Pastor Morris Chit

Pastor Morris Chit

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pastor Morris Chit, Religious Center, Yangon Adventist Seminary, 34 Natmauk Lane 1, Bo Cho 2, Tarmway, Yangon, Dagon.

08/05/2026

“🍀အတွေးတွေလှပလာတဲ့အခါ….”🍀

အရာအားလုံးဟာ အတွေးတွေကနေ စတင်ပါတယ်..။ ဘာလေးပဲလုပ်လုပ်လုပ်..ပြောပြော.. ကိုယ်တွေးလိုက်တဲ့အတွေးအတိုင်း ပြုမူပြောဆိုမိတတ်ကြပါတယ်..။ ဒါကြောင့် ကိုယ့်ရဲ့အတွေးလေးတွေကို အမြဲသတိထားဖို့လိုပါတယ်..။

လူတစ်ယောက်ကို ချစ်တာကလည်း ကိုယ့်ရဲ့အတွေးထဲမှာ သူက ချစ်စရာကောင်းနေလို့… လူတစ်ယောက်ကို မုန်းနေတာကလည်း ကိုယ့်အတွေးထဲမှာ သူဘာလုပ်လုပ် မုန်းစရာကောင်းနေလို့ဖြစ်ပါတယ်…။

ကိုယ့်ဘဝလေးက ကျေနပ်စရာ.. နေပျော်စရာကောင်းလိုက်တာ လို့ တွေးလိုက်မိတဲ့အခါမှာလည်း ကိုယ်နဲ့ထိတွေ့ဆက်စပ်သမျှ အရာရာဟာ ကျေနပ်ပျော်ရွှင်စရာလေးတွေပဲဖြစ်နေတတ်ပါတယ်..။

ငါ့ဘဝက ကံဆိုးလိုက်တာ.. ဘာလုပ်လုပ် အဆင်မပြေဘူး.. မအောင်မြင်ဘူး.. သိပ်ဆိုးတဲ့ဘဝလို့ တွေးနေမိပြီဆိုရင်..ကိုယ့်ဘဝဟာ တကယ်ကို နေပျော်စရာမကောင်းတဲ့ဘဝပဲဖြစ်လာတော့မှာပါ..။

ကိုယ့်ရဲ့အတွေးတွေကို သေသေသေချာချာ သတိလေးနဲ့ စောင့်ကြည့်တတ်လာတဲ့အခါ ကိုယ်တွေးလိုက်မိတဲ့ အတွေးပုံစံကို ပြင်ဆင်ယူလို့ရနိုင်ပါတယ်..။ အလေ့အကျင့်ကလေးပဲ လိုတာပါ..။

ကိုယ့်ရဲ့စိတ်ဟာ အထိန်းအသိမ်းမတတ်ရင် ကိုယ့်အပေါ် စိတ်တိုင်းကျ ဗိုလ်ကျလွှမ်းမိုးအနိုင်ယူတတ်သလောက် ကိုယ်က ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်နိုင်လာတဲ့အခါ ကိုယ့်စိတ်တိုင်းကျ လိုသလို ပုံသွင်းပြုပြင်ယူနိုင်လာပါလိမ့်မယ်..။ စိတ်ကိုအောင်နိုင်လာခြင်းဟာ ဘဝကို အောင်နိုင်လာတာပဲဖြစ်ပါတယ်..။

ကျွန်မတို့ရဲ့အတွေးပုံစံလေးတွေကို ပြောင်းကြည့်ပေးပါ…။ အဖြစ်အပျက်တစ်ခုကို လှပအောင် တွေးကြည့်လိုက်ရင် ကိုယ့်အတွေးလေးတွေ လှပလာတဲ့အခါ ကိုယ်လည်းစိတ်ချမ်းသာရပါတယ်..။ ဒီအဖြစ်အပျက်တစ်ခုတည်းကိုပဲ ရုပ်ဆိုးအကျည်းတန်အောင် မကျေနပ်စွာ တွေးလိုက်ရင် ကိုယ့်အတွေးတွေ ပုံပျက်ရုပ်ဆိုးပြီး ကိုယ်ပဲ စိတ်ဆိုးဒေါသထွက်နာကျင်ရတာဖြစ်ပါတယ်…။

ဥပမာလေးပြောပြရရင်.. ကိုယ်ချစ်ခင်မြတ်နိုးရတဲ့သူတွေကပဲဖြစ်စေ.. ကိုယ့်ရဲ့ လုပ်ဖာ်ကိုင်
ဖက်တွေကပဲဖြစ်စေ..ကိုယ်နဲ့မရင်းနှီးတဲ့ သူစိမ်းတွေကပဲဖြစ်စေ… ကိုယ့်အပေါ် စိတ်ဆိုးမာန်ဆိုး
ရန်လိုတိုက်ခိုက်လာတဲ့အခါမျိုးမှာ ကိုယ့်ရဲ့အတွေးပုံစံအဟောင်းအတိုင်းဆိုရင် သူနဲ့အပြိုင်ဖက်ပြီး ဒေါသတကြီးရန်လိုတုံ့ပြန်မိမှာသေချာပါတယ်..။

ဒါပေမယ့်ကိုယ့်ရဲ့အတွေးပုံစံလေးကို အလေ့အကျင့်လေးလုပ်ထားတဲ့အခါ မကောင်းတဲ့အာရုံနဲ့တွေ့ကြုံရတဲ့အခါ.. အတွေးပုံစံကို ပြောင်းယူလိုက်ပါတယ်..။ သူ့ရဲ့ဒေါသဟာ ကိုယ်နဲ့မဆိုင်ဘူး.. သူလာပေးသမျှ ပြဿနာကို ကိုယ်လက်မခံဘူး… သူဒီလို ဒေါသတကြီးရန်လိုတိုက်ခိုက်ရတာဟာ.. သူ့မှာလည်း စိတ်မချမ်းသာစရာ ပြဿနာတွေ..စိတ်ဒဏ်ရာတွေရှိနေလို့ဖြစ်မှာပါ… သူစိတ်အဆင်မပြေဖြစ်နေချိန်မှာ ထိပ်တိုက်မတွေ့တာကောင်းပါတယ်… လို့ ပြောင်းတွေးလိုက်တဲ့အခါ… သူ့ရဲ့စိတ်ဆိုးဒေါသနဲ့ ထိပ်တိုက်ရင်မဆိုင်ဘဲ အေးအေးဆေးဆေး ရှောင်ထွက်နိုင်လာပါတယ်..။

အတွေးလှတဲ့သူတွေက ကြည့်လိုက်ရင် အဆင်မပြေလည်း ပျော်ပျော်ရွှင်ရွှင်ကလေးပဲ ပြုံးနေနိုင်အောင်ကြိုးစားတတ်ပါတယ်..။ ကိုယ့်အတွေးတွေက ကိုယ့်ဘဝကို ပုံဖော်ဖန်တီးတတ်တာမို့ အတွေးတွေ လှပလာတဲ့အခါ ဘဝကလည်း လှပသက်ဝင်လာစေပါတယ်..။

ဒါကြောင့် ဘာလေးပဲတွေးတွေး.. ကောင်းတဲ့ဖက်က လှတဲ့ဖက်ကနေ တွေးပေးတတ်တဲ့အလေ့အကျင့်လေး လေ့ကျင့်ယူစေချင်ပါတယ်..။ ကိုယ့်ဘဝလည်း လှပလာမှာ သေချာနေလို့ဖြစ်ပါတယ်…။

#လွန်းထားထား

ဆရာမလွန်းထားထားရဲ့ ထွက်ရှိပြီးစာအုပ်များ ဝယ်ယူလိုပါက စာအုပ်မှာရန်လင့်ခ် ⁨https://www.facebook.com/share/1YYkCKrzNq/?mibextid=wwXIfr⁩ ကနေ မှာယူနိုင်ပါတယ်။

#အတွေးတွေလှပလာတဲ့အခါ
#စိတ်ရှင်းရင်ဘဝရှင်းပါတယ်

07/05/2026
Want your place of worship to be the top-listed Place Of Worship in Dagon?
Click here to claim your Sponsored Listing.

Website

Address


Yangon Adventist Seminary, 34 Natmauk Lane 1, Bo Cho 2, Tarmway, Yangon
Dagon