Ko Zaw

Ko Zaw

Share

စစ်မှန်သောပစ္စည်းများကိုသာရောင်းပေ?

03/09/2022

ပစ္စည်းတွေ ဈေးတက်လို့ မဖြစ်မနေဈေးတက်ရောင်းရတဲ့အခါ စိတ်အညစ်ဆုံးက customer မဟုတ်ပဲ ဈေးရောင်းတဲ့သူပါဗျာ....
ဈေးတက်လို့ အမြတ်ဆိုတာပိုများသွားမယ်မထင်လိုက်ပါနဲ့ customer တွေအဆင်ပြေအောင် ကိုယ့်အမြတ်ထဲကပဲဖဲ့ဖဲ့ပေးပြီးဈေးထိန်းပေးရလို့ ကိုယ့်အတွက်အမြတ်ဆိုတာ မကျန်တော့သလောက်ဆိုတာကိုသိစေချင်မိပါတယ်...

29/06/2022

အားလုံး မင်္ဂလာပါ ကျွန်တော် ဒီနေ့ဖော်ပြပေးမယ့်အကြောင်းအရာ ကေတာ့ ' Grounding (or) Earthing
( ကမ္ဘာမြေကြီးနှင့်ခန္ဓာကိုယ်ထိတွေ့ခြင်း ကြောင့်ရရှိ
လာသော ကျန်းမာရေး အကျိုးကျေးဇူး မ်ား အကြောင်း)
ပဲဖြစ်ပါတယ်
ကျွန်တော်တို့ နေ့စဉ် ထိတွေ့နေရတဲ့ ကမ္ဘာမြေကြီးကနေ ကျန်းမာရေး အကျိုးကျေးဇူးတွေရရှိနိုင်တယ်ဆိုတာ သိကြပါသလား?
ကမ္ဘာမြေကြီး ( Ground ) နှင့် ခန္ဓာကိုယ် အစိတိတစ်ခုခုဖြင့် ထိခြင်းကို Grounding (သို့မဟုတ်)
Earthing လို့ ခေါ်ပါတယ်
Grounding (or) Earthing ပြုလုပ်ခြင်းဖြင့်
ခန္ဓာကိုယ်ရောင်ရမ်းမှုများလျော့ကျလာခြင်း
( Anti- inflammatory effects)
နာကျင်မှုများလျော့ကျလာခြင်း
စိတ်ဖိစီးမှာလျော့ကျစေနိုင်ခြင်း
သွေးလည်ပတ်မှု အားကောင်းစေခြင်း
ခန္ဓာကိုယ်စွမ်းအင် ရရှိခြင်း
နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်ခြင်း
ခုခံအားတက်စေနိုင်ခြင်း
စသည့်အကျိုးကျေးဇူးများရရှိနိုင်ပါတယ်
ကမ္ဘာမြေကြီး တွင် သဘာဝ ဓါတ်စွမ်းအားများစွာ
ရှိပါတယ် ၊ ကမ္ဘာမြေကြီးနှင့် ခန္ဓာကိုယ်ထိ
တွေ့လိုက်တဲ့ အခါ ထို သဘာဝ ဓါတ်စွမ်းအားများဟာ
ခန္ဓာကိုယ်တွင်းရှိ ဆဲလ်များအတွင်းသို့ ဝင်ကာ
ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိစေနိုင်
ပါတယ်
ကျွန်တော်တို့ ခန္ဓာကိုယ်တွင် free radicles လို့ခေါ်တဲ့
မော်လီကျုးတွေဟာ အများအပြားထွက်ရှိပါတယ်
ထို free radicals တွေဟာ
အဖိုဓါတ် ( postive charge) ရှိတဲ့အတွက်ခန္ဓာကိုယ်ရှိ
ဆဲလ္မ်ားဆီမွ electrons လို့ခေါ်တဲ့
အမဓါတ် ( Negative charge) ရှိသော မော်လီကျူး
တွေကို ဆွဲယူပါတယ်
ဒါကြောင့် elcetrons ဆွဲယူခြင်း ခံရေသာ
ဆဲလ္မ်ားဟာ ရောင်ရမ်းပျက်ဆီးခြင်း
ဖြစ်သွားကြပါတယ်
ကမ္ဘာမြေကြီးနှင့် ခန္ဓာကိုယ်ထိလိုက်တဲ့အခါ ကမ္ဘာမြေကြီးမှ electrons မ်ားစြာကို ခန္ဓာကိုယ်အတွင်းပို့ဆောင်ပေးပါတယ် ၊ ဒီ elcetrons တွေဟာ ဒုက္ခပေးသောfree radicals မ်ားကို ဖျက်ဆီးပေးပါတယ်
ဒါကြောင့် ခန္ဓာကိုယ်ရှိ ဆဲလ္မ်ား ရောင်ရမ်းခြင်း နည်းပါးသွားရခြင်းဖြစ်ပါတယ်
ကျွန်တော်တို့ ခန္ဓာကိုယ်ရှိ သွေးနီဥများမျက်နှာပြင်တွင် အမဓါတ်ရှိသော molecules မ်ား (Negative charge)
ဖြင့်ဖွဲ့စည်းထားပါတယ်
သွေးနီဥများ တစ်ခုနှင့်တစ်ခု သည် အမဓါတ် မော်လီကျူးများရှိခြင်းကြောင့် ဆဲလ် တစ်ခုခုနှင့်တစ်ခု
တွန်းကန်ကာ သွေးကြောအတွင်း သွေးမပြစ်အောင်ထိန်းထားပေးပါတယ်
ထိုတွန်းကန်အား (repulsive force) ကို zeta poetntial လို့ ခေါ်ပါတယ်
ကမ္ဘာမြေကြီးမှ zeta potential ကို သွေးနီဥ များမှရရှိနိုင်ခြင်းကြောင့် ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကို
ကောင်းစေနိုင်ပါတယ်
နှလုံးရောဂါဖြစ်ပွားမှုကို လျော့နည်းစေနိုင်ပါတယ်
ဒီလိုကျန်းမာရေးအကျိုးကျေးဇူးရရှိအောင် မိမိ၏ ခန္ဓာကိုယ်ကို မြေကြီးနှင့် ထိတွေ့ပေးရပါမယ်
ဥပမာ - ဖိနပ် မပါပဲ မြေကြီးပေါ် လှမ်းလျောက်ခြင်း
- မျက်ခင်းပြင်များတွင် လှဲလှောင်းခြင်း
-မြေကြီးဖြင့် ပြုလုပ်ထားသော
အသုံးအဆောင်များ ကိုင်တွယ်ခြင်း
- ကေလးမ်ားအား မြေကြီးပေါ်တွင် ဆော့ကစား
စေခြင်း
- မြေဖြင့် ပြုလုပ်ထားသော ကစားစရာများဖြင့်
ဆော့စေခြင်း စသည်နည်းလမ်းများသည်
ကမ္ဘာမြေကြီးနှင့် ခန္ဓာကိုယ်ထိစပ်နိုင်သော
နည်းလမ်းများဖြစ်ပါတယ်
..
မှတ်ချက်။ ကျန်းမာရေး ဗဟုသုတ အဖြင့်သာ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆေးပညာအရ ပိုမိုတိကျသော အချက်များ ရှိနိုင်ပါသည်။
မေတ္တာဖြင့်
ဒေါက်တာအောင်သူထွန်း
4.1.2021
Independence Day

15/06/2022

........................................................................................................................................
သင်္ဘောသီး နှင့် သွေးတိုးဆီးချို၊ ကျောက်ကပ်၊ ကင်ဆာရောဂါများ - အာဟာရဆိုင်ရာ သိကောင်းစရာ"
(unicode version)
၁၂လ ရာသီပတ်လုံးရနိုင်ပြီး ဈေးသင့်တော်တဲ့ အတွက် မြန်မာလူမျိုးတို့ အကြိုက် အချိုတည်းစရာလေးကတော့ သင်္ဘောသီးပါ။ ချိုမြတဲ့ အရသာ၊ စားချင်စဖွယ် အရောင် နဲ့ အနံ့ တို့ကြောင့် လူကြိုက်များပါတယ်။ ကိုယ်ခံအား ကောင်းစေဖို့ဆို သင်္ဘောသီးက ဆရာပါပဲ။ ဒီလို စားလို့ကောင်းပြီး ကျန်းမာရေးအတွက် အကျိုးရှိတဲ့ သင်္ဘောသီးကို ဘေးဥပဒ်မဖြစ်အောင် ဘယ်လိုစားကြမလဲ ဖတ်ကြည့်ကြရအောင်။
သင်္ဘောသီး (Papaya) - တစ်ခါစားစာ ပမာဏမှာ (ပို့စ်ရဲ့ ပထမဆုံး comment မှာ ပြပေးထားပါတယ်)
- ကယ်လိုရီ ၄၅ kcal ၊ ကစီဓာတ် (carbohydrate) ၁၁.၃ ဂရမ်၊ အသားဓာတ် ၀.၇ ဂရမ်၊ အဆီဓာတ် ၀ ဂရမ် နဲ့ အမျှင်ဓာတ် ၂.၃ ဂရမ် ပါဝင်ပါတယ်။
- ဗီတာမင်စီ ဓာတ် အထူးကြွယ်ဝစွာပါတာကြောင့် တစ်ခါစားပမာဏ စားပေးရုံနဲ့ တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်စီ ဓာတ်ကို လုံလုံလောက်လောက် ရရှိနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် A ဓာတ် နဲ့ ပိုတက်ဆီယမ်ဓာတ်တွေလည်း များစွာပါဝင်ပါတယ်။
- သင်္ဘောသီးစားခြင်းဟာ (၁) အသက်ကြီးလို့ မျက်စိမှုန်တာကို နှေးစေ (၂) ပန်းနာရင်ကျပ် သက်သာစေ (၃) ဆီးကျိတ်ကင်ဆာ အပါအဝင် ကင်ဆာရောဂါများကို ကာကွယ်နိုင် (၄) အရိုးကျန်းမာရေးကို အထောက်အကူပြု (၅) ဆီးချိုရောဂါကို သက်သာစေ (၆) ဝမ်းမှန်စေ (၇) ရောင်ရမ်းမှုကို သက်သာစေပြီး အနာကျက်မြန်စေကြောင်း သုတေသနတွေ အရသိရှိရပါတယ်။
"သင်္ဘောသီး နှင့် ဆီးချိုရောဂါ"
သင်္ဘောသီးဟာ အမျိုးအစား (၁) ဆီးချိုရောဂါ သာမက အမျိုးအစား (၂) ဆီးချိုရောဂါမှာပါ သွေးတွင်းအချိုဓာတ်ကို ထိန်းညှိပေးဖို့ သုံးပါတယ်။ ဒါပေမယ့် မှည့်လေ ဆီးချိတက်လေမို့ မစိမ်းမမှည့် ကြားအချိန်မှာ စားတာ အကောင်းဆုံး ဖြစ်ပါတယ်။
သင်္ဘောရွက်ဟာ ဆိုရင်လည်း အင်ဆူလင်ဓာတ်ကို ထိန်းညှိပေးလို့ ဆီးချိုထိန်းရာ မှာ အထောက်အကူ ပြုပါတယ်။ (တန်ဆေးလွန်ဘေးဖြစ်လို့ အလွန်အကျွံ ကြိုသောက်တာတွေတော့ မလုပ်သင့်ပါဘူး)
- တစ်နေ့ကို တစ်ခါစားစာ = ပုံတွင်ပြထားသော အတုံးအရွယ် ၂ တုံး
- တစ်ပတ်ကို ၂-၃ ကြိမ်
- ​ထမင်းနဲ့ အချိန်ခွာစားပါ။
- ဖျော်ရည်ထက် အသီးအတိုင်း စားတာပိုကောင်းပါတယ်။
"သင်္ဘောသီး နှင့် ကျောက်ကပ်ရောဂါ"
သင်္ဘောသီးမှာ ပိုတက်ဆီယမ် များတဲ့အတွက် ကျောက်ကပ်ဆေးရခါနီး အဆင့်လူနာတွေ ခဏရှောင်သင့်ပါတယ်။ ကျောက်ကပ်အားနည်းတဲ့ အဆင့် ၂/၃ မှာဆိုရင် သို့ ကျောက်ကပ်ဆေးနေပြီ ဆိုရင် စားလို့ရပါတယ်။
တစ်ခါစားပမာဏ - ပထမဆုံး comment ပုံတွင်ပြထားတာရဲ့ တစ်ဝက်ခန့် (၁ ပတ်ကို ၂ကြိမ်) စားလို့ရပါတယ်။
"သင်္ဘောသီး နဲ့ သွေးတိုး"
သင်္ဘောသီးဟာ အမျှင်ဓာတ်များလို့ သွေးတိုးကိုကျစေပြီး ဝမ်းမှန်စေပါတယ်။
တစ်နေ့ကို တစ်ခါစားပမာဏ အတိုင်း တစ်ပတ် ၃ ကြိမ်စားလို့ရပါတယ်။
"သင်္ဘောသီး နှင့် ကင်ဆာ"
သင်္ဘောသီးမှာ Lycopene လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ဓာတ်ပါတာကြောင့် ဆဲလ်ပျက်စီးမှုနဲ့ ဓာတ်တိုးမှုကို သိသိသာသာလျှော့ချပေးပြီး ကင်ဆာဆဲလ်တွေလည်း သေစေပါတယ် (ရင်သားကင်ဆာဆဲလ် တွေကို သေစေနိုင်တာကို သုတေသနမှာ တွေ့ရှိရပါတယ်)။ ဒါ့အပြင် သင်္ဘောစေ့ဟာ ဆီးကျိတ်ကင်ဆာဆဲလ်တွေ လျော့ပါးစေနိုင်တာကို လည်း တွေ့ရပါတယ်။ (ဒါပေမယ့် တန်ဆေးလွန်ဘေး ဖြစ်တဲ့ အတွက် အလွန်အမင်း ကျိတ်သောက်တာ သူချည်း ဖိစားတာတွေ မလုပ်ပဲ တစ်ခါစားစာ ပမာဏကိုပဲ နေ့တိုင်း စားပေးသင့်ပါတယ်)
အာဟာရမျှတအောင် သစ်သီးစုံစားပေးဖို့လည်း မမေ့ပါနဲ့နော်။
အစာလည်းဆေး ဆေးလည်းအစာဖြစ်လို့ အားလုံးကျန်းမာနိုင်ကြပါစေ။
မေတ္တာဖြင့်
Dr. ဆုမြတ်သဇင်
အာဟာရအထူးပြု ဆရာဝန်.......................................................................................................................................
“သင်္ဘောသီး နှင့် သွေးတိုးဆီးချို၊ ကျောက်ကပ်၊ ကင်ဆာရောဂါများ -
အာဟာရဆိုင်ရာ သိကောင်းစရာ"
(zawgyi version)
၁၂လ ရာသီပတ်လုံးရနိုင်ပြီး ဈေးသင့်တော်တဲ့ အတွက် မြန်မာလူမျိုးတို့ အကြိုက် အချိုတည်းစရာလေးကတော့ သင်္ဘောသီးပါ။ ချိုမြတဲ့ အရသာ၊ စားချင်စဖွယ် အရောင် နဲ့ အနံ့ တို့ကြောင့် လူကြိုက်များပါတယ်။ ကိုယ်ခံအား ကောင်းစေဖို့ဆို သင်္ဘောသီးက ဆရာပါပဲ။ ဒီလို စားလို့ကောင်းပြီး ကျန်းမာရေးအတွက် အကျိုးရှိတဲ့ သင်္ဘောသီးကို ဘေးဥပဒ်မဖြစ်အောင် ဘယ်လိုစားကြမလဲ ဖတ်ကြည့်ကြရအောင်။
သင်္ဘောသီး (Papaya) - တစ်ခါစားစာ ပမာဏမှာ (ပို့စ်ရဲ့ ပထမဆုံး comment မှာ ပြပေးထားပါတယ်)
- ကယ်လိုရီ ၄၅ kcal ၊ ကစီဓာတ် (carbohydrate) ၁၁.၃ ဂရမ်၊ အသားဓာတ် ၀.၇ ဂရမ်၊ အဆီဓာတ် ၀ ဂရမ် နဲ့ အမျှင်ဓာတ် ၂.၃ ဂရမ် ပါဝင်ပါတယ်။
- ဗီတာမင်စီ ဓာတ် အထူးကြွယ်ဝစွာပါတာကြောင့် တစ်ခါစားပမာဏ စားပေးရုံနဲ့ တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်စီ ဓာတ်ကို လုံလုံလောက်လောက် ရရှိနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် A ဓာတ် နဲ့ ပိုတက်ဆီယမ်ဓာတ်တွေလည်း များစွာပါဝင်ပါတယ်။
- သင်္ဘောသီးစားခြင်းဟာ (၁) အသက်ကြီးလို့ မျက်စိမှုန်တာကို နှေးစေ (၂) ပန်းနာရင်ကျပ် သက်သာစေ (၃) ဆီးကျိတ်ကင်ဆာ အပါအဝင် ကင်ဆာရောဂါများကို ကာကွယ်နိုင် (၄) အရိုးကျန်းမာရေးကို အထောက်အကူပြု (၅) ဆီးချိုရောဂါကို သက်သာစေ (၆) ဝမ်းမှန်စေ (၇) ရောင်ရမ်းမှုကို သက်သာစေပြီး အနာကျက်မြန်စေကြောင်း သုတေသနတွေ အရသိရှိရပါတယ်။
"သင်္ဘောသီး နှင့် ဆီးချိုရောဂါ"
သင်္ဘောသီးဟာ အမျိုးအစား (၁) ဆီးချိုရောဂါ သာမက အမျိုးအစား (၂) ဆီးချိုရောဂါမှာပါ သွေးတွင်းအချိုဓာတ်ကို ထိန်းညှိပေးဖို့ သုံးပါတယ်။ ဒါပေမယ့် မှည့်လေ ဆီးချိတက်လေမို့ မစိမ်းမမှည့် ကြားအချိန်မှာ စားတာ အကောင်းဆုံး ဖြစ်ပါတယ်။
သင်္ဘောရွက်ဟာ ဆိုရင်လည်း အင်ဆူလင်ဓာတ်ကို ထိန်းညှိပေးလို့ ဆီးချိုထိန်းရာ မှာ အထောက်အကူ ပြုပါတယ်။ (တန်ဆေးလွန်ဘေးဖြစ်လို့ အလွန်အကျွံ ကြိုသောက်တာတွေတော့ မလုပ်သင့်ပါဘူး)
- တစ်နေ့ကို တစ်ခါစားစာ = ပုံတွင်ပြထားသော အတုံးအရွယ် ၂ တုံး
- တစ်ပတ်ကို ၂-၃ ကြိမ်
- ​ထမင်းနဲ့ အချိန်ခွာစားပါ။
- ဖျော်ရည်ထက် အသီးအတိုင်း စားတာပိုကောင်းပါတယ်။
"သင်္ဘောသီး နှင့် ကျောက်ကပ်ရောဂါ"
သင်္ဘောသီးမှာ ပိုတက်ဆီယမ် များတဲ့အတွက် ကျောက်ကပ်ဆေးရခါနီး အဆင့်လူနာတွေ ခဏရှောင်သင့်ပါတယ်။ ကျောက်ကပ်အားနည်းတဲ့ အဆင့် ၂/၃ မှာဆိုရင် သို့ ကျောက်ကပ်ဆေးနေပြီ ဆိုရင် စားလို့ရပါတယ်။
တစ်ခါစားပမာဏ - ပထမဆုံး comment ပုံတွင်ပြထားတာရဲ့ တစ်ဝက်ခန့် (၁ ပတ်ကို ၂ကြိမ်) စားလို့ရပါတယ်။
"သင်္ဘောသီး နဲ့ သွေးတိုး"
သင်္ဘောသီးဟာ အမျှင်ဓာတ်များလို့ သွေးတိုးကိုကျစေပြီး ဝမ်းမှန်စေပါတယ်။
တစ်နေ့ကို တစ်ခါစားပမာဏ အတိုင်း တစ်ပတ် ၃ ကြိမ်စားလို့ရပါတယ်။
"သင်္ဘောသီး နှင့် ကင်ဆာ"
သင်္ဘောသီးမှာ Lycopene လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ဓာတ်ပါတာကြောင့် ဆဲလ်ပျက်စီးမှုနဲ့ ဓာတ်တိုးမှုကို သိသိသာသာလျှော့ချပေးပြီး ကင်ဆာဆဲလ်တွေလည်း သေစေပါတယ် (ရင်သားကင်ဆာဆဲလ် တွေကို သေစေနိုင်တာကို သုတေသနမှာ တွေ့ရှိရပါတယ်)။ ဒါ့အပြင် သင်္ဘောစေ့ဟာ ဆီးကျိတ်ကင်ဆာဆဲလ်တွေ လျော့ပါးစေနိုင်တာကို လည်း တွေ့ရပါတယ်။ (ဒါပေမယ့် တန်ဆေးလွန်ဘေး ဖြစ်တဲ့ အတွက် အလွန်အမင်း ကျိတ်သောက်တာ သူချည်း ဖိစားတာတွေ မလုပ်ပဲ တစ်ခါစားစာ ပမာဏကိုပဲ နေ့တိုင်း စားပေးသင့်ပါတယ်)
အာဟာရမျှတအောင် သစ်သီးစုံစားပေးဖို့လည်း မမေ့ပါနဲ့နော်။
အစာလည်းဆေး ဆေးလည်းအစာဖြစ်လို့ အားလုံးကျန်းမာနိုင်ကြပါစေ။
မေတ္တာဖြင့်
Dr. ဆုမြတ်သဇင်
အာဟာရအထူးပြု ဆရာဝန်
#ပြန်လည်မျှဝေသည်။
#မူရင်းရေးသားသူအား_လေးစားစွာဖြင့်Creditပေးပါသည်။
#မနီလာထွန်း

Want your practice to be the top-listed Clinic in Dagon?
Click here to claim your Sponsored Listing.

Category

Telephone

Address


No, 99 Yaw Min Gyi Road
Dagon
11191