Infinity Success MEP Engineering Co., Ltd
1/ Plumbing & Sanitary System
2/ Electrical Installation System
3/ ACMV Installation
4/ Fire
30/10/2025
သင်တန်းနားထားတော့ နဲနဲအားနေတဲ့အချိန်လေး
Site အတွေ့အကြုံမရှိတဲ့ ညီ/ညီမ များအတွက်တန်ဆောင်တိုင်လက်ဆောင်အနေနဲ့ Site ထဲမှာ M&E နဲ့ပက်သက်ပြီး လာလေ့လာချင်တဲ့သူတွေရှိရင် ပြောပါ
လက်တွေ့ရှင်းပြပေးပါ့မယ်
Site Location- Yangon
စိတ်ဝင်စားကြရင်ပြောပါ
အချိန်နဲ့ Site Location အတိအကျပြန်ပြောပါ့မယ် ..
Zoom နဲ့လည်း ရှင်းပြဖို့ အချိန်တချက်ကြည့်ပါအုံးမယ်
( P&S , ACMV )
22/09/2025
အိပ်မက် ….
၁၀ တန်းတုံးက Unit-7 မှာ သင်ခဲ့ရတဲ့ Dreams Do Come True ဆိုတာလေးကို သဘောကျမိ ..
အဲ့ထဲမှာ ပါတဲ့ ဇာတ်ကောင်ကလေးလေးက သူ့ရဲ့ ဆံပင်တွေ မီးခိုးရောင်သန်းသွားတဲ့အချိန်မှာ သူဖြစ်ချင်တဲ့ သူ့ရဲ့စိတ်ကူးအိပ်မက်လေးကို အကောင်အထည်ဖော်နိုင်ခဲ့တယ် ..
အခု ကိုယ်တွေလည်း စာသင် / M&E Contractor အလုပ်တွေဟာ ဘာလုပ်ရမှန်းမသိလို့ စ ခဲ့တဲ့ အလုပ်တွေမဟုတ်ပါဘူး ..
ကျောင်းပြီးတော့ Plastic Factory မှာ Operator နဲ့ ဝင်လုပ် စက်ရုံမှုးဖြစ်ချင်လိုက်တာလို့ စိတ်ထဲမတွေးခဲ့မိပါဘူး စက်ရုံပိုင်ရှင်ပဲ ဖြစ်ချင်ခဲ့တာ စက်တွေရဲ့တန်ဖိုးတွေ သိလိုက်ရတော့ ငါ့အနေနဲ့ မဖြစ်နိုင်လောက်ဘူးဆိုတာသ်ိပြီး အလုပ်ထွက်
အဲ့ကနေ Hotel Industry ထဲ ACE ရာထူးနဲ့ ရောက်
CE / GM တွေ မဖြစ်ချင်ခဲ့ပါဘူး ဟိုတယ် ပိုင်ရှင်ပဲ ဖြစ်ချင်ခဲ့တာ သူ့ရဲ့ Profit တွေမြင်နေရတာကိုး .
ဒါပေမဲ့ သေချာစဉ်းစားကြည့်တော့ ကိုယ်တွေအနေအထားနဲ့က မဖြစ်နိုင် ..
အဲ့လိုနဲ့ Construction လောကထဲ ရောက် .
အဲ့မှာ စ တွေ့တာက Sub Contractors တွေက လှေခါးလေး ၂ စင်း ၊ လူလေး ၄/၅ ယောက် ၊ Hand Tools လေး အနည်းငယ်နဲ့ လုပ်ကြတာတွေ့တော့
ဟာ ငါလုပ်ချင်တဲ့ လုပ်လို့ရနိုင်တဲ့ ကိုယ်ပိုင်အလုပ်တော့ တွေ့ပြီဆိုပြီး စိတ်ကူးယဉ်ခဲ့ ..
နောက်ထပ်တွေးလိုက်တာက Clients or Main Con တွေအနေနဲ့ ရိုးရိုး Contractor နဲ့ အင်/ယာ Contractor ယှဉ်လာရင် အင်/ယာ ပဲ ရွေးမယ်ပေါ့
အင်/ယာ အင်/ယာ ချင်း ယှဉ်ရင်တော့ နိုင်ငံခြားပြန်ကို ပိုရွေးနိုင်တယ်ပေါ့ အဲ့လိုနဲ့ စလုံးကို ထွက်လာဖြစ်ခဲ့လိုက်တာပါ မသွားခင်ကတည်းက တချိန်ချိန်ကြရင် ပြန်လာပြီး ဒီအလုပ်ကို လုပ်မယ်စိတ်ကူးထားခဲ့တာပါ ..
နောက် စာသင်တဲ့အလုပ်
ရန်ကုန်ထက် PKU / TGI မှာ Regular Class တွေဖွင့်ချင်ခဲ့တာ ရည်ရွယ်ချက်က ကျောင်းပြီးတာနဲ့ ရန်ကုန်သွားရမယ် သင်တန်းတက်ရမယ်ဆိုတဲ့ ကုန်ကြစာရိတ်ကြီးကို ရှော့ချစေချင်တာ နောက်ပြီး တဖက်က Contractor အလုပ်လုပ်နေတာဖြစ်တဲ့ အတွက် သင်တန်းထဲက တော်တဲ့ကလေးတွေ စိတ်ဝင်စားတဲ့ကလေးတွေကိုလည်း အလုပ်ပေးနိုင်မယ် ကိုယ်ကိုတိုင် Train ထားတဲ့အတွက် စိတ်ချရတယ်ပေါ့ .. ( Regular Class စိတ်ကူးကတော့ အခုထိ အကောင်အထည် မဖော်ဖြစ်သေး ၊ လောလောဆယ်တော့ Online အနေနဲ့ပဲ )
အခုလည်း နောက် ထပ် နောက် ထပ် ထပ်ချဲ့ဖို့ စိတ်ကူး အိပ်မက်လေးတွေ ရှိရဲ့ ..
တနေ့ပေ့ါလေ …
မဝေးတော့ပါဘူး …
12/08/2025
ကျွန်တော်ကြုံတွေ့ ခဲ့ရတဲ့ Interview အတွေ့အကြုံအချို့နှင့် Interview အတွက်ဆောင်ရန် ရှောင်ရန် အချို့
( Junior ညီ/ညီမ ငယ်များအတွက် )
ပထမဆုံးပြောပြချင်တာက မြန်မာပြည် ဟိုတယ်မှာလုပ်ဖို့အတွက် ဖြေခဲ့ရတဲ့ Interview
ပထမဆုံးတွေ့ရတာက ပြင်သစ်လူမျိုး GM ရယ် နောက် မြန်မာမန်နေဂျာတယောက်ရယ် မေးတာက မင်းအခုဘယ်မှာအလုပ်လုပ်နေလည်းတဲ့ ကိုယ်တွေနားလည်တာက မင်းဘယ်ကနေလမ်းလျှောက်လာလည်းလို့ နားလည်တာ😁😁 Walk နဲ့ Work နဲ့မှားပုံ 😁😁ဘာလို့မေးပါလိမ့်ပေါ့ စဉ်းစားလိုက်ရတာ နောက် သူ့ကိုသေချာထပ်မေးမှ နားလည်သွားတယ် 😁😁 သူတို့နဲ့ View ပြီးတော့ သူဌေးနဲ့တွေ့ရတယ် သူက မင်းကဘယ်ကလည်း မင်းမိဘကဘာလုပ်တာလည်းတဲ့ ကျွနိတော်က ညောင်ဦးဘက်ကပေါ့ မိဘတွေကတော့ မြေပဲတို့ နှမ်းတို့ စိုက်တဲ့တောင်သူလို့
အဲ့ဒါနဲ့ ဘယ်အချိန်တွေမှာစိုက်ရပြီးတော့ တဧက ကိုဘယ်လောက်ထွက်လည်းတဲ့
ကိုယ်တွေလညိးသေချာလေးရှင်းပြလိုက်ပါတယ် ( ခေါာ်တာက ACE နဲ့ပါ 😄😄) ဖြေလည်းပြီးရော သူဌေးက ဟိုတနေ့က Account တယောက်ကို အင်တာဗျူးမှာမေးတယ်တဲ့ သူ့မိဘတွေကခရမ်းချဉ်သီးစိုက်တယ်တဲ့ ဒါပေမဲ့ သေချာမရှင်းပြတတ်ဘူးတဲ့ သူ့ကို ကျောင်းတွေထားပြီး ဒီအသက်အရွယ်ရောက်အောင် ကျွေးခဲ့တဲ့ အလုပ်ကိုတောင် ဂရုမစိုက်ရင် ငါ့အလုပ်ကို သူ့လက်ထဲ ဘယ်လိုထည့်ရမလည်းတဲ့ သူဌေးတယောက်ရဲ့အတွေးပါ..
အဲ့အလုပ်ရခဲ့ပါတယ်😁😁
သင်ခန်းစာ- Eကို သေချာလေးလေ့လာထားပါ နားမလည်ခဲ့လျှင်နားလည်တဲ့အထိမေးပါ. Interview တဲ့အချိန်မှာ လေးလေးစားစားသေသေချာချာလေးဖြေပါ. ငါနဲ့မဆိုင်တာတွေမေးတယ်ဆိုပြီး ပေါ့ပေါ့တန်တန်မဖြေပါနဲ့
ဒုတိယပြောပြချင်တာက စလုံးမှာရတဲ့ ပထမဆုံး Interview အကြောင်း
CV တွေကောင်းအောင်ရေးဆိုတော့ သူငယ်ချင်းတွေစီကနေပြီး Copy တွေ လုပ် Duty&Responsibility တွေကို
Interview ကြမေးပါလေရော ဖတ်တော့ဖတ်ထားတာပဲ ဒါပေမဲ့ ဘယ်ကောင်းကောင်းပြောတတ်လိမ့်မလည်း
ထစ်တီးထစိငေါ့နဲ့ပေါ့အဲ့အလုပ်မရခဲ့ပါ😁😁
သင်ခန်းစာ - ကိုယ့်ရဲ့ CV ထဲမှာ ရေးထားတာတွေကိုတော့ အလွတ်ရအောင် ကျက်ထားပါ
နောက်ပြီး သူတို့ဘာတွေမေးလာခဲ့ရင် ငါဘယ်လိုဖြေမယ်ဆိုတာတွေကို Interview သွားခါနီးမှာ စဉ်းစားထားပါ ( ကိုယ့်ရဲ့ဘာသာစကားမဟုတ်တဲ့အတွက်ကြောင့်ပါ )
နောက်ဆုံး ကြုံခဲ့ရတဲ့ Interviewမှာ သူဌေးက ဘာမေးလည်းဆိုရင် မင့်ကို ခန့်လိုက်ပြီ မင်းက ငါ့အတွက်ဘာလုပ်ပေးနိုင်မလည်းတဲ့
ဖြေခဲ့တာကတော့ မင့်အတွက် အမြတ်ကျန်နိုင်သမျှ ကျန်အောင် ငါလုပ်ပေးမယ် ငါကြိုးစားပေးမယ်လို့ ဖြေခဲ့ပါတယ် သူသဘောကျခဲ့ပါတယ် သူလိုချင်တဲ့အဖြေဟာလည်း အဲ့ဒါပါပဲ
Interview ဝင်ဖို့အတွက်အခြေခံအချက်လေးတွေပါ
၁/အင်တာဗျူး ခေါာ်တဲ့အချိန်ထက်စောရောက်အောင်သွားပါ
၂/၃ ရက်လောက်ကြိုသိခဲ့ရင် အချိန်ရရင် သွားရမဲ့နေရာကို ကြိုသွားကြည့်ပါ ( အချိန်ခန့်မှန်းလို့ရအောင် )
၃/ ခေါာ်တဲ့Company ရဲ့ Data တွေရအောင်စုံစမ်းထားပါ ( ဘယ်အချိန်မှာ စထူထောင်တယ် အလုပ်က ဘာအမျိုးအစား ဘယ်သူပိုင်တယ် စသဖြင့် )
၄/ ဝတ်တဲ့အဝတ်အစား Smart ကျနေပါစေ ( ဒီမှာကတော့ လုံချည်/ ပုဆိုး နဲ့ အစဉ်ပြေပါတယ် စလုံးမှာဆိုရငိတော့ လက်ရှည် စတိုင်ပင် Shoe , အနံ့ပြင်းတဲ့ရေမှွေးတွေမသုံးသင့်)
၅/ CV Hard Copy တစုံဆောင်သွားပါ ( Passport Photo ပါ အပါပေါ့ )
၆/ Interview ခနိးထဲရောက်ရင် သူတို့ထိုငိဆိုမှ ထိုင်ပါ
၇/ သက်တောင့်သက်သာအနေအထား ထိုင်နေပြီးတော့ အိတ်တွေဘာတွေ လွယိထားတာ ဘော့ပင် ကိုင်နေတာ မလုပ်ပါနဲ့
၈/ မေးတဲ့လူကိုပဲ အာရုံစိုက်ပြီး ကြည့်ပါ မရှင်းရင် သေချာထပ်မေးပါ
၉/ Phone ကို Silent လုပ်ထားပါ
၁၀/ဘာတွေမေးနိုင်လည်းဆိုတာကို ကြိုပြီးစဉ်းစားထားပြီး ဘယ်လိုဖြေရမလည်းဆိုတာတွေကိုပါ တွေးထားပါ ( မိခင်ဘာသာစကားမဟုတ်ရင် အခက်အခဲဖြစ်နိုင် )
၁၁/ဘာမေးစရာရှိလည်းလို့မေးလာခဲ့ရင် Company နဲ့ပက်သက်တဲ့အကြောင်းနဲ့ ကိုယ်လုပ်ရမဲ့တာဝန်တွေကို ပြန်မေးပါ
၁၂/Interview ပြီးလို့အိမ်ရောကိတာနဲ့ SMS or Mail ပို့ပါ အင်တာဗျူးခေါာ်လို့ ကျေးဇူးတင်တဲ့အကြောင်း
အမေးများကြတဲ့မေးခွန်းလေးတွေကတော့
1/ Why would you like to work here
2/ Why should we choose you?
3/ Tell me about yourself , စသဖြင့်ပေါ့လေ
အလုပ်အကိုင်အခွင့်အလမ်းတွေ အစဉ်ပြေကြပါစေ........
04/12/2024
ဝန်ထမ်းခေါာ်ယူခြင်း ..
၁/ M&E Drafter = ၁ ဦး( M/F)
P&S , Electrical ပိုင်း အဓိက ဆွဲတတ်ရပါမည်
Design Concept & Guide Line ပြောပေးပါ့းးမယ် Auto CAD ကောင်းမွန်စွာသုံးတတ်ပြီး M&E Drawing ဆွဲဘူးတဲ့အတွေ့အကြုံရှိရင်ရပါတယ်
၂/ ရေ မီး ကျွမ်းကျင် = ၂ ဦး ( ရန်ကုန်ဆိုဒ် )
၃/ ရေမီး အကူ = ၂ ဦး ( ရန်ကုန်ဆိုဒ် )
Viber - 09750149360
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Aung Myint Moh Road
Dagon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |