The Bro

The Bro

Share

You can get happiness,wonderful things and watch reaction videos and game streaming. Warmly welcome.

Photos from The Bro's post 26/09/2020

ဟိုတလောက အမ တစ်ယောက် Share ထားတဲ့ Be My Eyes ဆိုတဲ့ Application လေးအကြောင်းကိုဖတ်လိုက်ရပြီး
အဲ့ဒီ App ကိုချက်ချင်း Download ပြီး Volunteer ဝင်ခဲ့တယ်..

ဒီနေ့တော့ သည်းဆီကို ပထမဆုံးအနေနဲ့ ဝင်လာတဲ့ဖုန်း Call က သူ့ဖုန်း SIM Card ပျောက်နေလို့ ကူရှာပေးပါတဲ့...
အမျိုးသားပါ.
သည်းက ဂျပန်/ဗမာ / Eng ကို ရွေးထားတာမို့ ဂျပန်ဘာသာစကားနဲ့ အကူအညီတောင်းလာတာပါ..

၃ မိနစ်လောက် ဘယ်ဖက် ညာဖက် ပြခိုင်းရင်း ရှာကူပေးလိုက်ရတယ်..

တွေ့လဲတွေ့သွားရော သူလဲ ပျော်
ကိုယ့်မှာလဲ ပီတိဖြစ်ပြီး ကျန်ခဲ့တယ်... 🥰🥰

ကုသိုလ်ကောင်းမှုဆိုတာ ယူတတ်ဖို့ပဲ လိုတာပါ 💞

----

ကိုယ်က ကူညီချင်တဲ့သူဆိုရင်

အောက်က Volunteer ဆိုတာကို ရွေးရမှာပါရှင့်

အပေါ်တခုက မျက်မမြင်တွေ(အကူအညီလိုအပ်နေသူတွေ) အတွက်ပါ

အပေါ်တစ်ခုကို ရွေးပြီးတော့ ဖုန်းတွေ လျှောက်ခေါ် လျှောက်စမ်းတာမျိုးမလုပ်ကြပါနဲ့နော်

တကယ် အကူအညိီ လိုအပ်နေသူတွေအတွက် ရော ကူညီချင်တဲ့ Volunteer တွေ အတွက်ရော စိတ် ကသိကအောင့် ဖြစ်စေမှာပါရှင်...

(အပေါ်တခုကို မှားပြီး ရွေးမိသူတွေက Log Out လုပ်ပြီး Gmail အသစ် သို့မဟုတ် Fb အသစ်နဲ့ အကောင့်အသစ် ပြန်လုပ်မှ ရပါမယ်ရှင် )

အမြင်အာရုံ ချို့တဲ့သူတွေအတွက်မို့
Video Call ပဲ ဝင်လာပါတယ်ရှင့်

(ဖုန်းအင်တာနက် Data ကို ဖွင့်ထားမှ ဝင်မှာပါ
ပိတ်ထားချိန်ဆို ဝင်လာမှာမဟုတ်ပါဘူးရှင့်)

👇🏻👇🏻 Credit : Thet Mar

"Be My Eyes ဆိုတာ ဘာလဲ "

တစ်ကမ္ဘာလုံးမှာရှိနေတဲ့ မျက်မမြင်၊ မျက်မမြင်လုနီးပါးဖြစ်နေတဲ့ ဒီ App လေးသုံးစွဲသူ ၂သိန်းကျော်ကို ပုံစံအမျိုးမျိုးနဲ့ ကူညီပေးရတာပါ။

ကူညီပေးတယ်ဆိုတဲ့နေရာမှာလည်း အချိန်အများကြီးပေးစရာမလိုဘဲ၊ ဖုန်းလေးကိုင်ပြီး ကူညီပေးလိုက်ရုံပါပဲ။ သူတို့အကူအညီလိုတဲ့အချိန်လေးမှာ သူတို့ video call ခေါ်ပါတယ်။ ကိုယ်အဆင်ပြေလို့ ကူညီဖို့ ကိုင်ပေးလို့ရသလို၊ ကူညီဖို့အဆင်မပြေတဲ့အချိန်ဖြစ်နေရင်လည်း၊ မကိုင်ဘဲထားလိုက်ရင် တခြား volunteer က ကိုင်ပြီး ကူညီပေးသွားပါတယ်။
( သူတို့ကဘယ်သူရယ်လို့ လှမ်းအကူအညီတောင်းတာမဟုတ်ပါဘူး။ ကူညီပေးမယ့်သူအားလုံးဆီ ဖုန်းဝင်တာပါ။ )

ကမ္ဘာတဝှမ်းက သုံးနေတာဖြစ်တဲ့အတွက် ဘာသာစကားမျိုးစုံနဲ့ အကူအညီတောင်းနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်အဆင်ပြေတဲ့ ဘာသာစကားကို ရွေးပြီးကူညီပေးလို့ရပါတယ်။ ကိုယ်က အဖွဲ့ဝင်တဲ့အချိန် ဗမာကို ရွေးထားရင် အကူအညီက မြန်မာကပဲ လာပါတယ်။
သူတို့အကူအညီတောင်းတာတွေကလည်း ၅မိနစ်တောင်မကြာတဲ့ အကူအညီမျိုးတွေပဲ တောင်းပါတယ်။

ကိုယ်ကြုံဖူးတာလေးတွေက ချစ်စရာလေးတွေ...

ပထမဆုံးကြုံရတဲ့ call က -
" Church ကျောင်းသွားမှာမို့ သနပ်ခါးတွေလိမ်းထားတာ အဆင်ပြေရဲ့လားကြည့်ပေးပါ" တဲ့။ အမျိုးသားပါ။ "မေးစေ့နားလေးမှာ နည်းနည်းထူနေတယ်။ လက်လေးနဲ့ပွတ်လိုက်။" " ရပြီ၊ ရပြီ " "လည်ပင်းလည်း လိမ်းလိုက်ပါလား" စသဖြင့် စိတ်ဝင်တစားကူညီပေးတော့ သေချာကူညီနေမှန်း သူသိသွားတယ်ထင်ပါတယ်။ "ကျွန်တော့်ကို အဝတ်အစားလေးပါရွေးပေးပါလား၊ သူများရှေ့သွားရမှာမို့ သပ်သပ်ရပ်ရပ်လေးဖြစ်ချင်လို့ပါ" တဲ့။ ကိုယ်စိတ်ရှည်၊လက်ရှည်ရွေးပေးတဲ့ အဝတ်အစားနဲ့ သူသွားမယ်ပြောပါတယ်။ သူအကူအညီတောင်းတဲ့သူက မငြိုမငြင်၊ စိတ်ရှည်လက်ရှည်ကူညီပေးတော့ သူဝမ်းသာနေသလို၊ ကိုယ်လည်း ကူညီခွင့်ရလို့၊ ဝမ်းသာလွန်းလို့ မျက်ရည်တောင်လည်ပါတယ်။
အခုဆို member တွေများလာလို့ ကိုယ် အဖွဲ့ဝင်ထားတဲ့ တနှစ်လောက်မှာ 10 Calls လောက်ပဲ ကိုင်ရတော့တယ်။ call တွေ ဝင်ပေမယ့် တခြားကိုယ့်ထက်အရင်ကူညီပေးနိုင်တဲ့သူတွေက ကိုင်ကိုင်ပေးသွားလို့ပါ။

တလောလေးကဆို တယောက်ဆက်တာ ရယ်ရပါတယ်။ camera ကို သူ့ဘက်မလှည့်ပဲ တခြားဘက်လှည့်ပြီး မြေကြီးပေါ်ကို ဖုန်းလှည့်ထားလို့ "ဘာကူညီပေးရမလဲရှင်" ဆိုတော့ "ကျွန်တော့ဖိနပ်တဘက်ပျောက်သွားလို့ ကူရှာပေးပါဦး" တဲ့။ 😅 သနားပါတယ်။ အဲဒါနဲ့ ၂ယောက်သားဖိနပ်တဘက်ပျောက်နေတာကို ရှာရတော့တာပေါ့။ "Camera ဟိုဘက်နည်းနည်းတိုးပေးပါဦး။ ညာဘက်ထင်တယ်" နဲ့။ အဲ့နားမှာတင်လည်နေတာ။ ခဏနေမှ တွေ့သွားပါတယ်။ သူ့ဖိနပ်က လန်နေတော့ မြေကြီးအရောင်နဲ့ရောပြီး ၂ယောက်သားချွေးပြန်အောင် ရှာနေရတာ။ 😅

ဒီလို အလွန်ဆုံးမှ ၂မိနစ်လောက်ပဲကြာတဲ့ အကူအညီလေးတွေဟာ ကိုယ်တွေအတွက် ဘာာာာမှကို အရေးမကြီးပေမယ့် သူတို့အတွက်တော့ တကယ်လိုနေတဲ့အကူအညီတွေပါ။ သူတို့ ကိုယ့်အကူအညီရသွားလို့ ကျေးဇူးတင်ပါတယ်နော်ဆိုပြီး ထပ်ကာ၊ ထပ်ကာပြောနေတဲ့ကျေးဇူးတင်စကားဟာ တကယ်ကိုပီတိဖြစ်ရတာပါ။
သူတို့ကို ကူညီပေးပြီး ဖုန်းချပြီးရင် ကိုယ်လည်းပျော်ပြီးကျန်ခဲ့တာ။ ငါ တကယ်အကူအညီလိုနေတဲ့သူကို ကူညီပေးလိုက်ရတယ် ဆိုပြီးပေါ့။
ဒီအတိုင်းနေရင်းကို ကုသိုလ်လေးလည်းလုပ်ဖြစ်သွားတာပါ။

ကူညီရတာဝါသနာပါရင် ဒီအောက်က link လေးကိုသွား၊ iPhone/ Android ရွေးပြီး App လေး down လိုက်ရုံပါပဲနော်။

https://www.bemyeyes.com/download

Esports ကစားသမားနဲ့ ဂိမ်မာတွေရဲ့ လွဲမှားနေတဲ့ နေထိုင်စားသောက်မှုစနစ် - Gaming Noodle 22/09/2020

http://www.gamingnoodle.com/esports-players-and-gamers-unhealthy-lifestyle/

Esports ကစားသမားနဲ့ ဂိမ်မာတွေရဲ့ လွဲမှားနေတဲ့ နေထိုင်စားသောက်မှုစနစ် - Gaming Noodle Esports ကစားသမားနဲ့ ဂိမ်မာတွေရဲ့ လွဲမှားနေတဲ့ နေထိုင်စားသောက်မှုစနစ် Esports ကစားသမားများဟာ သမားရိုးကျအားကစားသမား....

28/08/2020

လွန်ခဲ့တဲ့ ဆယ်နှစ်က Gamer ဆိုတာ ဘယ်လိုလဲ သိအောင် ခုခေတ်ချာတိတ်တွေကို နည်းနည်းပြောပြမယ်

၂၄ နာရီ ဖွင့်တဲ့ ဂိမ်းဆိုင်ဆိုတာ မရှိဘူး မနက် ၈ ည ၁၀ အလွန်ဆုံးပေါ့ ပိတ်ရက်လို လူများနိုင်တဲ့ အချိန်ဆို မနက် အစောကြီး ဂိမ်းဆိုင်ရှေ့မှာဖွင့်မယ့်အချိန် စက်မရမှာစိုးလို့သွားထိုင်စောင့်ခဲ့ဖူးတယ် ဆိုင်ရှင်နဲ့ သိရင်တံခါးပါ ခေါက်ပြီးဖွင့်ခိုင်းတယ် (ဆက်စရာဖုန်းမှ မရှိခဲ့တာ) 😜
ဂိမ်းဆိုင်တိုင်းမှာ CounterStrike နဲ့ Dota ပင်တိုင် ကစားသမား (လက်ရွေးစင်ပေါ့) တွေရှိတယ် 😎
အာ့ဒီ ပင်တိုင် ကစားသမားတွေက ဖုန်းဆက်ခေါ်စရာမလိုဘူး ကျောင်းပြီး အလုပ်ပြီးချိန် ဆို ဂိမ်းဆိုင်မှာ အမြဲရှိတယ် 🧐
ပိုက်ဆံကြေးဆော့ချင်ဘီဆို ခုခေတ်လို တနေရာနဲ့ တနေရာ Lobby ထောင်ဆော့လို့ မရပါဘူး တခြားဂိမ်းဆိုင်သွားပြီး လိုက်ဆော့ရပါတယ် အာ့မှာ ဂိမ်းဆိုင် တွေ ရဲ့ ပင်တိုင် ကစားသမားတွေ ချင်းချင်း ဆော့ကြပါတယ်
တခါတလေ စက် မလောက်ရင် ဆော့နေတဲ့ ကလေးတွေက ကိုယ့်အသိနဲ့ကိုယ် ပွဲပီးရင် ဖယ်ပေးပါတယ် 😤
ရပ်ကွက်တိုင်းမှာ ဂိမ်းဆိုင် တဆိုင် လောက်ဘဲ ရှိပြီး အာ့ ဂိမ်းဆိုင်ရဲ့ အကြမ်း ဆုံး player ငါးယောက်က သူ့အလိုလို ရွေးထုတ်ခံထားပြီးသားပါ 😎
အရည်အချင်းက ခုလို MMR နဲ့ မသတ်မှတ်ဘူး မင်းကြမ်းရင် ကြမ်းတယ်ဆိုတာ လူတိုင်းသိတယ် ဟိုဂိမ်းဆိုင်က ဘယ်ကောင်က ဘာကြမ်းတာ က အစ သတင်းတွေ ထွက်နေတာ
အာ့ခေတ်က Zero ဆိုတာကျနော့် Idol
တခြား Kalay တို့ LuYokeMarတို့ ဆို အားလုံးရှိန်နေကြတာ Double Damage , G7 ဆိုတဲ့ Top Team တွေ ရှိခဲ့တယ်ဗျ😟

အာ့ခေတ်တုန်းက ဆော့တတ်ချင်ရင် Pro တွေ ဆော့တဲ့နောက်ကနေ နာရီနဲ့ချီ ကြည့်ခဲ့တယ် ဂိမ်းဆော့ဖို့ မဟုတ်လဲဂိမ်းဆိုင်ကိုလာပြီး သူများဆော့တာကြည့် လေ လာပေါတယ်
Lobby တခုထောင်လိုက်ဘီဆို အလု အရက်ဝင်ဆော့ နောက်ပွဲ ကျလူများနေရင် နောက်ဆုံး နစ်ယောက်ကို Kick ဘာညာပေါ့🤪
Sprd Spsd ဆော့ကြတယ် Bro တို့ရော?
ခုခေတ်လို စောက်ထာကြီးတွေနဲ့မဟုတ်ဘူးဗျ
ဂိမ်းဆိုင်ကို သစ္စာရှိရှိ တလလောက်သာလာဆော့လိုက် အကုန်လုံးနဲ့ သိပြီး Second Family ကြီးတခု ဖစ်သွားရော 🥰
ဂိမ်းဆိုင်လာတာ ဆော့ဖို့တခုဘဲ မဟုတ်ပါဘူး သူငယ်ချင်းတွေ နဲ့လာတွေ့ဖို့လဲ ပါပါတယ် ခုခေတ်လို ဖုန်းဆက်ခေါ်မရတော့ ဒီချိန် ဘယ်ကောင်ဘယ်ဂိမ်းဆိုင်မှာဆိုတာ အလိုလို သိနေတတ်ပါတယ်😋
ဂိမ်းဆိုင်က အိမ်ဖြစ်လာတဲ့အခါ ညဘက်တွေ ဆို မပြန်ချင်လာတော့ဘူး ကျောင်းတွေ ပြေးလာတယ် အမြဲ အာ့မှာဘဲ နေချင်လာတော့ အိမ်က အမေတွေ တုတ်နဲ့လိုက်လာတဲ့ရက်တွေက နေ့တိုင်းနီးပါးကြုံရတတ်ပါတယ်😂
Gamer အစစ်ဆို တနေကုန် ခေါက်ဆွဲပြုတ်နဲ့ နေနိုင်ပါတယ် ခုခေတ်ဂိမ်းဆိုင်တွေလို ထမင်းရတာ တော်တော် ရှားပါတယ် 😕
အာ့လို Gaming Life လေးက ခုခေတ်မှာ မရနိုင်တော့ဘူးဗျ အကုန်လုံးနီးပါးက Game Shopလာဘီဆို ကိုယ့်စက်နဲ့ ကိုယ် Item နဲ့ MMr တွေ Focus ထား ကိုယ့်ဟာကိုယ်ဆော့ ပြန်
အရင်ကလို ပျော်စရာကောင်းတဲ့ Game Family မရှိတော့ဘူး 😟
Dota 2 တွေ Csgo တွေ WOW ဘာညာ ဂိမ်းတွေ အများကြီးမရှိရင်နေပါ
Dota 1 နဲ့ Csလေး အပိုအလို General လေး နဲ့ ဂိမ်းဆိုင် တခုမှာ စည်ကားနေတဲ့ အချိန်ကို ပြန်သွားချင်တယ် ဗျာ 😭
ခုခေတ်ကလေးတွေ ကြားရင် ဒါတွေက ပုံပြင်လိုလို ဒဏ္ဍာရီလိုလိုပေါ့ ဒါပေမယ့် တကယ်ရှိခဲ့တာပေါ့ဗျာ လို့ ပြန်ပြောရင်း လွန်ခဲ့တဲ့ ဆယ်စုနစ်တခုက Gamer Life ကို ပြန်တမ်းတရင်း...............😢

#အကိုတို့သိခဲ့တဲ့Lifeလေးတွေလဲမျှကြပါဦး

21/08/2020

ဒီ website တွေကို ဝင်ဖူးလား ပြော

အထူးအဆန်းတွေ လေ့လာချင်ရင် အဆုံးထိ ဖတ်သင့်ပါတယ်ဗျ။

1.
ပထမဆုံး
http://endless.horse

ဒီwebsite မှာ အဆုံးမရှိ တဲ့ မြင်း ကိုမြင်ရမှာပါ ။ ဆွဲလေ ကြီးလေ မဆုံးနိုင်တဲ့ မြင်း ပါ။

2.

http://www.planecrashinfo.com

ဒီမှာတော့ 1950 ကနေ ဒီကနေ့အထိ လေယာဉ်ပျက်ကျတဲ့ စားရင်းတွေ ဒီလေယဉ်နှင့် ဆိုင်တဲ့ အချက်အလက်တွေ အပြင် mp3 အသံတွေ နာမည်ကြီးတဲ့လူ‌တွေ ကို စားရင်းပြုစုပေးထားတဲ့ website ပါ။ UI ကတော့ နည်းနည်းမကောင်းပင်မယ့် လေ့လာလို့ကောင်းပါတယ်။

3.
https://www.zoomquilt.org/

ဒီ website မှာ မပြီးဆုံးနိုင်တဲ့ zoom ကြီးကို မြင်ရမှာဖြစ်ပါတယ်။ခရီးတစ်ခုထွက်သလိုပဲ တစ်နေကုန်ထိုင်ကြည့်ရင် feel ဗျ။

4.
http://www.nooooooooooooooo.com/

တစ်ခုခု စိတ်ထွက်ပေါက်အရ Noooooo လို အော်ချင်ရင် အဲ့ website ကိုသွားပါ။

5.

https://pointerpointer.com/

ဒီ website မှာ ကိုယ်လက်ထောက်တဲ့နေရာကို point ပေးမယ့် ပုံတွေ ထွက်လာပါတယ်။ လက်ထောက်တဲ့နေရာ ပုံ‌ထဲကထောက်ပါတယ်။

6.

https://www.flightradar24.com/

လေယဉ်ပျံတွေ ကို realtime ဘယ်နားရောက်နေလဲ ဆိုတာကို ဒီ website ကနေ မြင်ရပါတယ်။ တစ်ယောက်ယောက်ပြန်လာမှာကို မျှော်နေတာတို့ လေယဉ်ကို realtime track ချင်ရင် အသုံးဝင်ပါတယ်။

7. လွန်ခဲ့တဲ့ 3 နှစ်လောက်က ကျွန်တော်တို့အင်တာနက် သုံးရင် အဝိုင်းလည်တာကို တဖန်ပြန် ခံစားချင်ရင်

http://www.patience-is-a-virtue.org/

ကိုဝင်ပါ။ စိတ်ရှည်လက်ရှည် အဝိုင်းလည်တာကို စောင့်ပါ။ ရပ်သွားရင် admin ရဲ့ ပုံချောလေ ပေါ်လာလိမ့်မယ်။

8. အင်တာနက်ကြီး ရပ်တန့်သွားတဲ့ အခါ ပေါ်လာမယ့် စာသားကို မြင်ချင်ရင်

http://www.wwwdotcom.com/

သို့ဝင်ပါ။

9. သင် ပျင်းနေတယ် ဆိုရင်

https://theuselessweb.site/

ကိုဝင်ပြီး ပျော်လို့ရပါတယ်။

10. Myanmar no တွေကို Msg free ပို့ချင်ရင် အခြားနိုင်ငံကို free ဖုန်းခေါ်မယ်ဆိုရင်
https://globfone.com/
ကိုသွားပြီး စမ်းလို့ရပါတယ်။

ဒီ နေ့အတွက် ဖတ်ရ ကျိုးနပ်မယ်လို့ ယုံကြည့်ပါတယ်။ Sharing is Caring ❣️

16/08/2020

ကိုယ်တေလည်း အဲ့လို stream လိုက်ရမလား 🤣😂 sleeping stream

Want your business to be the top-listed Media Company in Dagon?
Click here to claim your Sponsored Listing.

Category

Address


Dagon