတယ်၊ ရင်ခေါင်းထဲမှာ တစ်ဆို့ကြီး ဖြစ်နေမယ်၊ အဓိက ချွဲတွေစပိတ်လာမယ်၊ အဲဒီအချိန် တချို့မှာ အသက်ရှူကြပ်တဲ့ လက္ခဏာတွေ စပြလာမယ်၊ SpO2 တိုင်းပြီး အောက်စီဂျင် သွေးတွင်းပမာဏကို စောင့်ကြည့်နေရမယ်၊ ညပိုင်းမှာ ဗိုက်အောင့်ဗိုက်ရစ်ဖြစ်ပြီး ဝမ်းစသွားပါ့မယ်..
Day 4 - နှာစစီးလာမယ်၊ နှာရည်ယိုမယ်၊ နှာခေါင်းပိတ်မယ်၊ ခေါင်းပြင်းထန်စွာကိုက်တာနဲ့ ရင်ဘတ်ထဲ နေမသိထိုင်မသာဖြစ်တာနဲ့ တွဲမယ်၊ တချို့လူတွေမှာ chest painလို့ ခေါ်တဲ့ ရင်ဘတ်အောင့်တာပါဖြစ်မယ်၊ ချွဲတွေ ပိုပျစ်ပြီး အရောင်ပြောင်းလာမယ်၊ ညဖက်တွေမှာ ချွေးတွေနစ်နေအောင် ထွက်တတ်တယ်၊ အဆုတ္ကို အအေးထပ်မမိအောင် သတိထားပါ..
Day 5 - နှာခေါင်းထဲ အနံ့အာရုံ၊ ပါးစပ်ထဲက အရသာတွေ ပျောက်သွားမယ်၊ ခါးသက်သက်နဲ့ အစပ်အရသာတွေလောက်ပဲ အီလည်လည်ရမယ်၊ အစာလုံးဝမစားချင်ဘူး၊ မစားရင်လည်း အားပြတ်မယ်၊ ကြိတ်မှိတ်ပြီးစားရသလို အအေးမမိအောင်လည်း နေရတယ်၊ ညပိုင်းမှာ နှာခေါင်းထဲ မီးခိုးနံ့ကြီးပဲ ကျန်ခဲ့မယ်၊ ဆားရည်နဲ့ နှာခေါင်းတွင်းကို ဆေးပေးရမယ်..
Day 6 - တော်ရုံခုခံအားရှိသူတွေက ဒီနေ့မှာ စသက်သာလာမယ်၊ တချို့တွေမှာ PCR Negative ပြန်ပြနိုင်ပေးမဲ့ အစားမစားနိုင်သူ ကိုယ်ခံအားနည်းသူတွေအတွက် ဆက်တိုက်ပွဲဝင်ရပါဦးမယ်၊ ချွဲကြပ်တဲ့ဒဏ်နဲ့အတူ အအေးမိပြီး အဆုတ်ထပ်မရောင်အောင် ဂရုစိုက်ပေးမှ စိတ်ချရပါ့မယ်..
Day 7 - ရောက်တာကိုမှ အပေါ်ကလက္ခဏာတွေ ဆိုးဆိုးဝါးဝါးဆက်ခံစားနေရသေးရင် သို့ Swab test Positive ပြနေသေးရင် သို့ အောက်စီဂျင် စကျလာရင်တော့ နီးစပ်ရာ ဆရာဝန်၊ ဆေးရုံဆေးခန်းမှ လိုအပ်သည့် အကူအညီ အမြန်ဆုံးရယူဖို့လိုပါတယ်၊ Omicronအစကလို မပေါ့ကြပါနဲ့..
တစ်ယောက်တစ်လေမဟုတ်ပဲ လက်ရှိကိုဗစ်ကူးစက်ခံရသည့် လူနာတော်တော်များများမှာ အထက်ပါလက္ခဏာအများစုကို ပြင်းပြင်းထန်ထန်ခံစားရပါတယ်..
ုပ်ပြီးအိမ်မှာပဲနေမည့်လူအများစု
လိုအပ်မည့်ဆေးတွေကတော့
Paracetamol လိုမျိုးအဖျားကျဆေး၊
Ibuprofenလိုမျိုး အကိုက်အခဲပျောက်ဆေး၊
Acetylcysteine - ACCလိုမျိုး ချွဲပျော်ဆေး၊
ဝမ်းလျောဝမ်းပျက်တာနဲ့ စသောက်ဖို့ Probiotics၊
Vit C , D, Zinc အစရှိတာတွေနဲ့အတူ အရေးကြီးဆုံးက
ORS ခေါ် လူကြီးတိုင်း ကလေးတိုင်းအတွက်ဓါတ်ဆားပါပဲ၊ သောက်ချင်ချင် မသောက်ချင်ချင် တစ်ရက်ကို 1 to 2 Liter လောက် သောက်လိုက်ပါ၊ ဒီလိုအိမ်မှာ ဆောင်ထားလို့ရသည့် တော်ရုံဆေးတွေနဲ့ မသက်သာရင်တော့ ဆေးခန်းပြပါခင်ဗျာ
ဆီးချိုသမားတွေ အချိုဓါတ် နေ့စဉ်စစ်ကြည့်သင့်သလို သွေးတိုးနှလုံးသမားတွေက သွေးတိုင်းနှလုံးခုန်သတိထားသင့်ပါတယ်၊ တစ်ယောက်နဲ့ တစ်ယောက် ကူးစက်ဖြစ်ပျက်ပုံချင်း မတူညီနိုင်သည့်အတွက် အိမ်မှာနေရင်း မိမိအခြေအနေကို အားမရဘူးဆို ဆရာဝန်တစ်ယောက်ယောက်နဲ့ အမြန်ဆုံးတိုင်ပင်ပြီး ကျန်းမာရေးအကြံဉာဏ် အကူအညီရယူတာကေတာ့ စိတ္ခ်ရဆုံး အကောင်းဆုံးပါပဲလို့ နှိုးဆော်ပါရစေ..
and respect to bro
Dr. Hadee Maung July 2022

29/06/2022

အားလုံး မင်္ဂလာပါ ကျွန်တော် ဒီနေ့ဖော်ပြပေးမယ့်အကြောင်းအရာ ကေတာ့ ' Grounding (or) Earthing
( ကမ္ဘာမြေကြီးနှင့်ခန္ဓာကိုယ်ထိတွေ့ခြင်း ကြောင့်ရရှိ
လာသော ကျန်းမာရေး အကျိုးကျေးဇူး မ်ား အကြောင်း)
ပဲဖြစ်ပါတယ်
ကျွန်တော်တို့ နေ့စဉ် ထိတွေ့နေရတဲ့ ကမ္ဘာမြေကြီးကနေ ကျန်းမာရေး အကျိုးကျေးဇူးတွေရရှိနိုင်တယ်ဆိုတာ သိကြပါသလား?
ကမ္ဘာမြေကြီး ( Ground ) နှင့် ခန္ဓာကိုယ် အစိတိတစ်ခုခုဖြင့် ထိခြင်းကို Grounding (သို့မဟုတ်)
Earthing လို့ ခေါ်ပါတယ်
Grounding (or) Earthing ပြုလုပ်ခြင်းဖြင့်
ခန္ဓာကိုယ်ရောင်ရမ်းမှုများလျော့ကျလာခြင်း
( Anti- inflammatory effects)
နာကျင်မှုများလျော့ကျလာခြင်း
စိတ်ဖိစီးမှာလျော့ကျစေနိုင်ခြင်း
သွေးလည်ပတ်မှု အားကောင်းစေခြင်း
ခန္ဓာကိုယ်စွမ်းအင် ရရှိခြင်း
နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်ခြင်း
ခုခံအားတက်စေနိုင်ခြင်း
စသည့်အကျိုးကျေးဇူးများရရှိနိုင်ပါတယ်
ကမ္ဘာမြေကြီး တွင် သဘာဝ ဓါတ်စွမ်းအားများစွာ
ရှိပါတယ် ၊ ကမ္ဘာမြေကြီးနှင့် ခန္ဓာကိုယ်ထိ
တွေ့လိုက်တဲ့ အခါ ထို သဘာဝ ဓါတ်စွမ်းအားများဟာ
ခန္ဓာကိုယ်တွင်းရှိ ဆဲလ်များအတွင်းသို့ ဝင်ကာ
ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိစေနိုင်
ပါတယ်
ကျွန်တော်တို့ ခန္ဓာကိုယ်တွင် free radicles လို့ခေါ်တဲ့
မော်လီကျုးတွေဟာ အများအပြားထွက်ရှိပါတယ်
ထို free radicals တွေဟာ
အဖိုဓါတ် ( postive charge) ရှိတဲ့အတွက်ခန္ဓာကိုယ်ရှိ
ဆဲလ္မ်ားဆီမွ electrons လို့ခေါ်တဲ့
အမဓါတ် ( Negative charge) ရှိသော မော်လီကျူး
တွေကို ဆွဲယူပါတယ်
ဒါကြောင့် elcetrons ဆွဲယူခြင်း ခံရေသာ
ဆဲလ္မ်ားဟာ ရောင်ရမ်းပျက်ဆီးခြင်း
ဖြစ်သွားကြပါတယ်
ကမ္ဘာမြေကြီးနှင့် ခန္ဓာကိုယ်ထိလိုက်တဲ့အခါ ကမ္ဘာမြေကြီးမှ electrons မ်ားစြာကို ခန္ဓာကိုယ်အတွင်းပို့ဆောင်ပေးပါတယ် ၊ ဒီ elcetrons တွေဟာ ဒုက္ခပေးသောfree radicals မ်ားကို ဖျက်ဆီးပေးပါတယ်
ဒါကြောင့် ခန္ဓာကိုယ်ရှိ ဆဲလ္မ်ား ရောင်ရမ်းခြင်း နည်းပါးသွားရခြင်းဖြစ်ပါတယ်
ကျွန်တော်တို့ ခန္ဓာကိုယ်ရှိ သွေးနီဥများမျက်နှာပြင်တွင် အမဓါတ်ရှိသော molecules မ်ား (Negative charge)
ဖြင့်ဖွဲ့စည်းထားပါတယ်
သွေးနီဥများ တစ်ခုနှင့်တစ်ခု သည် အမဓါတ် မော်လီကျူးများရှိခြင်းကြောင့် ဆဲလ် တစ်ခုခုနှင့်တစ်ခု
တွန်းကန်ကာ သွေးကြောအတွင်း သွေးမပြစ်အောင်ထိန်းထားပေးပါတယ်
ထိုတွန်းကန်အား (repulsive force) ကို zeta poetntial လို့ ခေါ်ပါတယ်
ကမ္ဘာမြေကြီးမှ zeta potential ကို သွေးနီဥ များမှရရှိနိုင်ခြင်းကြောင့် ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကို
ကောင်းစေနိုင်ပါတယ်
နှလုံးရောဂါဖြစ်ပွားမှုကို လျော့နည်းစေနိုင်ပါတယ်
ဒီလိုကျန်းမာရေးအကျိုးကျေးဇူးရရှိအောင် မိမိ၏ ခန္ဓာကိုယ်ကို မြေကြီးနှင့် ထိတွေ့ပေးရပါမယ်
ဥပမာ - ဖိနပ် မပါပဲ မြေကြီးပေါ် လှမ်းလျောက်ခြင်း
- မျက်ခင်းပြင်များတွင် လှဲလှောင်းခြင်း
-မြေကြီးဖြင့် ပြုလုပ်ထားသော
အသုံးအဆောင်များ ကိုင်တွယ်ခြင်း
- ကေလးမ်ားအား မြေကြီးပေါ်တွင် ဆော့ကစား
စေခြင်း
- မြေဖြင့် ပြုလုပ်ထားသော ကစားစရာများဖြင့်
ဆော့စေခြင်း စသည်နည်းလမ်းများသည်
ကမ္ဘာမြေကြီးနှင့် ခန္ဓာကိုယ်ထိစပ်နိုင်သော
နည်းလမ်းများဖြစ်ပါတယ်
..
မှတ်ချက်။ ကျန်းမာရေး ဗဟုသုတ အဖြင့်သာ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆေးပညာအရ ပိုမိုတိကျသော အချက်များ ရှိနိုင်ပါသည်။
မေတ္တာဖြင့်
ဒေါက်တာအောင်သူထွန်း
4.1.2021
Independence Day

08/06/2022

" Heart Attack " ဖြစ်ခြင်းကို စက္ကန့်ပိုင်းအတွင်းကာကွယ်ဖို.
"""""""""""""""""""""""""""""""""""""""""""""""""""""""""""""
ရုတ်တရက် နှလုံးသွေးကြောပိတ်ဆို့ခြင်းကြောင့်ဖြစ်တဲ့
သေစေနိုင်သော အခြေအနေကနေ
ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်ဖို့ပါ။
💔 နှလုံးသွေးကြောကျဉ်းရောဂါ ရှိသူတွေ
အထူးသတိထားဖတ်မှတ်ထားဖို့လိုပါတယ်....
(၁။) အခုအချိန်က သင် အလုပ်မှာ အရမ်းပင်ပန်းလာပြီး အိမ်ကို တယောက်တည်း ပြန်လာတဲ့ ညဘက် ခုနစ်နာရီခွဲလောက်လို့ ဆိုကြပါစို့။
(၂။) သင်ဟာ တကယ်ပဲ မောပန်းနွမ်းလျ နေမှာပေါ့။
(၃။) ရုတ်တရက် သင့်ရဲ့ ဘယ်ဘက်ရင်အုံမှာ စူးပြီးနာလာမယ်။ အဲ့လို နာနေတာကနေ သင့်ရဲ့ လက်မောင်း နဲ့ မေးရိုးတွေပါ နာသလို အောင့်သလို ဖြစ်လာမယ်။ အခြေအနေက ရုတ်တရက် ပိုဆိုးလာမယ်။ သင့်အိမ်နဲ့ အနီးဆုံး ဆေးရုံကလည်း သုံးမိုင်လောက် ဝေးနေတယ်။
(၄။) ကံမကောင်းစွာပဲ သင် ဆေးရုံကို ရောက်အောင် သွားနိုင်မလားဆိုတာ မသေချာဘူး ဖြစ်နေတယ်။
(၅။) သင်ဟာ အရေးပေါ်အသက်ကယ်ကုသနည်း (CPR) ကို သင်ဖူးပေမယ့် သင့်ကိုယ်သင် ဘယ်လိုပြန်ကယ်မလဲ။
(၆။) တယောက်တည်းရှိနေချိန် ရုတ်တရက် နှလုံးသွေးကြောပိတ်ဆို့ခြင်း (Heart attack) ဖြစ်နေတော့ ဘယ်လိုလုပ်ရမလဲ။ နှလုံးခုန်နှုန်းကလည်း ပုံမမှန် လူကလည်း သတိလစ်ဖို့ တစ်ဆယ်စက္ကန့်လောက်ပဲ လိုတော့တယ် ဆိုကြပါစို့။
(၇။) အဲ့လို ခံစားနေရရင် ပြင်းပြင်းထန်ထန် ထပ်ကာထပ်ကာ ချောင်းဆိုးခြင်းဖြင့် သင့်ကိုယ်သင် ကယ်တင်နိုင်ပါတယ်။ ချောင်းတခါ မဆိုးခင်တိုင်း အသက်ဝဝရှူပါ။ ချောင်းဆိုးရင်လည်း သလိပ်ထွက်အောင် ဆိုးနေရသလို ကြာကြာဆိုးပါ။ နှစ်စက္ကန့် တကြိမ်စီ အသက်ဝဝရှူလိုက် ချောင်းဆိုးလိုက် လုပ်နေပါ။ နှလုံးခုန်တာ ပုံမှန်ပြန်ဖြစ်တဲ့အထိ ၊သို့မဟုတ် ကူညီမယ့်လူရောက်တဲ့အထိ ဆက်လက်လုပ်ဆောင်ပါ။
(၈။) အသက်ဝဝရှူတာက အဆုတ်ကို အောက်ဆီဂျင်များများရစေပါတယ်။ ချောင်းဆိုးတာက နှလုံးကို ညှစ်ပေးပြီး သွေးလည်ပတ်မှုကို ဆက်ထိန်းပေးရုံသာမက နှလုံးခုန်နှုန်းပြန်မှန်အောင် လုပ်ပေးပါတယ်။ ဒီနည်းနဲ့ Heart attack ရနေသူတွေ ရုတ်တရက် မသေဆုံးပဲ ဆေးရုံကိုရောက်အောင် ကူညီနိုင်ပါတယ်။
(၉။) သင် တတ်နိုင်သလောက် လူများများကို ပြောပြပေးပါ။ သူတို့အသက်ကို ကယ်တင်ရာရောက်ပါတယ်။
Credit မှတ်စုကြမ်း ၁၈

17/05/2022

အစစ်/ အတု

Want your business to be the top-listed Health & Beauty Business in Dagon?
Click here to claim your Sponsored Listing.

Category

Telephone

Address


NO, 99 Yaw Min Gyi Road
Dagon
11191